ပြည်မြို့၌ ရဲအရာရှိဟန်ဆောင်ပြီး လိုင်စင်မဲ့ကား စီးနေသူကို ဖမ်းဆီး

 ပြည်မြို့တွင် ရဲအရာရှိဟန် ဆောင်ကာ လိုင်စင်မဲ့ကားစီးနေ သည့် အမျိုးသားတစ်ဦးကို ရဲတပ် ဖွဲ့က ဖမ်ဆီးစစ်ဆေးနေသည်။

ရဲအရာရှိ ဟန်ဆောင်သူ သည် ဒုရဲအုပ်အဆင့်ရှိလိပ်စာ ကတ်ပြားကိုင်ဆောင်ပြီး  တိုယိုတာ ကာဒီးနာအမျိုးအစားလိုင်စင် မဲ့ မော်တော်ယာဉ်ကို ပြည်- ရန် ကုန်လမ်းတွင် မောင်းနှင်လာစဉ် စက်တင်ဘာ ၁၂ ရက်ညက ဖမ်း ဆီးရမိခြင်းဖြစ်သည်။

ပြည်မြို့ ပြည်သာ (၈) ရပ် ကွက်ရှိ ၎င်း၏နေအိမ်မှ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တံဆိပ်ပါသည့် ဒုရဲအုပ်အဆင့်ရှိ လိပ်စာကတ်ပြား ၄၆ ခု၊ ပဲခူးတိုင်းဒေသကြီး  ရဲတပ်ဖွဲ့တံဆိပ်ပါ ရဲတပ်ဖွဲ့ဝတ်စုံလက်တိုအင်္ကျီတစ်ထည်ကို သိမ်းဆည်းရမိကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်မြင့်ခိုင်က ပြောကြားသည်။

ထို့ကြောင့် ရဲအရာရှိဟန် ဆောင်ကာ လိုင်စင်မဲ့ကားမောင်း သူကို ရာဇသတ်ကြီးပုဒ်မ ၁၇၀/ ၄၆၆ နှင့် သွင်းကုန်၊ ထုတ်ကုန် ဥပဒေပုဒ်မ ၈ အရ ပြည်မြို့ အ မှတ် (၃) ရဲစခန်းက အမှုဖွင့်အ ရေးယူထားသည်။