စင်ကာပူရေပြင်တွင် သင်္ဘောနှစ်စီးတိုက်မိ သင်္ဘောသားငါးဦး ပျောက်ဆုံးနေ

စင်ကာပူရေပြင်တွင် ရေနံတင်သင်္ဘောနှင့် တိုက်မိပြီး သောင်တူးသင်္ဘော နစ်မြုပ်ကာ သင်္ဘောသားငါးဦး ပျောက်ဆုံးနေပြီးနောက် ဆွဲသင်္ဘောလေးစီးက ဘေးကင်းရာသို့ ဆွဲယူလာစဉ် (The Maritime and Port Authority of Singapore/AP)

စင်ကာပူရေပြင်တွင် သင်္ဘောနှစ်စီး တိုက်မိပြီးနောက် သင်္ဘောသားငါးဦး ပျောက်နေ ကြောင်း ဆိပ်ကမ်းအာဏာပိုင် များက ပြောသည်။

အင်ဒိုနီးရှား ရေနံတင် သင်္ဘော တစ်စီးနှင့် ဒိုမေနီကန် သောင်တူးသင်္ဘော တစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။


ထိုသောင်တူးသင်္ဘောပေါ် တွင် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မလေးရှားနိုင်ငံသားတစ်ဦး လိုက် ပါလာရာ ယင်းအနက် တရုတ် နိုင်ငံသား ခုနစ်ဦးကို ကယ်ဆယ် ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော် လည်း ကျန်ငါးဦးပျောက်ဆုံးနေ သည်။

 ရေနံတင်သင်္ဘောပေါ်၌အင်ဒိုနီးရှားနိုင်ငံသား သင်္ဘော သား ၂၆ ဦး လိုက်ပါလာခဲ့သော် လည်း ထိခိုက်ဒဏ်ရာသူမရှိပေ။

ယင်းသို့ သင်္ဘောနှစ်စီးတိုက် မိခြင်းကြောင့် သောင်တူးသင်္ဘော  တိမ်းမှောက်ကာ သင်္ဘော၏ အ စိတ်အပိုင်းအချို့ ရေနစ်မြုပ်ခဲ့ပြီး ရေနံတင်သင်္ဘောမှာ ဘေးဘက်တစ်ခြမ်းသာ ထိခိုက်မှုရှိခဲ့ကြောင်း စင်ကာပူ ရေကြောင်းအာဏာ ပိုင်များက ထုတ်ပြန်သည်။

လက်ရှိတွင် အာဏာပိုင်များ က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရှာဖွေရေး ရေယာဉ်များနှင့် ရဟတ်ယာဉ် တစ်စီးကို အသုံးပြုနေသည်။

ယင်းသို့ သင်္ဘောနှစ်စီးတိုက် မိမှု ဖြစ်ပွားခဲ့သော်လည်း စည် ကားသော စင်ကာပူရေလက် ကြားအတွင်း ရေကြောင်းသွား လာမှု ပိတ်ဆို့ခြင်း မရှိခဲ့ကြောင်း အာဏာပိုင်များကပြောသည်။

ပြီးခဲ့သည့် တစ်လခန့်က စင် ကာပူနိုင်ငံအနီးတွင် အမေရိကန် ဖျက်သင်္ဘောတစ်စီးနှင့် ရေနံတင် သင်္ဘောတစ်စီး တိုက်မိရာ ကန်သင်္ဘောသား ၁၀ ဦး သေဆုံးခဲ့ သည်။               

—Ref: BBC