လစာပုံမှန်ပေးချေနိုင်ခြင်းမရှိသည့် နေပြည်တော်အသင်းကို မြန်မာလိဂ်မှ ထုတ်ပယ်

ကစားသမားနှင့် နည်းပြများကို လိဂ်ကော်မတီရန်ပုံငွေမှ သုံးလစာ စိုက်ထုတ်ပေးရန် စီစဉ်

 နေပြည်တော်အသင်း သည် အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားများ၏ လုပ်ခလစာ ကို ပုံမှန်ပေးချေခြင်း မရှိသဖြင့် မြန်မာလိဂ်ပြိုင်ပွဲမှ ထုတ်ပယ် ကြောင်း လိဂ်ကော်မတီက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် လိဂ်ကော်မတီ အ စည်းအဝေးတွင် နေပြည်တော်အ သင်းကို လာမည့် ပွဲစဉ်(၁၈)က စတင်ကာ မြန်မာလိဂ် (၁) ပြိုင်ပွဲ ၌  ပြိုင်ဆိုင်ခွင့်မပြုဘဲ ထုတ်ပယ် ရန် အများသဘောတူ ဆုံးဖြတ် အတည်ပြုခဲ့သည်။ လက်ရှိ နေ ပြည်တော်အသင်း ပိုင်ရှင်အနေ ဖြင့် စီးပွားရေးအခြေအနေအရ အသင်းကို ဆက်လက်ရပ်တည် ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ  ကစားသမား၊ အုပ်ချုပ်သူနည်းပြများ၏ လစာငါးလစာခန့်ကို ပေးချေခြင်းမရှိ၍ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။


ယခုနှစ် ဘောလုံးရာသီတွင် နေပြည်တော်အသင်းနှင့် ယှဉ်ပြိုင် ရန် ကျန်ရှိနေသေးသည့် လိဂ်ပွဲ စဉ် ငါးပွဲရလဒ်ကို ပြိုင်ဘက်အ သင်းများအား ရဂိုးသုံးဂိုး၊ ရမှတ်သုံးမှတ်ဖြင့် အနိုင်ပေးရန် သတ်မှတ်ဆုံးဖြတ်ခဲ့သည်။

နေပြည်တော်အသင်းသည် အုပ်ချုပ်သူ၊ နည်းပြများနှင့် ကစား သမားများကို ငါးလစာ လစာ ပေးချေရန် ကျန်ရှိနေသေးသော် လည်း စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံညှိနှိုင်းမှုအရ မြန်မာလိဂ် ကော်မတီအနေဖြင့် လိဂ်ရန်ပုံငွေ ထဲမှ နေပြည်တော်ယူ-၂၁ အ သင်းနှင့် ယူ-၁၉ အသင်းသား အားလုံးအား သုံးလစာ စိုက်ထုတ် ပေးချေရန် စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ လိဂ်ကော်မတီအနေဖြင့် စက်တင် ဘာ ၁၄ ရက်(ယနေ့)တွင် နေပြည် တော် စီနီယာအသင်းသားများကို တွေ့ဆုံညှိနှိုင်းကာ အချိုးကျလ စာများကို လိဂ်ကော်မတီရန်ပုံငွေ မှ စိုက်ထုတ်ပေးရန် စီစဉ်မည်ဟု ဆိုသည်။

‘‘လိဂ်ကော်မတီက ကျွန် တော်တို့အားလုံးနဲ့ စက်တင်ဘာ ၁၄ ရက် တွေ့ဖို့ခေါ်ထားပါတယ်။ လတ်တလောတော့ ဘာမှ သေ ချာမသိရသေးပါဘူး။ အသင်း ဖျက်လိုက်ပြီဆိုတော့ အလုပ်မရှိ တော့ အခက်အခဲဖြစ်ပါတယ်။ ရာသီကုန်ခါနီးလည်း ဖြစ်နေ တော့ အခြားအသင်းပြောင်းမယ် ဆိုလည်း နောက်နှစ်မှပဲ အဆင် ပြေတော့မှာပါ’’ဟု နေပြည်တော် စီနီယာအသင်း နည်းပြချုပ် ဦး ကျော်မင်းထူးက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ နေပြည်တော်အသင်းပိုင် ရှင် ဦးဖြိုးကိုကိုတင့်ဆန်းထံ 7Day Daily သတင်းစာက ဆက်သွယ်သော်လည်း မရခဲ့ပေ။

နေပြည်တော်အသင်းသည် ၂၀၁၀ ပြည့်နှစ်က စတင်ကာ မြန် မာလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ပြီး စီနီယာအသင်းကြီး၊ ယူ -၂၁ နှင့် ယူ-၁၉ အသင်းတို့ဖြင့် ဖွဲ့ စည်းထားကာ နေပြည်တော်မြို့ ပေါင်းလောင်းကွင်းကို အိမ်ကွင်း အဖြစ် လက်ခံကျင်းပခဲ့သည်။

နေပြည်တော်အသင်းအနေ ဖြင့် ၂၀၁၄ ဘောလုံးရာသီတွင် လစာကြွေးကျန် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုရာသီ၌ ဒုတိယအကြိမ် ထပ်မံကြုံတွေ့ခြင်းဖြစ် သည်။ စက်တင်ဘာ ၉ ရက်က ဝဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်မည့် မြန်မာလိဂ် ပွဲစဉ်(၁၇) တွင် နေ ပြည်တော်ကစားသမားများ လာ ရောက်ခြင်းမရှိသဖြင့် ပွဲပျက်ခဲ့ပြီး ပြိုက်ဘက်အသင်းကို သုံးဂိုး၊ သုံး မှတ်ဖြင့် အနိုင်ပေးခဲ့သည်။

၂၀၁၇ မြန်မာလိဂ်(၁) ပြိုင်ပွဲတွင် ၁၂ သင်း ယှဉ်ပြိုင်နေပြီး နေပြည်တော်အသင်းကို ထုတ် ပယ်ခဲ့၍ ပြိုင်ပွဲဝင် ၁၁ သင်းသာ ကျန်ရှိတော့သည်။

Top News