ရုပ်ရှင် အကြိုခံစားခြင်း

9/11

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍအတွက် တော့ အမေရိကန်ဒရာမာဇာတ် ကားသစ်လေးအကြောင်း ဖော်ပြလိုက်ပါတယ်။ 


အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်က ကမ္ဘာ့ ကုန်သွယ်မှု စင်တာကြီးတိုက်ခိုက် ခံရတဲ့ စက်တင်ဘာ ၁၁ အဖြစ် အပျက်ကို အခြေခံထားတဲ့ ပက် ထရစ်ကာဆန်ရဲ့ Elevator ဆိုတဲ့ပြဇာတ်ကို မှီငြမ်းပြီး ဇာတ်အိမ်ဖွဲ့ ထားတာပါ။

၂၀၀၁ စက်တင်ဘာ ၁၁ ရက်မှာ စီးပွားရေးလုပ်ငန်းရှင်ဘီလီလျံ နာသူဌေး ဂျက်ဖရီကေ့ခ်ျဟာ ဇနီး ဖြစ်သူ အိဗ်နဲ့ ကွာရှင်းပြတ်စဲဖို့ စာချုပ်စာတမ်းတွေ လက်မှတ်ထိုး ဖို့ ဝေါထရိတ်စင်တာကို ရောက် လာပါတယ်။ 

ဂျက်ဖရီတို့ ဇနီးမောင်နှံနဲ့ အတူ တခြားသူစိမ်းသုံးယောက် ဖြစ်တဲ့ အက်ဒီဆိုတဲ့ အင်ဂျင်နီယာ တစ်ယောက်ရယ်၊ မိုက်ကယ်ဆိုတဲ့ ပစ္စည်းလိုက်ပို့တဲ့သူရယ်၊ တီနာ ဆိုတဲ့ ရုရှားမော်ဒယ်လေးရယ် ဓာတ်လှေကားတစ်စင်းတည်း အ တူတူ စီးလာကြပါတယ်။

တစ်ဦးချင်းအတွေးကိုယ်စီနဲ့ ဓာတ်လှေကားစီးလာကြတုန်း ဝေါထရိတ်စင်တာကို လေယာဉ်တစ်စီးက ၀င်တိုက်လိုက်တဲ့အတွက် အဆောက်အအုံထဲက လူတွေ ထိတ်လန့်စရာအဖြစ်အပျက် တွေ စတင်ခံစားခဲ့သလို သူတို့ ငါးဦးဟာလည်း ဓာတ်လှေကား ထဲမှာ ပိတ်မိခဲ့ပါတော့တယ်။ ဘာအကြောင်းရင်းကြောင့်ဆိုတာကို ရုတ်တရက်မသိခဲ့ကြပေမယ့်လို့ ဓာတ်လှေကားရဲ့ သတိပေးအ ချက်ပေးသံနဲ့အတူ အထပ်တိုင်း မှာ ရပ်နေတဲ့အတွက် စိုးရိမ်ထိတ် လန့်ခဲ့ရပါတော့တယ်။

မျှော်လင့်မထားတဲ့ဒီလိုမျိုး အဖြစ်ဆိုးကြီးနဲ့ ရုတ်တရက်ကြုံရတဲ့အခါမှာ ဂျက်ဖရီတို့ ဇနီး မောင်နှံကလည်း သူတို့ရဲ့ မိသားစုပြဿနာဟာ ဘာမှမဟုတ်တာ သိနားလည်သွားသလို တခြားသူတွေကလည်း လက်ရှိအဖြစ် လောက် ဘယ်အရာကမှ မဆိုးရွား  တော့ဘူးဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။

ဒီလိုနဲ့တဖြည်းဖြည်း ပြိုကျ လာနေတဲ့ အဆောက်အအုံထဲက ဓာတ်လှေကားထဲ ပိတ်မိနေတဲ့သူ တို့ငါးယောက်ဟာ အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့အ တွက် မိနစ် ၉၀ အတွင်းမှာ ကြိုးပမ်းအားထုတ်ခဲ့ရတာကို ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ 

ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားသူတွေက ဂျက်ဖရီ ကေ့ခ်ျအဖြစ် ချာလီရှင်းန်၊ မက်ဇီအဖြစ် ၀ူပီဂိုးလ်ဘာ့ဂ်၊ အိဗ်အဖြစ်ဂီနာဂါရှန်၊ အက်ဒီအဖြစ် လူးဝစ်ဂင်ဇ်မန်၊ မိုက်ကယ်အဖြစ် ၀ုဒ်ဟဲရစ္စ၊ တီနာအဖြစ် အော်လ်ဂါဖွန် ဒါ စသူတွေဖြစ်ပါတယ်။

Top News