နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခြင်း

‘‘လုံခြုံရေးကောင်စီအစည်းအဝေးဆိုသည်မှာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်တဲ့ပြဿနာတွေ ပေါ်ပေါက်လာမှသာ လုံခြုံရေးကောင်စီအစည်းအဝေးက ခေါ်ယူပြီးတော့ ဒါကိုစဉ်းစားရတဲ့အခြေအနေဖြစ်တယ်။ အခုမြန်မာနိုင်ငံရဲ့ အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိခိုက်နေပြီလား။ ဘာမှ မဖြစ်သေးဘူး’’
ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ-ဝဏ္ဏအောင်)

ရခိုင်အရေးနှင့်ပတ်သက်၍ ပြည်ပရှိ မြန်မာသံရုံးအချို့တွင် ဆန္ဒပြမှုများ ကြုံတွေ့နေရသည်။ ထို့အပြင် အချို့သောနိုင်ငံများကလည်း လူ့အခွင့်အရေးရှုထောင့်မှနေ၍ ရခိုင်အရေးအပေါ် ဖိအားပေး နေကြသည်။ လတ်တလော အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့်လက်ရှိပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌဦးဝဏ္ဏမောင်လွင်နှင့် စက်တင်ဘာ ၁၀ရက်က တွေ့ဆုံစဉ် မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ရခိုင်အရေးဖြစ်စဉ်မှာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို ဘယ်လို သုံးသပ်လိုပါသလဲ။

အခုချိန်မှာ ဒီကိစ္စသည် ပြည်တွင်းရေးကိစ္စအဖြစ် တို့ကတော့ သတ်မှတ်တယ်။ အခုလည်းပဲ ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ မီဒီယာ တွေမှာ ပြတဲ့အခါ ဒီရခိုင်တိုင်း ရင်းသားတွေ၊ မြိုတွေ၊ ခမီ၊ ဟိန္ဒူ ဘာသာဝင်တွေ သတ်ဖြတ်ခံရ တာတွေ အစိုးရက ဒါနဲ့ပတ်သက် ပြီးတော့ တိတိကျကျထုတ်ပြန်ဖို့ အားနည်းတာကို တွေ့ရတယ်။ အလားတူပဲ နိုင်ငံတကာတွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြတာ မတွေ့ရဘူး။ နိုင်ငံတကာမီဒီယာ တွေကို ရခိုင်ဖြစ်စဉ်တွေဆီခေါ် သွားတယ်။ မောင်တောဘက်က မီးလောင်သွားတဲ့ ဘင်္ဂါလီတွေဆီ ကို ခေါ်သွားတယ်။ အဲဒီလိုခေါ် သွားတဲ့အချိန်မှာ မြိုတွေ၊ ခမီ တွေ၊ ရွှေ့ပြောင်းနေတဲ့ဟာတွေ မပါဘဲနဲ့ ဒီရွာက ဘင်္ဂါလီတွေက ထွက်ပြေးတယ်ဆိုတဲ့ဟာကိုပဲ ဖော်ပြတယ်။ တကယ့်ဖြစ်စဉ်မှာ အဲဒီနေရာမှာရှိနေတဲ့ တိုင်းရင်း သားတွေက အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေပစ်ပြီး အကုန်လုံး ထွက်ပြေးလာခဲ့ကြရတယ်။ ဒီ ဘက်က ဘင်္ဂါလီတွေ ဒုက္ခရောက် တဲ့ကိစ္စကိုပဲ ဟိုက်လိုက်လုပ်လာ ကြတယ်။ ဒါသွေးရိုးသားရိုးဟုတ် လို့လား။ အဲဒီဟာတွေနဲ့ နိုင်ငံ တကာက ဖိအားပေးမှုတွေလုပ် လာတယ်။ ကိုဖီအာနန်ဘက်ရီပို့ ကြီးပေါ့။ ဒီရီပို့ကြီးအပေါ် မူတည် ပြီးတော့ ဒီရီပို့သည် မူလအကြံ ပေးမှုပဲလို့ ဖော်ပြထားတယ်။ ဒီ ကြားဖြတ် ရီပို့ကို လိုက်နာဆောင် ရွက်ပါမယ်လို့ အာမခံပေးပြီး တော့ ပြောလာတယ်။ နောက်ဆုံး ရီပို့တင်လိုက်တော့ ထောက်ခံပါ တယ်လို့ ချက်ချင်းလုပ်လာတယ်။ အဲဒီအချိန်မှာ ယူကေက အစည်း အဝေးခေါ်ခိုင်းတယ်။

ဒီလူတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးပါ။ ဒီလူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးပါဆိုတာကိုပြောတယ်။ အလားတူပဲ တခြားနိုင်ငံကြီးတွေကလည်း ဒီအတိုင်းပဲပြောတယ်။ ဒီအစီရင်ခံစာက တို့နိုင်ငံအတွက်ပဲ ပြောတာမဟုတ်ဘူးလား။ သူက ဒီအစိုးရကိုပဲပေးရမှာ။ ကော်မရှင်သည် သူ့ကိုခိုင်းရတဲ့အစိုးရကိုပဲတင်ရမှာ။ ဘာဖြစ်လို့ ကုလသမဂ္ဂ မျက်နှာစာထိရောက်သွားလဲ။ ကုလသမဂ္ဂမျက်နှာစာမှာ နိုင်ငံကြီးတွေကဒီအတိုင်းလုပ်ဖို့ ဖိအားပေးလာတာလဲ။ ဒါဆိုလို့ရှိ ရင်ဒီအစီရင်ခံစာကြီးက မှန်ပြီလား။ သူတို့အကြံပြုချက်တွေကကော တို့အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဘောင်ထဲက ရှိမှာလား။ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဘောင်ကို ကျော်နေပြီလား။ ဒါကို ပြန်ဆန်းစစ်ရမယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်၊ ဆိုပါတော့ အစိုးရအပိုင်း၊ လွှတ်တော်အပိုင်းက ဒီတွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို ဟုတ်၏၊ မဟုတ်၏လိုက်နာနိုင်၏။ ပြည်တွင်းမှာရှိတဲ့ ဥပဒေတွေနဲ့ ဆန်းစစ်ဖို့အချိန်မယူတော့ဘူးလား။  အလားတူပဲ အာဏာပိုင်ထဲမှာမပါတဲ့ အထူးသဖြင့်ရခိုင်တိုင်းရင်းသား တွေကော တွေ့ပြီးပြီလား၊ ရခိုင်တိုင်းရင်းသားတွေကကော ဒါကို လက်ခံနိုင်ဖွယ်ရာရှိရဲ့လား။ ဒီမိုကရေစီစနစ်မှာ ဒီလိုပဲသွားရမှာ။ ဒီဟာတစ်ခုမှမရှိဘဲနဲ့ လက်ခံလိုက်ပါပြီတဲ့။ အဲဒီလို လက်ခံလိုက်ရင် နိုင်ငံတကာကနေပြီးတော့ ဒီလိုလုပ်ရပါမယ်ဆိုရင် ဒါသည် တို့ရဲ့ အချုပ်အခြာအာဏာကို ကျော်သွားပြီ။ သူတို့ပြောတိုင်းလုပ်ရမှာလား။ သူတို့ဖိအားပေးတိုင်း လုပ်ရမှာလား။ တို့က လွတ်လပ်တဲ့ နိုင်ငံ၊ ပြည်သူကကော ဒါကို လက်ခံရဲ့လား။ ကျန်တဲ့အဖွဲ့အစည်း တွေကော၊ အဖွဲ့အစည်းတွေဆို တာ ဒီမှာရှိတဲ့ နိုင်ငံရေးပါတီတွေ ကော၊ တိုင်းရင်းသားအဖွဲ့အစည်း တွေကော၊ ရခိုင်တိုင်းရင်းသား အဖွဲ့တွေကကော၊ ရခိုင်မဟုတ်ဘဲနဲ့ ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကကော ပြည်သူလူထုကကော ဒါကြီးကို လက်ခံပြီလား။ ဒါတွေ မရှိသေးဘဲနဲ့ နိုင်ငံတကာက ဖိအားပေး တယ်ဆိုရင် ဒါသဘာဝမကျဘူး။

နိုင်ငံခြားမှာရှိတဲ့ မြန်မာသံရုံးတွေ ကို ဆန္ဒပြတဲ့အခါမှာ အန်ကယ့်တုန်းက ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ အ တွေ့အကြုံပြောပြပေးပါ။

