ငြိမ်းချမ်းရေးမရှိ၍ လူကုန်ကူးမှုပိုမိုဖြစ်ပေါ်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ပြောကြား

 ပြည်တွင်းငြိမ်းချမ်းရေးမရှိ ၍ လူကုန်ကူးမှုများ ပိုမိုဖြစ်ပွားနေ ပြီး လူကုန်ကူးမှုလျော့ကျရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုကို အလေး ထားလုပ်ဆောင်ရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။

‘‘ပြည်တွင်းငြိမ်းချမ်းမှသာ လျှင် လူမှုဘဝ တည်ငြိမ်အေးချမ်း ပြီး လူကုန်ကူးမှု အန္တရာယ်ကနေ  ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် လူကုန်ကူးမှု လျော့ကျ စေရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အလေးထား ဆောင်ရွက်သွားကြ ရမှာဖြစ်ပါတယ်’’ဟု ၎င်းကပြော သည်။

စက်တင်ဘာ ၁၃ ရက်က မုံရွာမြို့ မြို့တော်ခန်းမတွင် ကျင်း ပသော ပဉ္စမအကြိမ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ၌ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က အထက်ပါအတိုင်း ပြောကြား သည်။

လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အထူး အရေးပါသော ကဏ္ဍဖြစ်ပြီး စစ် မက်ဖြစ်ပွားမှုများသည် နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ ပညာရေးဖွံ့ဖြိုး တိုး တက်မှုတို့ကို အဟန့်အတား ဖြစ် စေကြောင်း ဝန်ကြီးချုပ်က ဆို သည်။

စားဝတ်နေရေး အကျပ် အတည်းများကြောင့် အနယ်နယ် အရပ်ရပ်သို့ ရွှေ့ပြောင်းလုပ်ကိုင် နေရသူများသည် လူကုန်ကူးမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီး ပညာမသင်ရမှုသည် လူကုန်ကူး ခံရနိုင်ဖွယ် အခြေအနေကို မြင့် တက်စေကြောင်း ဒေါက်တာမြင့် နိုင်က ပြောသည်။

လူကုန်ကူးမှု တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၄)၊ မုံရွာတပ်ဖွဲ့စုမှူး ရဲမှူးဝင်းကိုကို က ‘‘ပြီးခဲ့တဲ့နှစ်တွေမှာ လူကုန်ကူး မှုတွေ ဖြစ်ခဲ့တယ်။ ဒီနှစ်အတွင်း မှာ လူကုန်ကူးမှုနှစ်မှုနဲ့ ပြည်ပ အလုပ်အကိုင်သုံးမှု အရေးယူ ဆောင်ရွက်ထားတာရှိပါတယ်။ တဖြည်းဖြည်းနဲ့ လျော့နည်းသွား အောင် ဆောင်ရွက်နေပါတယ်။ အသိပညာပေး ဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ လက်ကမ်းစာစောင်တွေပေးပြီး အသိပညာပေး မျှဝေပေးတဲ့ လုပ် ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်နေပါတယ်’’ ဟု ပြော ကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၇ အတွင်း ကသာ၊ ကလေး နှင့် ရွှေဘိုမြို့နယ်တို့၌ လူကုန် ကူးမှုများ ဖြစ်ပွားပြီး ယင်းမြို့ နယ်များတွင် လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာ ပေး လုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်နေကြောင်း ရဲမှူးဝင်းကိုကို က ပြောသည်။

More in Regional Section