ဗီယက်နမ်ကို အနိုင်ယူပြီး မြန်မာယူ-၁၈ အသင်း အကြိုဗိုလ်လုပွဲတက်

အာဆီယံ ယူ-၁၈ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာနှင့်မလေးရှား၊ ထိုင်းနှင့်အင်ဒိုနီးရှား တွေ့ဆုံ
မြန်မာ ယူ-၁၈ အသင်း တိုက်စစ်မှူးဝင်းနိုင်ထွန်း ဗီယက်နမ်အသင်းဘက်သို့ ထိုးဖောက်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

အာဆီယံယူ-၁၈ ဘော လုံးပြိုင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲ တွင် အိမ်ရှင်မြန်မာအသင်းက ဗီ ယက်နမ်အသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၂-၁ ဂိုးဖြင့် အနိုင်ရကာ အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့သည်။

စက်တင်ဘာ ၁၃ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲအစ ၁ မိနစ်တွင် ဗီယက် နမ်အသင်းက ဦးဆောင်ဂိုး ရရှိ သော်လည်း အိမ်ရှင်မြန်မာအ သင်းက ဒုတိယပိုင်း၌ ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်သွင်းယူနိုင်သ ဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။


ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁ မိနစ်တွင် ငုယင်ဟောင်ဆန်က သွင်းယူပြီးနောက် မြန်မာအသင်းက ချေပဂိုးရရှိရန် ကြိုးစားသော်လည်း ပထမပိုင်း၌ ဗီယက်နမ်နောက်တန်းကို ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ပေ။

ဒုတိယပိုင်းတွင် မြန်မာအ သင်း ကွင်းလယ်၌ ခြေစွမ်းမပြနိုင် သည့် ထက်ဖြိုးဝေအစား လွင်မိုး အောင်ကို ထည့်သွင်းပြီးနောက် ကစားပုံ သိသာစွာ တိုးတက်လာ သည်။

ဒုတိယပိုင်းတွင် မြန်မာအ သင်းက ချေပဂိုးရရှိရန် ဗီယက်နမ် အသင်းကို ပိုမိုဖိအားပေးခဲ့ပြီး ပွဲ ချိန် ၇၄ မိနစ်၌ ချေပဂိုးကို မြတ်ကောင်းခန့်က ပြစ်ဒဏ်ဘောမှ တစ်ဆင့် တိုက်ရိုက်သွင်းယူခဲ့ သည်။ ချေပဂိုးရရှိပြီးနောက် အား တက်လာသည့် မြန်မာအသင်းက ဆက်တိုက် တိုက်စစ်ဆင်ရာ ပွဲ ချိန် ၈၆ မိနစ်တွင် လွင်မိုးအောင် က အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ပြီး ဗီယက်နမ်အသင်းကို ပြိုင်ပွဲမှ  ထွက်စေခဲ့သည်။

 ဗီယက်နမ်အသင်းသည် အိမ်ရှင်မြန်မာအသင်းကို သရေ ကျလျှင်ပင် အကြိုဗိုလ်လုပွဲတက် ခွင့်ရရှိမည် ဖြစ်သော်လည်း ဦး ဆောင်ဂိုးကို မထိန်းနိုင်ဘဲ ချေပ ဂိုးနှင့် အနိုင်ဂိုးကိုပါ ခွင့်ပြုခဲ့ရသ ဖြင့် အာဆီယံယူ-၁၈ ပြိုင်ပွဲအုပ်စု အဆင့်မှ နှုတ်ဆက်ခဲ့ရသည်။

ဗီယက်နမ်အသင်းကို စော စီးစွာ ဂိုးပေးခဲ့ရပြီးနောက် မြန်မာကစားသမားများ ဖိအားဝင်ခဲ့ သော်လည်း ဒုတိယပိုင်းတွင် အကောင်းဆုံးပုံစံရရှိခဲ့ကာ ဗီယက် နမ်အသင်းကို အနိုင်ယူခဲ့ကြောင်း မြန်မာယူ-၁၈ အသင်းနည်းပြချုပ် ဘန်လာဘီက ပြောသည်။

‘‘ဒီနေ့နိုင်ပွဲအတွက် အရမ်း ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော် တို့ပထမပိုင်းမှာ ဂိုးစောစီးစွာပေး လိုက်ရတာကြောင့် ကစားသမား တွေအနေနဲ့ ဖိအားဝင်ခဲ့ပြီး ဂိုး ရချင်ဇော များနေတာကြောင့် ကစားပုံမကောင်းခဲ့ပေမယ့် ဒုတိ ယပိုင်းမှာ အကောင်းဆုံး လုပ်ပြ နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့် တက်ရောက်ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကြိုးစားရပါဦးမယ်။ မလေးရှားကို အနိုင်ယူဖို့အတွက် ကျွန်တော် အကောင်းဆုံးပြင်ဆင် မှာပါ’’ဟု ဗီယက်နမ်နှင့် ပွဲအပြီး တွင် ဘန်လာဘီကဆိုသည်။

အုပ်စု(ခ)အခြားပွဲတွင် အင် ဒိုနီးရှားအသင်းက ဘရူနိုင်းအ သင်းကို ၈-၀ ဂိုးဖြင့် အနိုင်ယူကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ အုပ်စု(ခ) ပွဲစဉ်များအ ပြီးတွင် အိမ်ရှင်မြန်မာ၊ အင်ဒိုနီး ရှားနှင့် ဗီယက်နမ်အသင်းတို့က သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ်ကိုးမှတ်စီ တူညီသော်လည်း ဂိုးကွာခြား ချက်အသာရသည့် အင်ဒိုနီးရှားအသင်းက အုပ်စုပထမနေရာဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။

အိမ်ရှင်မြန်မာနှင့် ဗီယက်နမ်အသင်းတို့က ရမှတ်၊ ဂိုးကွာခြားချက်၊ ရဂိုး၊ ပေးဂိုးတူညီသော် လည်း နှစ်သင်းထိပ်တိုက်တွေ့ဆုံ မှုတွင် အသာရသည့် မြန်မာအ သင်းက အုပ်စုဒုတိယဖြင့် အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ သည်။

၂၀၁၇ အာဆီယံ ယူ-၁၈ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ များကို စက်တင်ဘာ ၁၅ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် အင်ဒိုနီးရှား နှင့် ထိုင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင် မြန်မာနှင့် မလေးရှားအသင်း ယှဉ်ပြိုင်မည်ဖြစ်သည်။