သံလွင်နှင့် ဒုဋ္ဌ၀တီမြစ်ရေမြင့်တက်လာ၍ ရေဘေးသတိပေးချက် ထုတ်ပြန်

စစ်တောင်းမြစ်ရေ ပြန် လည်ကျဆင်းနေသော်လည်း စိုး ရိမ်ရေမှတ်အောက် မရောက် သေးမီ သံလွင်နှင့် ဒုဋ္ဌ၀တီမြစ်ရေ မြင့်တက်လာ၍ မြစ်ကမ်းဘေးမြို့ နယ်များကို မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ရေဘေးသတိပေးချက် ထုတ်ပြန် ထားသည်။


 စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေခြင်းသည် တစ်ပတ်ခန့်ရှိပြီး စက်တင်ဘာ ၁၃ ရက်က စတင်ကာ ပြန်လည် ကျဆင်းနေသည်။ သို့သော် စိုးရိမ် ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်နေသေးသည်။ ယင်း အခြေအနေ၌ မြန်မာနိုင်ငံ ဒေသ အချို့နေရာကွက် မိုးကောင်း၍ သံလွင်မြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေ ပြန်တိုးလာသည်။

စက်တင်ဘာ ၁၃ ရက် တိုင်း တာချက်အရ သံလွင်မြစ်ရေသည် နောက်သုံးရက်အတွင်း ဘားအံ မြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက် နိုင်ကာ ဒုဋ္ဌ၀တီမြစ်ရေသည် နောက်နှစ်ရက်အတွင်း မြစ်ငယ် မြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ် ရေသည် အနည်းငယ် တိုးလာ သော်လည်း ယခုတစ်ကြိမ်တွင် စိုးရိမ်ရေမှတ်သို့ မရောက်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

တစ်ကျော့ပြန် ရေကြီးနစ် မြုပ်မှု ရင်ဆိုင်ခဲ့ရသော ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အ တွင်း မြန်မာနိုင်ငံ ဒေသအနှံ့တွင် လူဦးရေသုံးသိန်းကျော် ရေဘေး ရင်ဆိုင်ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်ထားသည်။

More in News Section

Top News