သံတမန် ထုံးစံကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ လုံခြုံရေးအဖွဲ့အစည်းကနေပြီးတော့ အနည်း ဆုံး ၄၈ နာရီကြိုတင်ပြီး အ ကြောင်းကြားရတယ်။ မြန်မာသံရုံး (သို့မဟုတ်) သံရုံးတစ်ခုခုရဲ့ ရှေ့မှာ ဘယ်နေ့ဘယ်ရက်မှာ လူ ဘယ်လောက်၊ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ဆန္ဒပြပါမယ်။ သူ့သက်ဆိုင်ရာအစိုးရကနေပြီး တော့ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အ စည်းတွေဆိုပါတော့။ တချို့နိုင်ငံကြီးတွေမှာ သံတမန်လုံခြုံရေးဆို တာရှိတယ်။ သံတမန်လုံခြုံရေး ဌာနကနေပြီးတော့ သက်ဆိုင်ရာ သံရုံးကို အကြောင်းကြားရတယ်။ ပြီးလို့ရှိရင် သံရုံးရဲ့ လုံခြုံရေးကို လုံးဝတာဝန်ယူ။ ပြီးရင် ဘယ်နေ ရာကမှ မကျော်ရဘူး။ သတ်မှတ် တဲ့နေရာအတွင်းမှာပဲ ပြရမယ်။ ဒီလိုသတ်မှတ်ပေးတယ်။ ဒါက လုံခြုံရေးအတွက် အိမ်ရှင်နိုင်ငံက တာဝန်ယူပေးရတယ်။ ဒီအစိုးရ က လုံခြုံရေးကို ပြည့်ပြည့်ဝဝ တာဝန်မပေးနိုင်ဘူးဆိုရင် ဒီအစိုး ရနဲ့ စကားပြောရမယ်။ ခဲတွေနဲ့ ထုလာမယ်။ အကြမ်းတွေဖက် လာမယ်။ ဆိုင်းဘုတ်တွေ ရိုက် ချိုးမယ်။ ဒါတွေကို လက်ခံလို့မရ ဘူး။ ဒီဥစ္စာတွေ မဖြစ်အောင် သက်ဆိုင်ရာနိုင်ငံက တာဝန်ယူ ပေးရတယ်။ ပြီးရင် အထဲမှာရှိနေ တဲ့ သံတမန်တွေရဲ့ လုံခြုံရေးကို အဲဒီအစိုးရက လုံးဝအာမခံရ မယ်။ တစ်ခုခုဖြစ်လို့မရဘူး။ ဖြစ် သွားရင် သံတမန်နည်းလမ်းဖြတ်တာ။ သံတမန်ရုံးပိတ်တာ ဒီအထိ လုပ်လို့ရတယ်။ ဒါက သံတမန် လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတိုင်း လိုက်နာရတဲ့ ကျင့်ဝတ်ပဲ။

အခုလာမယ့်ရက်ပိုင်းအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံ ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီညီလာခံမတိုင်မီ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီမှာ ရခိုင်အရေး အရေးပေါ်အစည်းအဝေးခေါ်ဖို့ ကြိုးစားခဲ့တာကို တရုတ်နိုင်ငံက ကန့်ကွက်လို့မဖြစ်မြောက်ခဲ့တာ လည်းရှိထားတော့ ကုလညီလာခံ မှာ မြန်မာအစိုးရကြုံတွေ့ရနိုင် တဲ့ အခြေအနေကိုလည်း သုံးသပ် ပြောကြားပါဦး။

