လုံခြုံရေးအာမမခံနိုင်သေးမီ မောင်တောဒေသသို့ မပြန်လိုကြောင်း ဆရာ၊ ဆရာမများပြော

အတင်းအကျပ် ပြန်လည်စေလွှတ်ခြင်းမပြုရန် ဆရာ၊ ဆရာမများအဖွဲ့ချုပ် ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်ဖြင့် သယ်ယူပို့ ဆောင်နေစဉ် (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲ မောင်တောဒေသရှိ အခြေခံပညာကျောင်းများတွင် ပြန်လည် တာဝန်ထမ်းဆောင်ရ မည်ကို ဆရာ၊ ဆရာမများ စိုးရိမ် ထိတ်လန့်နေပြီး လုံခြုံရေး အာမ မခံနိုင်သေးမီ မပြန်လိုကြောင်း အဆိုပါဒေသ၌ တာဝန်ကျဆရာ၊ ဆရာမအချို့က ပြောကြားသည်။

ARSA အကြမ်းဖက်သမား များ၏ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောင်မြို့နယ် များမှ ခေတ္တတိမ်းရှောင်လာသည့် ဆရာ၊ ဆရာမများအား ၎င်းတို့ တာဝန်ကျရာ ဒေသများသို့ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား ၍ တာဝန်ပြန်လည်ထမ်းဆောင် ရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက စက်တင်ဘာ ၁၂ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။


သတ်မှတ်ရက်အတွင်း ပြန် လည်မရောက်ရှိပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေး ယူမည်ကို မလိုလားသော်လည်း ဒေသလုံခြုံရေးအခြေအနေ တည် ငြိမ်ကြောင်း အာမမခံနိုင်သေး သည့်အနေအထားတွင် ပြန်ရမည့် အပေါ် ဆရာ၊ ဆရာမများက စိုး ထိတ်နေခြင်းဖြစ်သည်။

‘‘အခုကြုံခဲ့တဲ့ ပြဿနာမှာ လည်း ဘာမှ လုံခြုံရေးအဆင်မ ပြေဘူးလေ။ ဒီလောက် မအေး ချမ်းဘဲနဲ့ ကျွန်တော်တို့ မသွားနိုင် ဘူး။ အခြေအနေမတည်ငြိမ်သေး ဘဲ ကျွန်တော်တို့ မသွားနိုင်သေး ဘူး’’ဟု ရခိုင်ပြည်နယ် မောင် တောမြို့နယ် အမက(နန်းရာ ကိုင်း)မှ ကျောင်းအုပ်ကြီး ဦးညီ တင်လှက ပြောသည်။

 နန်းရာကိုင်းကျေးရွာသည် မောင်တောမြို့နယ် မြောက်ပိုင်း အစွန်တွင် တည်ရှိပြီး လုံခြုံရေး ကင်းစခန်းများ မရှိခြင်းကြောင့် ဆရာ၊ ဆရာမများ လုံခြုံရေးကို အာမခံပေးနိုင်သည့် အနေအထားမရှိကြောင်း ၎င်းကဆိုသည်။ အကြမ်းဖက်မှု ဖြစ်ပွားစဉ်ကပင် ကျေးရွာအတွင်း ပိတ်မိနေပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် လိုက်ပါခွင့်မရ၍ ဆရာကိုးဦးစု ကာ မိမိတို့အစီအစဉ်ဖြင့် ထွက် ပြေးခဲ့ရကြောင်း ဦးညီတင်လှက ပြောသည်။

အဆိုပါဒေသများသို့ ဆရာ၊ ဆရာမများကို အတင်းအကျပ် ပြန်လည်စေလွှတ်ခြင်း မပြုရန်၊ အခြေအနေ တည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ပေးရန် နှင့် စေလွှတ်ရာတွင် ဆရာ၊ ဆရာမ များ၏ လုံခြုံရေးကို အပြည့်အဝ အာမခံပေးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်(MTF)က စက်တင်ဘာ ၁၃

ရက်က သဘောထားကြေညာ ချက် ထုတ်ပြန်သည်။

‘‘နိုင်ငံ့ဝန်ထမ်းဆရာ၊ ဆရာ မတွေကတော့ ကျရာနေရာမှာ တာဝန်ထမ်းဆောင်ရမှာပါပဲ။ ဒါ ပေမဲ့ လုံခြုံရေးသေချာမရှိသေးဘဲ လက်လွတ်စပယ်လွှတ်လိုက်တာ မျိုးတော့ မဖြစ်သင့်ဘူး။ တာဝန် သွားထမ်းဆောင်တဲ့ ဆရာ၊ ဆရာ မတွေရဲ့ လုံခြုံရေးနဲ့ အသက်အာ မခံချက်ကိုတော့ အစိုးရက ပြန် ပေးရလိမ့်မယ်။ အသက်အန္တ ရာယ်နဲ့ လုံခြုံရေးအာမခံချက်မရှိ ရင်တော့ ဝန်ထမ်းအနေနဲ့ ဒီတာ ဝန်ကို ငြင်းခွင့်ရှိတယ်လို့ ထင် တယ်။ သေချာတယ်။ ကျွန်တော် တို့သိထားသလောက် အများစုက တော့ အခုအခြေအနေမှာ မသွား ချင်ကြသေးဘူး’’ဟု MTF အလုပ် အမှုဆောင်(အခြေခံပညာ)လည်း ဖြစ်သူ မအူပင်မြို့နယ်မှ အထက် တန်းပြဆရာ ဦးမြတ်သီဟထွန်း က ပြောသည်။

