လစာကြွေးကျန် မဖြေရှင်းပေးပါက လိဂ်လက်ကျန်ပွဲများကို ယှဉ်ပြိုင်မည်မဟုတ်ဟု နေပြည်တော်နည်းပြချုပ်ဆို

နေပြည်တော်အသင်းပိုင်ရှင်အနေဖြင့် အုပ်ချုပ်နည်းပြအဖွဲ့နှင့် ကစားသမားများ၏ လစာကြွေး ကျန်များကို ဖြေရှင်းပေးခြင်းမရှိပါ က လိဂ်ပွဲစဉ်လက်ကျန်ငါးပွဲကို ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း အသင်းနည်းပြချုပ် ဦးကျော်မင်း ထူးက ပြောသည်။


 နေပြည်တော်အသင်းအုပ် ချုပ်နည်းပြအဖွဲ့နှင့် ကစားသမား များသည် ယခုနှစ်ဧပြီမှ သြဂုတ် အကုန်ထိ လစာမရရှိသေးသဖြင့် အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့် ဆန်းသို့ အကြောင်းကြားထား သော်လည်း လာရောက်ဖြေရှင်းပေးခြင်းမရှိသောကြောင့် လက်ကျန်ပွဲစဉ်များကို ယှဉ်ပြိုင်ရန်မဖြစ်နိုင်တော့ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့က အကုန်လုံး ရှင်းပေးဖို့လည်း ပြောနေတာ မဟုတ်ပါဘူး။ လစာနှစ်လစာ လောက်ရရင်ကိုပဲ ကစားသမား တွေက ကစားဖို့ရှိတယ်။ ဒါကို မပေးဘူး။ ကျွန်တော်လည်း ကစား သမားတွေကို ကိုယ်ချင်းစာတယ်။  ကစားသမားတွေရဲ့ စာချုပ်ကဒီ အောက်တိုဘာအကုန်ထိပဲဆို တော့ စာချုပ်ကုန်တာနဲ့ သူတို့သွား ချင်တဲ့ အသင်းကိုသွားလို့ရပြီ’’ ဟု ဦးကျော်မင်းထူးက ပြောသည်။

မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီအနေဖြင့် နေပြည်တော် အသင်းလစာပြဿနာကို ဖြေရှင်း ပေးရန် ကြိုးစားနေသော်လည်း အသင်းပိုင်ရှင်ထံ ဆက်သွယ်မရ သဖြင့် အခက်အခဲဖြစ်နေကြောင်း မြန်မာလိဂ်အမှုဆောင် အရာရှိချုပ်ဦးစိုးမိုးကျော်က ဆိုသည်။

‘‘ကစားသမားတွေအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ် ပေးပါမယ်။ ဒါပေမဲ့ အသင်းပိုင် ရှင်ကို ဆက်သွယ်လို့မရဘူးဖြစ်နေ တော့ ဘာမှလုပ်မရဘူး။ အသင်း ပိုင်ရှင်နဲ့တွေ့ပြီး ညှိနှိုင်းဖို့ကြိုးစား နေတယ်’’ဟု ဦးစိုးမိုးကျော်က ပြောသည်။ 

အထက်ပါကိစ္စနှင့်ပတ်သက် ၍ နေပြည်တော်အသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းထံ 7Day News က ဆက်သွယ်သော်လည်း မရခဲ့ပေ။

စက်တင်ဘာ ၉ ရက်က ၀ဏ္ဏသိဒ္ဓိကွင်း၌ ယှဉ်ပြိုင်ရမည့် မြန်မာလိဂ်ပွဲစဉ်(၁၇)တွင် နေ ပြည်တော်ကစားသမားများ လာရောက်ခြင်းမရှိသဖြင့် ပွဲပျက်ခဲ့ ပြီး ပြိုင်ဘက် ဇွဲကပင်အသင်းကို သုံးဂိုး၊ သုံးမှတ်ဖြင့် အ နိုင်ပေးခဲ့ သည်။ 

လက်ကျန်ပွဲစဉ်များတွင်  လာရောက်ခြင်းမရှိပါက  ပြိုင်ဘက်အ သင်းများကို သုံးဂိုး၊ သုံးမှတ်ဖြင့် အနိုင်ပေးရမည်ဖြစ်ကြောင်း ဦးစိုးမိုးကျော်ကဆိုသည်။ နေပြည် တော်အသင်းသည် လက်ကျန်ပွဲစဉ်ငါးပွဲ၌ ဧရာဝတီ၊ ရခိုင်၊ ဆောက်သမ်းမြန်မာ၊ ဟံသာဝတီ၊ ရတနာပုံအသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

More in Business & Pleasure Section

Top News