ကုလသမဂ္ဂအထွေထွေညီလာခံကတော့ စက်တင်ဘာမှာ စပြီပေါ့နော်။ အဲဒီလိုစပြီးလို့ လေး၊ ငါးရက်လောက်ဆိုရင်တော့ နိုင်ငံ့ ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီး အကဲတွေ၊ အစိုးရအဖွဲ့အကြီး တွေနဲ့ သူတို့သက်ဆိုင်ရာ နိုင်ငံ တွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြောကြမယ့် အစီအစဉ်တွေရှိကြတယ်။ အဲဒီအထဲမှာလည်း အထူးသဖြင့် တော့ ဘာသာမတူတဲ့ ဘင်္ဂါလီ တွေဘက်ကနေ ဘာသာတူတဲ့ နိုင်ငံတွေက ဝေဖန်ပြောကြားမှု၊ ဖိအားပေးမှုတွေ ပါလာနိုင်တယ်။ ရှိလာနိုင်တယ်။ အလားတူပဲ အ နောက်နိုင်ငံကြီးတွေကလည်း ဒီ အစိုးရနဲ့ ဆက်ဆံမှုကောင်းနေ သည်ဆိုသည့်တိုင်အောင် ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မှာ ပြောကြားခဲ့တဲ့ နိုင်ငံတွေက လည်း ဒီလိုကိစ္စတွေထည့်ပြီးပြော မယ့် အခြေအနေရှိတယ်။ သို့ သော် လုံခြုံရေးကောင်စီအစည်း အဝေးဆိုသည်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်တဲ့ပြဿနာတွေ ပေါ်ပေါက်လာ မှသာ လုံခြုံရေးကောင်စီအစည်း အဝေးက ခေါ်ယူပြီးတော့ ဒါကို စဉ်းစားရတဲ့အခြေအနေဖြစ် တယ်။ အခု မြန်မာနိုင်ငံရဲ့ အခြေ အနေသည် နိုင်ငံတကာငြိမ်းချမ်း ရေးနဲ့ လုံခြုံရေးကို ထိခိုက်နေပြီ လား။ ဘာမှ မဖြစ်သေးဘူး။ ဒီ ပြည်တွင်းထဲမှာ ဒီလိုလူအုပ်စု တွေနဲ့ တိုက်ခိုက်ကြတယ်။ ဒါ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကနေပြီးတော့ လုံခြုံရေးရရှိ အောင်၊ တရားဥပဒေစိုးမိုးရေးရရှိ အောင် လုပ်နေရတယ်။ တစ်ဖက် နိုင်ငံကို နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတယ်ဆိုတာ ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ တို့နိုင်ငံပိုင် သတင်းမီဒီယာတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမရှိဘူး။ နှစ် နိုင်ငံက ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနေတာရှိသလား။ သံတမန် နည်းအရ ဘာတွေလုပ်နေတာရှိ လဲ မတွေ့ရသေးဘူးဆိုရင် သံ တမန်ပိုင်းဆိုင်ရာ ပြဿနာမရှိဘူး လို့ ယူဆရတယ်။ ဒီလိုမရှိသေး ဘူးဆိုရင် ဒီကိစ္စသည် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ ပြဿ နာလို့ ယူဆလို့မရဘူး။ အဲဒီလို ယူဆလို့မရလို့ရှိရင် လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်လို့ မရဘူး။ အဲဒါကို ရှင်းရှင်းလင်း လင်းနားလည်ရမယ်။ တချို့နိုင်ငံ ကြီးတွေက ဥပမာ ယူကေပေါ့။ ယူကေ (ကုလလုံခြုံရေးကောင် စီ) အဖွဲ့ဝင်ဖြစ်နေတော့ အစည်းအဝေးခေါ်တယ်ပြောတယ်။ ပြော ပြီးတော့ အစည်းအဝေးမှာ တစ်စုံ တစ်ရာထုတ်ပြန်နိုင်ခြင်းမရှိဘဲနဲ့ အစည်းအဝေးတော့ လုပ်လိုက် တယ်လို့ ပြောတယ်။ ဆိုတော့ ဘယ်အကြောင်းပြချက်နဲ့ ခေါ်ခိုင်း တာလဲ။ အကြောင်းပြချက်နဲ့ ခေါ် မယ်ဆိုရင် ကာယကံရှင်ကို နယူး ယောက်မှာရှိနေတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးကို ပြောလား။ မင်းနိုင်ငံနဲ့ပတ်သက် လို့ ငါတို့က အစည်းအဝေးလုပ် တော့မယ်။ ဒါမှမဟုတ် ဒီမှာရှိနေ တဲ့ အင်္ဂလိပ်သံအမတ်ကြီးက ဒီ က နိုင်ငံခြားရေးဝန်ကြီးဌာနကို ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စ နဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ မှာ ဆွေးနွေးတော့မယ်။ အဲဒီလို ပေါ့ သက်ဆိုင်ရာနိုင်ငံကို အသိ ပေးအကြောင်းကြားရမယ်။ နိုင်ငံ တကာလုံခြုံရေးကောင်စီအစည်း အဝေးတွေခေါ်ရမယ်ဆိုတာကို က သူက နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်တဲ့ပြဿ နာပဲ။ ဒါကိုပဲ ဆွေးနွေးရမှာ။ ဒါ ကို မိမိနိုင်ငံကနေပြီးတော့ ဒါကို ခင်ဗျားတို့ ဆွေးနွေးစရာမလိုဘူး။ ဘယ်အတိုင်းအတာ ဘယ်ကို သက်ရောက်မှုရှိနေလို့ ခင်ဗျားတို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမှာလဲ။ ဒါကို ပြတ်ပြတ်သားသား ငြင်းဆန်နိုင်ရမယ်။ မလုပ်ဖို့ပြောရဲရ မယ်။ သံတမန်ရေးအရ ကိုယ့် နိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုထဲ မှာပဲရှိတဲ့ ပြဿနာတွေကို ကိုယ့် နိုင်ငံထဲမှာ ဖြေရှင်း။ ပြင်ပက ဝင် ရောက်စွက်ဖက်တာကို လက်မခံရဘူး။ တားဆီးနိုင်ရမယ်။ ဒါမှ လွတ်လပ်တဲ့နိုင်ငံ၊ အချုပ်အခြာ အာဏာပိုင်နိုင်ငံ။

ကုလလုံခြုံရေးကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက် လက်ထောက်ခံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်အရေး ဖြေရှင်းရာမှာ ကိုဖီအာနန်ကော် မရှင်ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင် ရွက်ခဲ့မှုရဲ့ နောက်ဆက်တွဲသက် ရောက်မှုလို့ ပြောနိုင်ပါသလား။

ဒါကလည်းပဲ လုပ်သည်ဖြစ် စေ၊ မလုပ်သည်ဖြစ်စေ၊ ပြီးခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင် အနောက်နိုင်ငံကြီးတွေက သူ့(ဒေါ်အောင်ဆန်းစုကြည်)အ ပေါ်မှာ ဟိုးကတည်းကပဲလည်း ထောက်ခံအားပေးမှု၊ ကျော ထောက်နောက်ခံဖြစ်မှုလုပ်ခဲ့တာ ပဲ။ အခုလည်း ဒါကို ကိုဖီအာနန် ကော်မရှင်ဖွဲ့တာကို ထောက်ခံ တယ်လို့ဆိုတာက ကိုဖီအာနန် ကော်မရှင်ဖွဲ့တာက ဒီကိစ္စသည် မြန်မာနိုင်ငံရဲ့အရေး၊ ပြည်တွင်း မှာပဲ ရှင်းရမယ့်ကိစ္စပဲ။ ဒီကိစ္စကို နိုင်ငံတကာပြဿနာအဖြစ်နဲ့ ဆွဲ တင်သွားတာကို ထောက်ခံမှာ လား။ အဲဒီလိုဆို နိုင်ငံတကာ ပြဿနာအဖြစ် သူတို့က ဝင်ပြီး တော့ ဝင်စွက်ဖက်ဦးမှာလား။ ဒါက ပြန်စဉ်းစားဖို့ရှိတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ နိုင်ငံ တကာအသိုင်းအဝိုင်းမှာ မြန်မာ နိုင်ငံအနေနဲ့ ဖြစ်စဉ်အမှန်ကို ဒီ ထက်ပိုပြီး ထိထိရောက်ရောက် ရှင်းလင်းတင်ပြနိုင်ဖို့ ဘာတွေကြိုးစားအားထုတ်သင့်တယ်လို့ထင် ပါသလဲ။

ဖြစ်စဉ်လည်း ဖြစ်ခဲ့တာပဲ။ ဖြစ်တာလည်း အမှန်ပဲ။ အစိုးရမီ ဒီယာတွေက နောက်ကျတယ်။ အပြည်အစုံဖော်ပြတာ မတွေ့ရဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူလူ ထုအကုန်လုံး အချိန်နဲ့ တစ်ပြေး ညီသိရှိဖို့ မလုပ်နိုင်သလို ပြည်ပ မီဒီယာကိုလည်း ထိုးဖောက်နိုင် ခြင်းမရှိဘူး။ သံတမန်တွေကိုခေါ် ပြီး ရှင်းလင်းတယ်ဆိုတာတွေ့ရ တယ်။ သို့သော် ဖြစ်စဉ်နဲ့ တစ် ပြေးညီ မဖြစ်ခဲ့ဘူး။ အဲဒီအပေါ် မှာ မူတည်ပြီးတော့ အစိုးရအနေ နဲ့ မိမိနေရာမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုတော့ အများသိ အောင် လုပ်နိုင်ရမယ်။ လုပ်သင့် တယ်။

ကျေးဇူးတင်ပါတယ်။

 

Top News