မောင်တောဒေသတွင် တာ ဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများ ဘေးအန္တရာယ်တစ်စုံ တစ်ခု ကျရောက်လာပါက အခြေ အနေမတည်ငြိမ်သေးမီ အတင်း အကျပ်စေလွှတ်သော တာဝန်ရှိ သူအနေဖြင့် အပြည့်အဝတာဝန် ယူပေးရန်၊ ဆုံးရှုံးမှုများအတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ဖြည့် ဆည်းဆောင်ရွက်ပေးရန်၊ ကာယ ကံရှင်က မသွားလိုပါက အတင်း အကျပ်စေလွှတ်ခြင်းမပြုဘဲ ကာ ယကံရှင်၏ ဆန္ဒနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးရန် MFT က အ စိုးရအား တိုက်တွန်းထားသည်။

‘‘လုံခြုံရေးက လုံးဝစိတ်မချ ရသေးတော့ မပြန်ချင်ကြဘူး။ ဆရာမတွေကတော့ ပြန်ရမှာ စိုး ရိမ်နေကြတယ်။ ဒါပေမဲ့ ၁၇ ရက် နေ့ အရောက်ပြန်ရမယ်ဆိုတော့ ကျွန်တော်တို့ စစ်တွေမှာ ရောက် နေတဲ့ နီးစပ်ရာ ဆရာ၊ ဆရာမတွေစုပြီးပြန်ဖို့ တိုင်ပင်နေကြပါတယ်။ မောင်တောမြို့ပေါ်ကို အရင်သ တင်းဝင်ပို့ရမှာ။ လုံးဝ လုံခြုံတဲ့ အနေအထား မဟုတ်သေးဘူးဆို တော့ အန္တရာယ်ရှိတဲ့ နေရာတွေ ကိုတော့ မလွှတ်သေးဘူးထင်ပါ တယ်’’ဟု အထက ကြိမ်ချောင်း မောင်တောမြို့နယ် မြောက်ပိုင်းမှ အထက်တန်းပြဆရာ ဦးမင်း ကျော်ဌေးကပြောသည်။

‘‘မြို့ပေါ်ပဲထားမှာပါ။ သက် ဆိုင်ရာမြို့နယ်ကို အရင်သတင်းပို့ ရမယ်။ လုံခြုံမှုရှိတဲ့ ကျောင်းတွေ ကိုတော့ ဖွင့်မယ်။ အဲဒီကျောင်း တွေက ဆရာ၊ ဆရာမတွေက တော့ ကျောင်းတက်ရမယ်။ လုံခြုံမှုမရှိတဲ့ ကျေးရွာဘက်က ကျောင်း တွေတော့  မဖွင့်သေးပါဘူး။ ဆရာ၊ ဆရာမတွေကိုလည်း မြို့ပေါ်က စာသင်ကျောင်းတွေ၊ ရုံးတွေမှာ လုံခြုံရေးနဲ့ထားမယ်’’ဟု ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင် ကျော်ထွန်းက ပြောသည်။  

အကြမ်းဖက်မှု အန္တရာယ် စိုးရိမ်နေရဆဲ အခြေအနေတွင် မောင်တောဒေသသို့ သွားရောက် တာဝန်မထမ်းဆောင်လိုကြောင်း ဆရာ၊ ဆရာမအများစုက ပြည် နယ်ပညာရေးမှူးရုံးသို့ တင်ပြရန် စီစဉ်နေသည်။

‘‘ကျွန်တော်တို့ နီးစပ်ရာ ဆရာ၊ ဆရာမတွေကို စုထား တယ်။ အကုန်လုံးက မသွားချင် ကြဘူး။ မိသားစုတွေကလည်း မလွှတ်ဘူး။ မသွားနိုင်သေး ကြောင်း လူစုပြီး ရုံးကို ဖုန်းဆက် ဖို့ စီစဉ်ထားတယ်’’ဟု ဦးညီတင် လှက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် ဘူးသီးတောင်၊ မောင် တောနှင့် ရသေ့တောင်မြို့နယ် များတို့ရှိ အခြေခံပညာကျောင်း ၄၂၄ ကျောင်းကို သြဂုတ် ၂၅ ရက်က စတင်၍ ရက်အကန့်အသတ် မရှိ ပိတ်ထားခဲ့သည်။

အဆိုပါမြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမ ၃၆၅ ဦးရှိပြီး ကျောင်းသား၊ကျောင်းသူ တစ်သိန်းခြောက် သောင်းကျော်ရှိသည်။ အကြမ်း ဖက်မှုများ ဖြစ်ပွားစဉ်က မောင် တောဒေသတွင် ဆရာ၊ ဆရာမ များ ပိတ်မိနေရာ ပြည်နယ်ပညာ ရေးမှူးရုံးက ရခိုင်ပြည်နယ်အစိုးရ ထံ တင်ပြပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်ပေး သကဲ့သို့ ဆရာ၊ ဆရာမများကိုယ် တိုင် အရဲစွန့်ကာ ၎င်းတို့ အစီအစဉ်ဖြင့် စစ်တွေမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။