ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်းရန် အမေရိကန်နှင့် တရုတ် ကမ်းလှမ်းထား

 အမေရိကန်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် လှူဒါန်းရန် ကမ်းလှမ်း ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

‘‘စည်းမျဉ်းစည်းကမ်းနဲ့အညီ လက်ခံဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံအတွင်း ဘင်္ဂါလီ အကြမ်းဖက်သမားများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင် နေကြသူများအတွက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအပြင် ဗြိတိန်၊ ဒိန်း မတ်နှင့် အီးယူတို့က ကူညီထောက်ပံ့ရန် ကမ်းလှမ်းထားသည်။

‘‘ပြင်ပနိုင်ငံတွေက ကူညီ ထောက်ပံ့ဖို့ ကမ်းလှမ်းတာတွေရှိ ပါတယ်။ အစိုးရကို တိုက်ရိုက်လှူ တဲ့ကိစ္စတွေကို အကျိုးရှိအောင် ပြန်ပြီးတော့ သေသေချာချာ ထိ ထိရောက်ရောက် ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် တိုက်ရိုက် လှူဒါန်းဖို့ ကမ်းလှမ်းလာတဲ့သူ တွေကို လက်ခံပါတယ်’’ဟု ဝန်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ် ပွားနေသည့် အကြမ်းဖက်မှု ဖြစ် စဉ်များကြောင့် နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူ ဦးရေ နှစ်သိန်းခြောက်သောင်းကျော် ရှိ ကြောင်း အစိုးရကသတင်းထုတ် ပြန်ထားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ နေရာအချို့၌ ပြန်လည် တည်ငြိမ်စပြုလာ၍ ဒုက္ခသည် စခန်းများမှ နေရပ်သို့ပြန်သူများ ရှိကြောင်း ဒေါက်တာဝင်းမြတ် အေးက ပြောသည်။

ထို့အပြင် ရခိုင်ဖြစ်စဉ်ကို အကြောင်းပြု၍ ကောလာဟလ များ ထုတ်လွှင့်သူများရှိနေသော ကြောင့် မြေပြင်တွင် ဖြစ်ပေါ်နေ သော အမှန်တရားများကို ထုတ် ဖော်ရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

‘‘တကယ့် မြေပြင်က အဖြစ် အပျက်အမှန်ကို ဖော်ထုတ်နေရင် ဒီလိုမျိုး မဟုတ်မမှန်သတင်းတွေ ပပျောက်သွားမယ်’’ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် လူသား ချင်းဆိုင်ရာ ထောက်ထားမှုဆိုင် ရာ အကူအညီပေးရေး ဒိန်းမတ် နိုင်ငံက ကန်ဒေါ် လာ ၃ ဒသမ ၂ သန်းခန့် ပံ့ပိုးကူညီမည်ဖြစ် ကြောင်း ဒိန်းမတ်နိုင်ငံသံရုံးက စက်တင်ဘာ ၁၀ ရက်တွင် ထုတ် ပြန်ခဲ့သည်။

Top News