ဒေါ်အောင်ဆန်းစုကြည် အချက်လေးချက်ကြောင့် ကုလညီလာခံသို့ မတက်ရောက်

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမည်

ကုလသမဂ္ဂအ ထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ရောက် ခြင်းမှာ ရခိုင်ဒေသအရေးကိစ္စ အပါအ၀င်ပြည်တွင်း၌ လက်ရှိ ဖြစ်ပေါ်နေသော အကြောင်းအ ချက် လေးချက်ကြောင့်ဖြစ် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ သို့ တက်ရောက်ရန် မူလက ပြင် ဆင်မှုများ ပြုလုပ်ထားပြီးဖြစ် သည်။

သို့သော် နိုင်ငံတွင်းလက်ရှိ ဖြစ်ပေါ်နေသည့် မငြိမ်သက်မှု များကြောင့် ဒုတိယသမ္မတ(၂)ဦး ဟင်နရီဗန်ထီးယူဦးဆောင်သော အဖွဲ့ကိုသာ တက်ရောက်ရန်စေ လွှတ်ခဲ့ခြင်းဖြစ်သည်ဟု စက်တင် ဘာ ၁၃ ရက်က သမ္မတအိမ်တော် တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးဇော်ဌေးက အတည်ပြုပြော ကြားသည်။အဆိုပါ အချက်လေးချက် အနက်ပထမအချက်သည် မောင် တောဒေသအတွင်း လက်ရှိဖြစ် ပွားနေသော အကြမ်းဖက်ဖြစ်စဉ် များကြောင့် ထွက်ပြေးတိမ်းရှောင် သူများကို ပြန်လည်နေရာချထား ရေးနှင့် လူသားချင်းစာနာထောက် ထားမှုများ ချက်ချင်းပြုလုပ်နိုင် ရေးဖြစ်သည်။

 ဒုတိယအချက်အနေဖြင့် မောင်တောဖြစ်စဉ်နှင့် ဆက်စပ် သော ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ အသွင် ဖန်တီးမှုများရှိနေသဖြင့် ပြည်တွင်းတည်ငြိမ်ရေး အထူး အလေးထား လုပ်ဆောင်ရန်ဖြစ် သည်။

 တတိယအချက်သည် မောင်တောအကြမ်းဖက်မှုဖြစ်စဉ် နောက်ဆက်တွဲအနေနှင့် မြို့ကြီး များသို့ ပစ်မှတ်ထားကာ အကြမ်း ဖက်တိုက်ခိုက်မှုများ လုပ်ဆောင် လာနိုင်သည့် သတင်းအချက်အ လက်များ ရရှိထားသဖြင့် ပြည် တွင်းလုံခြုံတည်ငြိမ်မှုကို အလေး ထားဆောင်ရွက်ရန်ဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ဘန်ကောက်တွင်ဆေးကု သမှုခံယူနေပြီး သက်သာသည့် သတင်းများ ရရှိသော်လည်း နိုင်ငံ အတွင်းမရှိခြင်း၊ ဆေးရုံ ဆက် လက်တက်ရောက်နေရခြင်း စ သည့် အကြောင်းအချက်များ ကြောင့်ဖြစ်ကြောင်း ဦးဇော်ဌေး ကဆိုသည်။

 ‘‘ဒီအချက်လေးချက်အရ ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က မူလကသွားဖို့ ရည်ရွယ် ထားတယ်။ အဲဒီမှာလည်း ကျွန် တော်တို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီအခြေအနေအကြောင်းကြောင်းအရ ပေါ့။ ဒါကို မသွားဖြစ်တော့ဘူး။ မသွားဖြစ်တော့လည်း ဒုသမ္မတ သွားပါတယ်။ ဒုသမ္မတသွားမယ် ဆိုတာက အရင်တုန်းက ပြန် ကြည့်ရင် မြန်မာနိုင်ငံမှာ General Debate ကိုသွားတာ နိုင်ငံခြားရေး ၀န်ကြီးတွေများပါတယ်။ တော် တော်များများ မသွားဖြစ်ကြဘူး။ ၀န်ကြီး Level လောက်ပဲ သွား တယ်။ သို့သော် မြန်မာနိုင်ငံအထူး သဖြင့် စိတ်ဝင်စားနေတဲ့ရခိုင် ကိစ္စပေါ့။ ကျန်တဲ့ငြိမ်းချမ်းရေး ကိစ္စဒါမျိုးတွေနဲ့ပတ်သက်ပြီး ရှင်း လင်းပြောကြားဖို့ ဒုသမ္မတအဆင့် ပေါ့နော် သွားရောက်တာဖြစ်ပါ တယ်’’ဟု ဦးဇော်ဌေးက ပြော ကြားသည်။

ကုလသမဂ္ဂ အထွေထွေညီ လာခံသို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ် တိုင်သွားရောက်နိုင်ခြင်းမရှိသော် လည်း စက်တင်ဘာ ၁၉ ရက် နံ နက် ၁၀ နာရီတွင် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ နိုင်ငံတော်အခြေပြု မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ကြောင်း ဦးဇော်ဌေးက အ တည်ပြုသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်း ပြောမည့် အခမ်းအနားကို နေ ပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-II)တွင် ကျင်းပမည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာရှိတဲ့ သံတ မန်တွေအပြင် မြန်မာနိုင်ငံမှာ သံ ရုံးမစိုက်နိုင်တဲ့ နိုင်ငံတွေကိုလည်း မရောက်ရောက်အောင် တက်ဖို့ ကျွန်တော်တို့ ဖိတ်ထားပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ထို့အပြင် အဆိုပါအခမ်းအ နားသို့ တက်ရောက်သတင်းရယူ လိုသော ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကိုလည်း သ တင်းရယူခွင့်ပြုမည်ဟု ဦးဇော် ဌေးက ပြောသည်။

‘‘မီဒီယာတွေ ၀င်ရောက်ခွင့် ပြုတဲ့အခါမှာ ပြည်ပမှာရှိတဲ့ အ ခြေစိုက်ဗျူရိုက လာချင်တယ်ဆို ရင် ဗီဇာတွေလျှောက်တဲ့အခါမှာ ခက်ခဲမှာစိုးလို့ ကျွန်တော်တို့စာ ရင်းပေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကတစ်ဆင့် သံရုံးတွေကို ပြော ပေးမှာဖြစ်ပါတယ်’’ဟု ဦးဇော် ဌေးက ပြောသည်။