လူဆိုးအဖြစ် သရုပ်ဆောင်ရတဲ့အပေါ် စိုးရိမ်စိတ်မရှိတဲ့ တစ်ကျော့ပြန် ထူးခြား

အနုပညာလောကမှ ခုနစ်နှစ်ခန့် ပျောက်ခဲ့ပြီးနောက် ပြန်လည်လုပ် ကိုင်လာသည်မှာ လေးနှစ်ခန့်ရှိနေ ပြီဖြစ်သည့် သရုပ်ဆောင်ထူးခြားက ရုပ်ရှင်ဇာတ်ကားအများစုတွင် ဇာတ်ကြမ်းများကို လက်ခံရိုက်ကူး နေပြီး လူဆိုးဇာတ်
ရုပ်ရိုက်ရသည့် အပေါ် စိုးရိမ်မှုမရှိဟု ပြောသည်။


‘‘အရှေ့မှာ ပျောက်သွားတာ က  ပါဆင်နယ်ကိစ္စလေးတစ်ခု ရယ်၊ အဆင်မပြေတာလေးတစ်ခု ကြောင့်ပါ။ အခုပြန်ရိုက်နေတာက တော့ လေးနှစ်ကျော်လောက်ရှိပါ ပြီ။ နုနုရွရွကာရိုက်တာလေးတွေ လည်း အရမ်းရိုက်ချင်တယ်။
ရိုက် ထားတာတွေလည်း ရှိပါတယ်။ ဒါ ပေမဲ့ ပြန်ရိုက်တဲ့အချိန်မှာ အကြမ်းအရမ်းကတော့ ပိုများတာပေါ့။ နောက်တစ်ခုက ကျွန်တော်က ကြေး(ဂျီး)မများလို့ပါ။ ငှားတဲ့သူ တွေအနေနဲ့ကလည်း ကျွန်တော်နဲ့ အဲဒီကာရိုက်တာနဲ့
လိုက်ဖက်လို့ ငှားတယ်ပဲထင်ပါတယ်’’ဟု ၎င်း က ပြောသည်။

ယင်းသို့ အကြမ်းအရမ်း ဇာတ်ရုပ်များ ရိုက်ကူးရခြင်းအ ပေါ် စိုးရိမ်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

‘‘လူဆိုးကာရိုက်တာ ရိုက်ရ တဲ့အတွက် စိုးရိမ်တာမျိုးလည်း မရှိဘူး။ အရင်ကဆို Rape (အဓမ္မ ကျင့်)လုပ်တာကအစ ကျွန်တော် ရိုက်ခဲ့တယ်။ ဒါပေမဲ့ အခုပရိသတ်တွေက နားလည်လာပါပြီ။ တိုး တက်လာတယ်လို့ပဲ ပြောရမှာ ပေါ့။ အခြေခံလူတန်းစားကာရိုက် တာ ရိုက်ရတာလည်း ပျော်တယ်။ သဘောကျတယ်။ လွတ်လွတ် လပ်လပ်လည်းရှိတယ်။ အပြင်နဲ့ လည်း နီးစပ်တယ်’’ဟု ထူးခြားက ပြောသည်။

လက်ရှိတွင် ဒါရိုက်တာ စတီးလ်ရိုက်ကူးမည့် ‘သူ့နာမည် ရွှေရုပ်’ဇာတ်ကားတွင် လူဆိုးတစ် ဦးအဖြစ် ရိုက်ကူးသရုပ်ဆောင် မည်ဖြစ်သည်။

အဆိုပါ ဇာတ်ကားအပြီးတွင် ဒါရိုက်တာစတီးလ်ဖြင့်ပင် ရုပ်ရှင် ဇာတ်ကားဆက်လက်ရိုက်ကူးရန် ရှိသည်ဟု ဆိုသည်။

Top News