ခွင့်ပြုချက်မရှိဘဲ လက်ပစ်ဗုံးသယ်လာသော ဗိုလ်ကြီးတစ်ဦးကို တပ်မတော်သို့ လွှဲပြောင်းခဲ့ဟုဆို

မူးယစ်ဆေးဝါးသတင်း ရရှိသဖြင့် စောင့်ဆိုင်းဖမ်းဆီးစဉ် တပ်မတော် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး မောင်းနှင်လာသော ယာဉ် အတွင်းမှ ခွင့်ပြုချက်မရှိဘဲ သယ် ဆောင်လာသည့် လက်ပစ်ဗုံးတစ် လုံးကို စိစစ်တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ် ဦးက ပြောသည်။

စက်တင်ဘာ ၁၃ ရက် နေ့ လယ်က ချမ်းမြသာစည်မြို့နယ် ၆၄ လမ်းနှင့် သရဖီလမ်းထောင့် တွင် မူးယစ်ဆေးဝါးသတင်းအရ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေး ရာ  ယာဉ်စတီယာရင်အောက် အံခွက်အတွင်းမှ အစိမ်းရောင် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့ သည်။

      ‘‘ဒီအတိုင်းတော့ ကိုင်ဆောင် ခွင့်မရှိဘူး။ ဒါပေမဲ့ သူလာတဲ့ နယ်မြေက တန့်ယန်းဘက်ကဖြစ် တယ်။ လမ်းကြောင်းစိတ်မချရတဲ့ နယ်မြေဆိုတော့ သူ့ဘာသာသူ ဆောင်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အသက်အန္တရာယ် ကာကွယ်ဖို့ ဖြစ်ကောင်းဖြစ်နိုင် ပေမယ့် စစ်စည်းကမ်းအရတော့ ဆောင်ခွင့်မရှိဘူး’’ဟု အထက်ပါ ရဲအရာရှိက ပြောသည်။

အဆိုပါ လက်ပစ်ဗုံးတွေ့ရှိ မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် အမှု ဖွင့်ထားခြင်းမရှိသော်လည်း တပ် မတော်ဘက်သို့ လွှဲပြောင်းပေးပြီး စစ်စည်းကမ်းဥပဒေအရ ဆက်လက်စစ်ဆေး အရေးယူဖွယ်ရှိ ကြောင်း ၎င်းက ပြောသည်။

Top News