မွန်ပြည်နယ်တွင် ကြက်အရှင်ဈေးနှုန်း ကျဆင်းနေ၍ ကြက်ခြံတစ်ခြံလျှင် ကျပ်သိန်း ၃၀ အထိ ဆုံးရှုံး

 မွန်ပြည်နယ်တွင် အ သားစားကြက်အရှင်ဈေးနှုန်းကျ ဆင်း၍ ကြက်ကောင်ရေ ၁,၀၀၀ကျော် မွေးမြူထားသော ကြက်ခြံ တစ်ခြံလျှင် ကျပ်သိန်း ၃၀ ကျော်ဆုံးရှုံးနေကြောင်း ကြက်မွေးမြူသူ များက ပြောသည်။

လက်ရှိတွင် အသားစား ကြက်အရှင် တစ်ပိဿာလျှင် ကျပ် ၁,၉၀၀ အထိ ကျဆင်းနေ သဖြင့် ကြက်မွေးမြူသူ အများစု အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကြက်ခြံအများစုမှ သိရသည်။

‘‘အရင်တစ်ပတ်က တစ် ပိဿာကို ၂,၀၀၀ ဈေးရသေး တယ်။ ဒီတစ်ပတ်မှာ ဈေးပြန်ကျ သွားတယ်။ ကျွန်မတို့ ကြက်ခြံမှာ ကြက်က ရက် ၆၀ လောက်ရှိနေ ပြီ။ ဈေးမကောင်းသေးလို့ မရောင်းနိုင်သေးဘူး။ ထုတ်ရောင်းရင်တောင် တော်တော်ရှုံးမယ့် အနေအထားဖြစ်တယ်’’ဟု ပေါင်မြို့မှ ကြက်မွေးမြူသူဒေါ်အေးအေးက ပြောသည်။

ကြက်အကောင်ရေ ၁,၀၀၀ မှ ၁,၅၀၀ အထိ မွေးမြူထားသော ကြက်ခြံမှ ကြက်များ ယခင်တစ် ပတ်က ရောင်းရာတွင် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ဈေးဖြစ်၍ ကျပ် သိန်း ၃၀ ကျော် ဆုံးရှုံးကြောင်းဒေါ်အေးအေးက ဆိုသည်။

‘‘ဒိုင်တွေက ဈေးပေးတာ နည်းတာလည်းပါတယ်။ ဈေးတွေမှာရောင်းတဲ့ ကြက်သားရောင်းတဲ့သူတွေက ဝယ်ယူသူသိပ်မရှိတော့ အရင်လိုများများ ဝယ်မရောင်းတော့ဘူး။ အမှန်တကယ်ဆို ဒီကြက်တွေကို ၄၅ ရက်ပြည့်တာနဲ့ ဒိုင်တွေဆီကို ရောင်းရမယ့်ကြက်တွေ၊ အခုမရောင်းနိုင်သေးဘူး။ ကြက်ဈေးမရှိတော့အရှုံးခံပြီး ဈေးစောင့်နေရတယ်’’ဟု မုဒုံမြို့နယ်မှ ကြက်မွေးမြူသူ ဦးစိုးလှက ပြောသည်။

ဇူလိုင်တွင် ထားဝယ်မြို့နယ် ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ဥစား ကြက် မွေးမြူရေးခြံ၌ ကြက်ငှက်  တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွား ရာ မွန်ပြည်နယ်တွင် ကြက်သား စားသုံးသူလျော့နည်း၍ ဈေးနှုန်း ကျဆင်းလာသည်။ ထို့အပြင် မော်လမြိုင်မြို့တွင် ဗုံးခွဲမည်ဟူသော အ ကြမ်းဖက်မှုသတင်းများကြောင့် စားသောက်ဆိုင်များ ညအချိန် ပိတ်သိမ်းသဖြင့် ကြက်သားများ ဝယ်လိုအား လျော့ကျကာ ဈေး နှုန်း ကျဆင်းခဲ့ကြောင်း ကြက် ရောင်းဝယ်သူများက ဆိုသည်။

‘‘စားသောက်ဆိုင်တွေက အစောကြီးပိတ်တော့ ကြက်သား တွေကို နည်းနည်းပဲဝယ်တယ်။ မွေးမြူရေးခြံတွေကလည်း ရောင်း မယ့် ကြက်တွေများနေတော့ ဈေး ကျသွားတဲ့သဘောပါ။ ကြက်ဈေးနောက်တစ်ပတ်လောက်ဆို ပြန် တက်လာဖို့ ရှိပါတယ်’’ဟု မွန်ပြည်နယ်မှ ကြက်ဒိုင်ပိုင်ရှင် ဦးယူနွက်က ပြောသည်။

အသားစားကြက်ပေါက်တစ် ကောင်လျှင် ကျပ် ၈၅၀ ပေးဝယ် ၍ တစ်အိတ်လျှင် ကျပ် ၃,၆၀၀ တန် ကြက်စာခုနစ်အိတ် နေ့စဉ် ကုန်ကျကာ ၄၅ ရက်ကြာ မွေးမြူ ရသည်။ မွေးမြူထားသော ကြက် များ ၄၅ ရက်ပြည့်ချိန်တွင် ရောင်း ချနိုင်ခြင်းမရှိလျှင် ကြက်ကောင် ရေ ၁,၀၀၀ ကျော် မွေးမြူသော ကြက်ခြံတစ်ခြံတွင် ကြက်စာ ကုန် ကျစရိတ် ကျပ်သိန်း ၂၀ ကျော်မှ သိန်း ၃၀ ကျော်အထိ ဆုံးရှုံး ကြောင်း ကြက်မွေးမြူသူများက ဆိုသည်။

More in Regional Section