လက်ရှိချန်ပီယံဘွဲ့ကို ထိန်းနိုင်ရန် လက်ကျန်ပွဲတိုင်းကို ဗိုလ်လုပွဲသဖွယ် ယှဉ်ပြိုင်ရမည်ဟု ရတနာပုံနည်းပြဆို

မြန်မာလိဂ် ပွဲစဉ် (၁၇) အပြီးတွင်  အမှတ်ပေးဇယားထိပ်ဆုံးရှိ ရှမ်း ယူနိုက်တက်နှင့် ရမှတ်သုံးမှတ် ကွာဟနေသည့် ရတနာပုံအသင်းအနေဖြင့် လက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ရန် လက်ကျန်ပွဲစဉ်များကို ဗိုလ်လုပွဲသဖွယ်
ယှဉ်ပြိုင် ရမည်ဟု နည်းပြချုပ် ရီနီက ပြော ကြားသည်။


စက်တင်ဘာ ၉ ရက်က ယှဉ်ပြိုင်သည့် မြန်မာလိဂ် ပွဲစဉ် (၁၇) တွင် ရတနာပုံအသင်းသည် ရခိုင် အသင်းကို ပထမပိုင်းတွင် ၃-၁ ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရကာ သုံးဂိုးစီ
သရေကျခဲ့သည်။ ပွဲစဉ် (၁၆)အပြီး ရှမ်းယူနိုက်တက်နှင့် ရမှတ်တစ်မှတ် သာ ကွာဟကာ အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်ခဲ့သည့် ရတနာပုံအသင်းသည် အဆိုပါသရေရလဒ်ကြောင့် ရှမ်းယူနိုက် တက်အသင်းနှင့် သုံးမှတ်အထိ ကွာဟခဲ့သည်။

ထို့အပြင် ရန်ကုန်အသင်းက အမှတ်ပေးဇယားဒုတိယနေရာသို့ တက်ရောက်လာကာ ရတနာပုံအ သင်းက တတိယနေရာသို့ ဆင်း ပေးခဲ့ရသည်။

‘‘အသင်းအတွက် လက်ကျန် ပွဲစဉ်တိုင်းက ဗိုလ်လုပွဲပါပဲ။ တစ် ပွဲပြီး တစ်ပွဲရလဒ်ကောင်းတွေရ အောင် ကျွန်တော်တို့ ယှဉ်ပြိုင်ရပါ မယ်။ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းဖို့ အကောင်းဆုံးကြိုးပမ်းသွားမှာပါ’’ဟု ရီနီက ပြောသည်။

မြန်မာလိဂ် ပွဲစဉ် (၁၇)အပြီး တွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၁ မှတ်ဖြင့် ပထမ၊ ရန်ကုန်အသင်းက ရမှတ် ၃၉ မှတ်ဖြင့် ဒုတိ ယ၊ ရတနာပုံအသင်းက ရမှတ်၃၈ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်နေသည်။

၂၀၁၇ ဘောလုံးရာသီတွင် ရတနာပုံအသင်းသည် လက်ကျန် ပွဲစဉ်များအဖြစ် ဆောက်သမ်း မြန်မာ၊ GFA၊ ဟံသာဝတီ၊ ရှမ်းယူနိုက်တက်၊ နေပြည်တော်စသည့်အသင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာလိဂ်ပြိုင်ပွဲ သမိုင်း
တစ်လျှောက် ရတနာပုံအသင်းသည်၂၀၀၉၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၆တို့တွင်လေးကြိမ်ဗိုလ်စွဲထားသည်။

Top News