ခြေစမ်းပွဲတွင် မြန်မာယူ-၁၆ နှင့် ပတ္တရားလူငယ်အသင်း အနိုင်၊ အရှုံး မပေါ်

 ထိုင်းနိုင်ငံလေ့ကျင့်ရေး ခရီးစဉ် နောက်ဆုံးခြေစမ်းပွဲတွင် မြန်မာယူ-၁၆ အသင်းသည် ထိုင်းကလပ် ပတ္တရားလူငယ်အသင်း နှင့် တစ်ဂိုးစီ သရေကျခဲ့သည်။

စက်တင်ဘာ ၁၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်သော ယင်းခြေစမ်းပွဲသည် အကြိတ်အနယ်ရှိပြီး ပတ္တရား ယူ-၁၆ အသင်းက ပွဲချိန် ၃၁ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။


မြန်မာ ယူ-၁၆ အသင်းအ တွက် ချေပဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် ပြည့်ဖြိုးအောင်က ပြန်လည်သွင်းယူခဲ့သည်။ နောက်ပိုင်းမိနစ်များ၌ ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိသဖြင့် အရှုံး၊ အနိုင် မပေါ်ဘဲ သရေဖြင့် ပြီးဆုံးခဲ့သည်။

အာရှ ယူ-၁၆ ခြေစစ်ပွဲ အ ကြိုပြင်ဆင်မှုအဖြစ် မြန်မာယူ- ၁၆ အသင်းသည် ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၄ ရက်က စတင် ကာ နှစ်ပတ်ကြာ နေထိုင်လေ့ကျင့်နေပြီး ထိုင်းလူငယ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ ယူ-၁၆ အသင်းသည် ထိုင်းခရီးစဉ်အတွင်း ထိုင်း ကလပ်ချောင်ဘူရီလူငယ်အသင်း ကို ၅-၀ ဂိုး၊ ဘန်ကောက်ကလပ် ယူ-၁၈ အသင်းကို ၃-၁ ဂိုး၊ ထိုင်းယူ-၁၆ အသင်းကို ၃-၀ ဂိုး တို့ဖြင့် ရှုံးနိမ့်ပြီး ပတ္တရားလူငယ် အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ သည်။

Top News