လီဗာပူးမှ မာနေး၏ သုံးပွဲပယ်ပြစ်ဒဏ် အယူခံပယ်ချခံရ

မန်စီးတီးဂိုးသမား အီဒါ ဆင်နှင့် လေထဲတွင် ခြေထောက် မြှောက်၍ ဘောလုံးလုခဲ့ခြင်းအ တွက် အနီကတ်ပြသခံရပြီး သုံး ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရခြင်းကို ဘောလုံးအဖွဲ့ချုပ်က ဆက်လက် အတည်ပြုပြီး အလွန်အကျွံပြစ် ဒဏ်ချမှတ်ခံရသည်ဆိုသော ၎င်း၏ အယူခံဝင်မှုကို ပယ်ချခဲ့သည်။


စနေနေ့က မန်စီးတီးကွင်း၌  ၅-၀ ဂိုးဖြင့် ရှုံးနိမ့်သော ပွဲတွင် လီဗာပူးမှ ဆာဒီယိုမာနေးသည် အီဒါဆင်နှင့် ရင်ဆိုင်တွေ့ခဲ့ပြီး နောက် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။

လက်ငင်းအသက်ဝင်လာ မည်ဖြစ်သော သုံးပွဲပယ်ပြစ်ဒဏ် ကြောင့် မာနေးသည် အိမ်ကွင်း တွင် ကစားမည့် ဘန်လေနှင့် ပွဲ၊ လက်စတာနှင့် ကစားရမည့် လိဂ် ဖလားပွဲနှင့် လက်စတာနှင့်ပင် ကစားရမည့် ပရီးမီးယားလိဂ်ပွဲ များ လွဲချော်မည်ဖြစ်သည်။

မာနေး၏ ပွဲပယ်ပြစ်ဒဏ် အယူခံလွှာကို အမှီအခိုကင်းသော စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က ပယ်ချသည်ဟု အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် သည်။ မန်စီးတီးပွဲစဉ်အပြီးတွင် ဆာဒီယိုမာနေးက ဂိုးသမား အီ ဒါဆင်ကို ပြန်လည်တောင်းပန် ခဲ့ပြီး အမြန်ဆုံးပြန်လည်ကျန်းမာ ပါစေကြောင်း ဆုတောင်းသည်။

အီဒါဆင်သည် မာနေးနှင့် ရင်ဆိုင်တွေ့ပြီးနောက် ကွင်းအ တွင်း ရှစ်မိနစ်ခန့် ဆေးကုသမှု ခံ ယူရကာ ထမ်းစင်ဖြင့် ထွက်သွားခဲ့ရသည်။ ဒုတိယပိုင်းတွင် မန်စီး တီးအရန်ခုံသို့ ပြန်ရောက်လာကာ မျက်နှာဘေးခြမ်း၌ ရှစ်ချက်ချုပ် ထားသည်ကို တွေ့ရသည်။

—Ref:AFP