မွေးနေ့မှာ ဖြန့်ချိမယ့် စိုးပြည့်သဇင်ရဲ့ သီချင်းသစ်တစ်ပုဒ်

စက်တင်ဘာ ၂၂ ရက် တွင် ကျရောက်မည့် မွေးနေ့အ မှတ်တရအဖြစ် မိဘမေတ္တာဘွဲ့ သီချင်းတစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိရန် စီစဉ်ထားကြောင်း စိုးပြည့်သဇင်က ပြောသည်။

‘‘စိုးပြည့်က အချစ်သီချင်း တွေပဲ ဆိုတာများတယ်။ မိဘ မေတ္တာနဲ့ ပတ်သက်ပြီး ပထမဆုံး ဆိုဖြစ်တာ။ တစ်ခါမှ မဆိုဖူးဘူး။ ဒီသီချင်းထဲမှာ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာတရားအကြောင်းတွေ ပါ တယ်။ သီချင်းနာမည်က ‘အနှိုင်းမဲ့ရင်ခွင်’ပါ’’ဟု ၎င်းက ပြောသည်။

ယင်းသီချင်းကို တေးရေး ညီမင်းခိုင်က ရေးစပ်ပေးထားပြီး စက်တင်ဘာ ၂၂ ရက်တွင် Myan-mar Music Store အပါအဝင် အွန်လိုင်းစတိုးများမှ ဖြန့်ချိမည် ဟု စိုးပြည့်သဇင်က ဆိုသည်။

လတ်တလောတွင် တတိယ စီးရီးခွေ စီစဉ်နေပြီး စန္ဒီမြင့်လွင်နှင့် ညီအစ်မနှစ်ဦးပေါင်း၍ သီချင်းတစ်ပုဒ်ကို လာမည့် လအတွင်း ထပ်မံဖြန့်ချိရန်လည်း စီစဉ်နေ သည်။

‘‘မွေးနေ့ကတော့ ပုံမှန်ပါပဲ။ နှစ်တိုင်း မွေးနေ့ကို စိုးပြည့်ကို ချစ်တဲ့သူတွေ၊ ပရိသတ်တွေနဲ့ပဲ အလှူအတန်းတွေ လုပ်ရင်းဖြတ် သန်းဖြစ်ပါတယ်’’ဟု ပြောသည်။

ရုပ်ရှင်ဇာတ်ကားများ ရိုက် ကူးရန် လက်ခံထားသော်လည်း လတ်တလောတွင် စာမေးပွဲနီးနေ သောကြောင့် ပညာရေးကို အာရုံစိုက်နေကြောင်း စိုးပြည့်သဇင်က ပြောသည်။  ‘‘တတိယနှစ် မြန်မာစာအဝေးသင်စာမေးပွဲဖြေရမှာ ပါ’’ဟု ၎င်းကပြောသည်။