နိုင်ငံတကာသတင်းတိုများ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်သည် ယခုသီ တင်းပတ်အတွင်း ကျင်းပမည့် မက္ကဆီကိုနိုင်ငံ လွတ်လပ်ရေး အခမ်းအနားများအတွက် ယင်းနိုင်ငံသို့ သွားရောက်မည်ဖြစ် ရာ ၎င်းသည် ယင်းအခမ်းအနားများသို့ တက်ရောက်သောပထမဆုံးကာကွယ်ရေးဝန်ကြီးဖြစ်သည်။ နှစ်နိုင်ငံကြား တင်းမာမှုများ ရှိနေသော်လည်း ကာကွယ်ရေးဆက်ဆံမှုများ အားကောင်းလာသောလက္ခဏာဖြစ်သည်။


အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားပြီး အသေခံဗုံးခွဲမှုများ ပြုလုပ်ရန် အစီအစဉ် တစ်ရပ်ကို တားဆီးလိုက်နိုင်သည်ဟု ယင်းတပ်ဖွဲ့မှ တပ်မှူးတစ် ဦးကပြောသည်။ ရှီးဟိုက်ဘာသာရေးပွဲတော် ၁၀ ရက် အားလပ်ရက်များတွင် ဗုံးခွဲရန် စီစဉ်ထားသည်ဟု ၎င်းကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုဝင်ဘာအတွင်း ပထမ ဆုံး အာရှခရီးစဉ်တွင် တရုတ်နိုင်ငံသို့ လည်ပတ်ဖွယ်ရှိသည်ဟု ကန်အရာရှိတစ်ဦးက ပြောသည်။ ယင်းမှာ မြောက်ကိုရီးယားနှင့် ပတ်သက်၍ တင်းမာမှုများရှိနေစဉ် ထွက်ပေါ်လာသောခရီးစဉ် ဖြစ်သည်။

Top News