တောင်တွင်းကြီးဆူပူမှုဖြစ်စဉ်တွင် ဖမ်းမိသူခုနစ်ဦးကို ပုဒ်မငါးခုဖြင့် အမှုဖွင့်

ဆူပူမှုတွင် ပါဝင်သူများဆက်လက်ဖမ်းဆီးမည်ဟုဆို

 တောင်တွင်းကြီးမြို့ ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သူခုနစ် ဦးကို ပုဒ်မငါးခုဖြင့် အမှုဖွင့်လှစ် ထားသည်။ 

ဆူပူမှုဖြစ်ပွားသည့် စက် တင်ဘာ ၁၀ ရက်ည၌ အသက် (၃၀)အရွယ်ဒေသခံတစ်ဦးကို ဖမ်းဆီးပြီးနောက် စက်တင်ဘာ ၁၁ ရက်တွင် လေးဦး၊ ၁၂ ရက် တွင် နှစ်ဦး စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ထွက်ဆို ချက်မှတစ်ဆင့် ကျန်သူများကို ဆက်လက်ဖမ်းဆီးမည်ဟု သိရ ကြောင်း တောင်တွင်းကြီးမြို့တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမြင့်လှိုင်က ပြောကြား သည်။

ဖမ်းမိသူအများစုသည်(၁၈) နှစ်မှ (၃၃)နှစ်အတွင်းရှိ တောင် တွင်းကြီးမြို့ခံလူငယ် အများစု ဖြစ်ပြီး ၎င်းတို့အားလုံးကို တောင် တွင်းကြီးမြို့မရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ (၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂၊ ၁၅၃)တို့ဖြင့် အမှုဖွင့် ထားကြောင်း ဦးဝင်းမြင့်လှိုင်က အတည်ပြုသည်။ အဆိုပါပုဒ်မ များ၏ အမြင့်ဆုံးပြစ်ဒဏ်ကို သီး ခြားစီကျခံစေပါက တစ်ဦးလျှင် ထောင်ဒဏ် ၁၂ နှစ်ခွဲထိ ချမှတ် နိုင်သည်။

‘‘အမှုဖွင့်လှစ်ထားတဲ့ပုဒ်မ တွေက  ကြိုတင်ပြင်ဆင်ပြီး အကျိုးဖျက်ဆီးမှု၊ ဥပဒေနဲ့ဆန့် ကျင်တဲ့အစုအဖွဲ့တွေမှ သေစေ တဲ့လက်နက်ကိုင်ဆောင်ပါဝင်မှု၊ ရုန်းရင်းဆန်ခတ်မှု၊ ဒါကို နှိမ်နင်း တဲ့ ၀န်ထမ်းကို ဟန့်တားတာ၊ ပြန်ခုခံတာ၊ ရန်စတာစတဲ့ပုဒ်မ တွေနဲ့ တရားစွဲတာဖြစ်တယ်။ ထောင်ဒဏ်ငါးနှစ်အထိကျနိုင်တဲ့ ပုဒ်မတွေပါသလို သုံးနှစ်၊ ခြောက် လ၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံးစ သဖြင့် အပြစ်ပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်’’ ဟု တောင်တွင်းကြီး မြို့မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးက အမှုဖွင့်လှစ်ထားသည့် ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တောင်တွင်းကြီးမြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးဝင်းနိုင်မော်ထံ ဆက် သွယ်ရာ ဖြေဆိုခြင်းမရှိသော်လည်း မြို့နယ်ရဲတပ်ဖွဲ့စခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်းအတည်ပြုသည်။

‘‘အခုတောင်တွင်းကြီးမြို့က တည်ငြိမ်အေးချမ်းနေပြီ၊ ပုံမှန် ဖြစ်နေပြီ။ ဖမ်းဆီးထားတဲ့သူတွေ ကိုမေးလိုက်တော့ ဘယ်သူတွေ၊ ဘယ်ဝါတွေပါ ပါတယ်ပေါ့။ ဖော် ထုတ်သိရရင် အဲဒီသူကို နောက် ထပ်ထပ်မံရှာဖွေဖမ်းဆီးလိုက် တာမျိုးရှိတယ်။ အဲဒါကြောင့်စာ ရင်းကို အတည်မပြုပေးနိုင်သေး တာ’’ ဟု တောင်တွင်းကြီးမြို့ရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားသည့်ညက ဖမ်းဆီးရမိသည့် လူငယ်တစ်ဦး ကိုစစ်ဆေးရာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ARSA အစွန်းရောက်အကြမ်းဖက် သမားများကို မကျေနပ်၍ပါဝင် ခြင်းဖြစ်သည်ဟု သိရကြောင်း အစိုးရအဖွဲ့သတင်းထုတ်ပြန် ရေးကော်မတီကထုတ်ပြန်ထား သည်။

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီခန့်က တောင်တွင်းကြီးမြို့ ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ ၏ နေအိမ်၊ ဈေးဆိုင်ခန်းများကိုမျက်နှာဖုံးစွပ်လူတစ်စုက ခဲဖြင့် ပစ်ပေါက်ဖျက်ဆီးသဖြင့် ကာလတန်ဖိုးကျပ်သိန်း ၁၈၀ ကျော်ဖိုးပျက်စီးဆုံးရှုံးခဲ့ကြောင်း ဦးဝင်း မြင့်လှိုင်က ပြောသည်။