စစ်ကိုင်းတိုင်း မီးသတ်ဌာနများ၌ အသုံးပြုရန် အုပ်ချုပ်မှုယာဉ်ခုနစ်စီး ပေးအပ်မည်

 စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ဖြင့် တိုင်းနှင့် ခရိုင်ခြောက်ခုရှိ မီးသတ်ဌာနများတွင် အသုံးပြုရန် အုပ်ချုပ်မှုယာဉ်ခုနစ်စီး ပေးအပ် ရန် စီစဉ်နေကြောင်း တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန ဒုတိုင်းဦးစီး မှူး ဦးမျိုးထွဋ်ဦးက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာနရုံးတွင် အ သုံးပြုရန် ဒပ်ဗ်ဘယ်ကက် အမျိုး အစား အုပ်ချုပ်မှုယာဉ်တစ်စီးနှင့် ယင်းမာပင်၊ မုံရွာ၊ ကလေး၊ တမူး၊မော်လိုက်နှင့် ခန္တီး စသည့်ခရိုင် ခြောက်ခုအတွက် ဆင်ကယ်ကက်အမျိုးအစား အုပ်ချုပ်မှု ယာဉ်ခြောက်စီးတို့ကို ယခုလတွင် ပေး အပ်ရန် စီစဉ်နေကြောင်း ဦးမျိုး ထွဋ်ဦးက ပြောသည်။

‘‘တခြားအုပ်ချုပ်မှုလုပ်ငန်း တွေမှာ မီးသတ်ကားနဲ့ အသုံးမပြု တော့ဘူး။ အစည်းအဝေးသွား တာ၊ အခမ်းအနားသွားတာ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ဒီအုပ်ချုပ်မှုယာဉ်တွေကို အသုံးပြုမယ်။ ခရိုင်အတွင်းမှာရှိတဲ့ မြို့ နယ်မီးသတ်စခန်းတွေ နယ်မြေ မီးသတ်စခန်းတွေကို သွားရောက် ပြီးတော့ ဌာနဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ဒီယာဉ် တွေ အသုံးပြုမယ်။ မီးလောင်မှုက လွဲပြီး အုပ်ချုပ်ရေးကိစ္စတွေမှာ အဓိကအသုံးပြုမည့် ယာဉ်တွေ ပါ’’ဟု ၎င်းက ပြောသည်။

 စစ်ကိုင်းတိုင်းရှိ ခရိုင်မီး သတ်စခန်းများတွင် ဖွဲ့စည်းပုံအရ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီး၊ ရေတိုင်ကီမပါသော မီးသတ်စက်ယာဉ်တစ်စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်နှစ်စီး၊ အုပ် ချုပ်မှုယာဉ်တစ်စီး ထားရှိရန်သတ်မှတ်ထားသည်။

သို့ရာတွင် လက်ရှိအချိန်အ ထိ စစ်ကိုင်းတိုင်းခရိုင်ကိုးခုရှိ မီး သတ်စခန်းများ၌ မီးငြှိမ်းသတ် ယာဉ်သုံးစီးနှင့် ရေသယ်ယာဉ်နှစ် စီးရှိသော်လည်း မီးသတ်စက် ယာဉ်များသည် စစ်ကိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့တွင်သာ ရှိသည်။ ထို့ အပြင် ရှာဖွေကယ်ဆယ်ရေးယာဉ် သည်လည်း မုံရွာမြို့တွင်သာ ရှိ သည်။

သို့သော် ခရိုင်ခြောက်ခု တွင် အုပ်ချုပ်မှုယာဉ်ပေးအပ်ပြီး ပါက စစ်ကိုင်းတိုင်း ခရိုင်ကိုးခုစလုံး၌ အုပ်ချုပ်မှုယာဉ် တစ်စီးစီ သတ်မှတ်ချက်ပြည့်မည် ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး မီးသတ်စခန်းတစ် ခု၊ ခရိုင်မီးသတ်စခန်းကိုးခု၊ မြို့ နယ်မီးသတ်စခန်း ၄၇ ခုနှင့် နယ်မြေမီးသတ်စခန်း ၁၀၁ ခုရှိကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနရုံးမှတ်တမ်းများအရ သိရသည်။

More in Regional Section