ဇာတ်သဘင်ပညာရပ်များ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေး ကော်မတီဖွဲ့စည်း

 ဇာတ်သဘင်ပညာရပ် များ ထိန်းသိမ်းမြှင့်တင် ပြန့်ပွား ရေးကော်မတီကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း မြန်မာ နိုင်ငံ သဘင်ပညာရှင်များအစည်း အရုံး(ဗဟို)ဒုဥက္ကဋ္ဌ(၁) ဦးနေဝင်း က ပြောသည်။

‘‘ဇာတ်သဘင်ပညာရပ်တွေ ကို ဘယ်လိုထိန်းသိမ်းကြမလဲ၊ နောက်ပိုင်း ဇာတ်တော်တွေ ဘယ်လိုကမလဲ၊ အော်ပရာတွေ၊ နှစ်ပါးတွေ ဘယ်လိုကမလဲ။ စတိတ်ရှိုးဆိုလည်း ဆိုတာဆို ပေါ့။ ဘယ်လို ထိန်းထိန်းသိမ်း သိမ်းလုပ်မလဲ။ အဲဒါတွေကို ကော်မတီကနေ အခြေခံစည်း မျဉ်းစည်းကမ်းတွေဆွဲတော့မယ်။ ဇာတ်သဘင်ကို ထိန်းသိမ်းမယ့်၊ မြှင့်တင်မယ့်၊ ပြန့်ပွားအောင်လုပ် မယ့် မြန်မာနိုင်ငံရဲ့ အင်အား အကောင်းဆုံး ကော်မတီကြီးပါ’’ ဟု ဦးနေဝင်းက ပြောသည်။

အဆိုပါကော်မတီတွင် အထက်မြန်မာပြည်၊ အောက်မြန် မာပြည်၊ မြေလတ်ဒေသ အစရှိ သည့် နေရာစုံမှ ဇာတ်သဘင် ပညာရှင် ၂၀ ကျော်က နာယက အဖြစ်ပါဝင်ပြီး နာမည်ကြီးဇာတ် သဘင်ပညာရှင်၊ ဆိုင်းပညာရှင် များ၊ဇာတ်မင်းသား၊မင်းသမီးများ အစရှိသည့် ကဏ္ဍစုံမှ ဇာတ် သဘင်အနုပညာရှင် ၃၁ ဦးကို ကော်မတီဝင်အဖြစ် ရွေးချယ် ထားကြောင်း ၎င်းကဆိုသည်။

ဇာတ်သဘင်ဖျော်ဖြေမှုတွင် ခေတ်ပေါ် စတိတ်ရှိုးကဏ္ဍ ဖျော် ဖြေမှုကို နံနက် ၁ နာရီခွဲနောက် ဆုံးထား ရပ်နားရန်၊ အော်ပရာ ကဇာတ်နှင့် နောက်ပိုင်း ဇာတ် တော်ကြီးများ မဖြစ်မနေကပြရန်၊ ဇာတ်သဘင်နှင့်အငြိမ့်အဖွဲ့ ဖျော် ဖြေမှုများတွင်  သရုပ်ပျက် အတို အပြတ်များဖြင့် သီဆိုကခုန် ဖျော် ဖြေခြင်းများ မပြုလုပ်ရန် အစရှိ သည့် စည်းကမ်းချက်များ သတ် မှတ်ရန် စီစဉ်နေကြောင်း မန္တလေး တိုင်းဒေသကြီး သဘင်ပညာရှင် များအစည်းအရုံးမှ တာဝန်ရှိသူ များက ပြောကြားသည်။

မြန်မာနိုင်ငံသဘင်ပညာရှင် များအစည်းအရုံး(ဗဟို)အနေဖြင့် ဇာတ်သဘင်သာမကဘဲ အငြိမ့်၊ ဆိုင်း၊ ဆပ်ကပ်၊ မျက်လှည့် အစ ရှိသည့် သဘင်နှင့်အကျုံးဝင်သော အနုပညာရပ်များ ထိန်းသိမ်းရေး အတွက် သက်ဆိုင်ရာကော်မတီ အသီးသီး ဖွဲ့စည်းကာ ဆောင် ရွက်နေကြောင်း အစည်းအရုံး တာဝန်ရှိသူများက ပြောသည်။

စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ ဆရာစံပလာဇာတွင် ပြုလုပ်သည့် ဇာတ်သဘင်ပညာ ရှင်များ အစည်းအဝေး၌ ဇာတ် သဘင်ပညာရပ်များ ထိန်းသိမ်း မြှင့်တင်ပြန့်ပွားရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့သည်။

 

Top News