သဲကုန်းမြို့နယ်တွင် ဝဲကြီးချောင်းရေလျှံမှုကြောင့် ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများ တစ်လကျော်ကြာ ရေနစ်မြုပ်နေ

သဲကုန်းမြို့နယ်အတွင်းရေနစ်မြုပ်မှုကြာမြင့်နေသည့် ကျေးရွာချင်းဆက်လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

သဲကုန်းမြို့နယ်တွင် ဝဲကြီး ချောင်းရေလျှံမှုကြောင့် ကျေးရွာ များနှင့် လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်နေမှု တစ်လကျော် ကြာပြီဖြစ်ကြောင်း ယင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဇော်လင်းထိုက်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်း ကစတင်ပြီး တစ်လကျော်ကြာ ရေနစ်မြုပ်မှုသည် သဲကုန်းမြို့ နယ် ဝက်ပုတ်တိုက်နယ် ကြို့ပင်သာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများ အများဆုံးပါဝင်ပြီး ဆက်လက်နစ်မြုပ်ပါက လယ်ယာစိုက်ခင်းများပျက်စီးဆုံးရှုံးနိုင်၍ ကျန်းမာရေးထိခိုက်နိုင်ကြောင်း ၎င်းကပြောသည်။

‘‘ဝဲကြီးဆည်က လက်ခံနိုင် တဲ့ ရေအတိုင်းအတာထက်ကျော် လွန်တဲ့ရေက ဝဲကြီးချောင်းထဲ ရေလျှံတယ်။ အဲဒီမှာ မိုးရွာတာ တွေ၊ ဆည်ရေလျှံတာတွေပေါင်း ပြီး ကျေးရွာတွေနဲ့ လယ်ယာ စိုက်ခင်းတွေ ရေနစ်မြုပ်မှုကြာ နေတာဖြစ်တယ်’’ ဟု ဦးဇော်လင်း ထိုက်က ဆိုသည်။

ထိုကဲ့သို့ ရေနစ်မြုပ်မှုကြာ မြင့်နေခြင်းသည် ဝဲကြီးချောင်း ဖြတ်သန်းစီးဆင်းရာ ကြို့ပင်သာ အုပ်စုနှင့် ဝက်ပုတ်ကျေးရွာအုပ်စု ဝန်းကျင်၌ ချောင်းအတွင်းသစ်ပင် များထူထပ်စွာ ပေါက်ရောက်ပိတ် ဆို့နေခြင်းကြောင့် ရေစီးဆင်းမှုမ ကောင်းဘဲ မြစ်မခမြစ်အတွင်း ရေစီးဝင်မှု အားနည်းနေခြင်းကြောင့်ဖြစ်သည်။ သစ်ပင်များ ရှင်းလင်းနိုင်ရန် ပြီးခဲ့သည့်နှစ်ကတိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြပြီး မြစ်၊ ချောင်းဖွံ့ဖြိုးတိုးတက်ရေးဌာနများနှင့် ညှိနှိုင်းခဲ့သော်လည်း ယခုနှစ်ဘတ်ဂျက်တွင် အကောင်အထည်ဖော်ရန် ပါဝင်လာခြင်း မရှိကြောင်း ဦးဇော်လင်းထိုက်က ပြောသည်။

‘‘ဝဲကြီးဆည်ကတော့ ပေါင်း တည်မြို့နယ် အပိုင်ထဲမှာ ပါ တယ်။ စက်တင်ဘာ ၁၃ ရက်အ ထိတော့ ဆည်လက်ခံနိုင်တဲ့ရေ ထက်ပိုလျှံနေသေးတယ်လို့ သိရ တယ်။ ရေဝပ်နေတာတွေကို ဆည် မြောင်းလက်တံတွေက တစ်ဆင့် ဖောက်ထုတ်ဖို့ကလည်း ပေါင်း တည်မြို့နယ်ဘက်က ဆည် မြောင်းလက်တံတွေနဲ့ ဆက်နေ တယ်။ အဲဒါတွေကလည်း တည် ဆောက်ဆဲတွေလည်း ရှိနေတော့ မသက်သာဘူး’’ ဟု သဲကုန်းမြို့ နယ် ဆည်မြောင်းနှင့် ရေအသုံးချစီမံထိန်းသိမ်းရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းဌေးက ပြောသည်။

 ထိုကဲ့သို့ ရေနစ်မြုပ်ရာတွင် သဲကုန်းမြို့နယ်အတွင်းရှိ ကျေး ရွာများသာမကဘဲ နယ်မြေချင်း ထိစပ်နေသည့် ပေါင်းတည်မြို့ နယ်ရှိ ကျေးရွာများလည်းပါဝင်ပြီး ရေဝင်ရောက်နစ်မြုပ်မှုသည် စက်တင်ဘာ ၁၃ ရက်၌ ဝက်ပုတ်ကျေးရွာအုပ်စု အတွင်း ရှိ ပြည်-ရန်ကုန်ကားလမ်းမကြီး ဘေးသို့ ရောက်ရှိနေကြောင်း ကြို့ပင်သာကျေးရွာအုပ်စု ဒေသခံတောင်သူတစ်ဦးကပြောသည်။

‘‘ရေနစ်မြုပ်တာစပါးပင်အ ဖူးတွေဆိုရင် တစ်လက်မ၊နှစ် လက်မလောက်ပဲပေါ်တယ်။ တ  ချို့စပါးပင်တွေဆို စတင်ပျက်စီး နေတာတွေရှိတယ်’’ ဟု ၎င်းကဆို သည်။