မိတ်ဆွေသူငယ်ချင်းတွေ မရှိဘူးလို့ ခံစားရတယ်ဆိုတဲ့ ဆယ်လီနာဂိုမက်ဇ်

 အမေရိကန်အဆို တော် ဆယ်လီနာဂိုမက်ဇ်က  အောင်မြင်ကျော်ကြားသူ ဖြစ် သော်လည်း မိတ်ဆွေများမရှိသ ကဲ့သို့ ခံစားရကြောင်းပြောကြား သည်။

အသက် (၂၅) နှစ်အရွယ် ဆယ်လီနာက ‘‘ကျွန်မအားလုံးကို ရင်းနှီးပါတယ်။ ဒါပေမဲ့ တကယ့် မိတ်ဆွေသူငယ်ချင်းတွေ မရှိဘူး လို့ ခံစားရတယ်။ ဘယ်ကိစ္စမဆို ရင်ဖွင့်လို့ရတဲ့ မိတ်ဆွေကောင်း သုံးယောက်လောက် လိုချင် တယ်။ ကိုယ့်ကို ချစ်ခင်လေးစား တဲ့ မိတ်ဆွေ၊ ကိုယ့်ကို နားလည် ပေးနိုင်တဲ့ မိတ်ဆွေတွေရှိဖို့တော့ လိုအပ်တယ်’’ ဟု အင်တာဗျူးတစ် ခုတွင် ပြောကြားသည်။

ဆယ်လီနာသည် ဂီတလော ကတွင် ပရိသတ်အားပေးမှု အ များအပြား ရရှိထားသကဲ့သို့  အင်စတာဂရမ်နှင့် တွစ်တာတို့တွင် Follower အများဆုံး အနုပညာ ရှင်များအနက် တစ်ဦးဖြစ်သည်။

ထို့အပြင် ဆယ်လီနာက လူမှု  မီဒီယာသုံးစွဲခြင်းက မိတ်ဆွေ များနှင့် ဆက်သွယ်နိုင်သည့် အ ကောင်းဆုံး နည်းလမ်းတစ်ခုဖြစ် သော်လည်း အချိန်ကြာလာပါက တကယ့်လက်တွေ့ဘဝ၌ မိတ် ဆွေများနှင့် တဖြည်းဖြည်းဝေး ကွာလာနိုင်ကြောင်း ပြောသည်။

လက်ရှိတွင် ဆယ်လီနာ သည်  တတိယမြောက်  သီချင်းအယ်လ်ဘမ်အတွက် ပြင်ဆင်နေ သည်။        Ref; Contactmusic