ပြေးလမ်းပေါ်က ဘဝများ

ဒေါ်ရွှေချမ်းတို့သားအမိ စစ်တွေသို့သွားရောက်ရန် ဘူးသီးတောင်သင်္ဘောဆိပ်တွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ − မောင်ကံ)

ဒေါ်ရွှေချမ်းတို့ မိသားစုသည် လေးနှစ်တာကာလအတွင်း နေရပ်ကိုသုံးကြိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။

ဒေါ်ရွှေချမ်း၏ဇာတိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင် တောင်တန်းနယ်မှဖြစ်ပြီး ပြီးခဲ့ သည့် ၂၀၁၃ က မောင်တောမြို့ နယ်သို့ ဝင်ရောက်ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ က ဖြစ်ပွားခဲ့သည့်ပဋိပက္ခ များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် နေထိုင်လျက်ရှိသည့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုံ ခြုံရေးအရ ဆက်လက်မနေထိုင် ဝံ့တော့ဘဲ မောင်တောမြို့နယ်သို့ ရရာလမ်းကြောင်းမှ ဝင်ရောက် လာခဲ့သည်။

ဒေါ်ရွှေချမ်းတို့နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွာတော်ခရိုင် တွင်လည်း မသမာသူ အကြမ်း ဖက်သမားအချို့က ရခိုင်မျိုးနွယ် စုဝင်များနေအိမ်၊ တောင်ယာနှင့် တခြားအဆောက်အအုံများကို ဖျက်ဆီးခဲ့သည်။ ယင်းသို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူအချို့သေ ဆုံးခဲ့ရပြီး ရခိုင်မျိုးနွယ်စုဝင် ကျေး ရွာအများစုမီးရှို့ဖျက်ဆီးခံရသည် ဟု ဒေါ်ရွှေချမ်းက ပြန်ပြောင်းပြော ပြသည်။

‘‘ရှေ့ကို စဉ်းစားတယ်။ ရခိုင်ပြည်မှာ ဘင်္ဂါလီတွေနဲ့ ပြဿနာ ဖြစ်တယ်ဆိုရင် ဘင်္ဂလားမှာ လည်းဖြစ်လာတယ်။ ရခိုင်ပြည်ကို သွားရင် ကျွန်မတို့မှာ မိဘရတယ်။ အစိုးရဆိုတာ မိဘလေ။ ပစ်ထားမှာမဟုတ်ဘူး။ ဘင်္ဂလားမှာက ဖြစ်ရင် အစိုးရက ဘင်္ဂါလီလူမျိုး။ အဲဒီအတွက် ကျွန်မတို့ အားကိုးမရလို့ ရှေ့ရေးကို တွေးပြီးတော့ ထွက်လာခဲ့တာ’’ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ခိုလှုံလာရသည့်အကြောင်းကို ပြောပြသည်။

ယင်းသို့ မောင်တောမြို့ကို ခိုလှုံလာသည့်အချိန်တွင် သက် ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ အတွက် နေထိုင်ရေးကို စီစဉ်ပေး ခဲ့သော်လည်း အလုပ်အကိုင်များ ဖန်တီးမပေးခြင်း၊ လယ်မြေနှင့်တောင်ယာအချို့ကိုကိုယ်ပိုင်လုပ်

ကိုင်ခွင့်မပေးခြင်းတို့ကြောင့် ကြုံရာကျပန်းအလုပ်များဖြစ်သည့် ထင်းခွေ၊ ဟင်းရှာသည့် အလုပ် ဖြင့်သာ အသက်မွေးခဲ့ရကြောင်း မြိုတိုင်းရင်းသူ ဒေါ်ရွှေချမ်းက ပြောသည်။

 လုံခြုံရေး အခြေအနေ ကြောင့် မောင်တောမြို့နယ် ကင်း ချောင်းကျေးရွာတွင် ခိုလှုံနေသော ၎င်းတို့ မိသားစုသည် ဘဝသစ်တွင် အခြေကျရန် ကြိုးစားနေစဉ် နောက်တစ်ကြိမ်ထပ်မံ၍ နေရပ် စွန့်ခွာခဲ့ရပြန်သည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်တွင် မောင်တောဒေသရှိ နယ်ခြား စောင့်ရဲဌာနချုပ်နှင့် စခန်းအချို့ တိုက်ခိုက် ခံရသဖြင့် လုံခြုံရေး ကြောင့် နေရပ်စွန့်ခွာခဲ့ရပြန်ကြောင်း  ဒေါ်ရွှေချမ်းက ဆိုသည်။

ဒေါ်ရွှေချမ်းတွင် လင် ယောက်ျားနှင့်အတူ ငါးတန်း ကျောင်းသားတစ်ဦး၊ သုံးတန်း ကျောင်းသူတစ်ဦးနှင့် လေးနှစ် အရွယ် သားတစ်ဦးရှိသည်။ ငါး တန်းကျောင်းသားနှင့် သုံးတန်း ကျောင်းသူကို ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်တွင် အ ကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ရန် ကုန်မြို့ရှိ ဘုန်းတော်ကြီးတစ်ပါး ထံတွင် ထားရှိပညာသင်ကြားစေ ခဲ့ကြောင်း ပြောပြသည်။ ထို့နောက်သူတို့ဇနီးမောင်နှံသည် အခြေအနေများ ပြန်လည်တည်ငြိမ်လာ ပြီဖြစ်၍ ကင်းချောင်းရွာတွင် ပြန် လည်နေထိုင်ခဲ့သည်။

သို့သော် တစ်နှစ်မပြည့်မီ ပင် ၎င်းတို့မိသားစု ထပ်မံထွက် ပြေးခဲ့ရပြန်သည်။

သြဂုတ် ၂၅ ရက်က နယ်ခြား စောင့်ရဲကင်းစခန်း ၃၀ ကျော်ကို ဘင်္ဂါလီအကြမ်းဖက်သမားများ က ထပ်မံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ထင်းခွေ၊ ဟင်းရှာအ လုပ်ကို မလုပ်နိုင်တော့ဘဲ အစစအရာရာအကျပ်အတည်းများဖြစ် လာမည်ကို ကြိုတွေး၍ ကျောက်တော်နယ်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဒေါ်ရွှေချမ်းက ဆိုသည်။

‘‘အရင်တစ်ခါလည်း ထွက် ပြေးခဲ့ရပြီးပြီ။ အခြေအနေတည် ငြိမ်တော့ မောင်တောမှာ ပြန်နေ ထိုင်ခဲ့တယ်။ ဒီတစ်ခါတော့ ပြန် နေထိုင်ဖို့ဆိုတာ တော်တော်ကို စဉ်းစားရမယ့် အခြေအနေဖြစ်နေ ပါပြီ’’ဟု ဒေါ်ရွှေချမ်းက ဆိုသည်။

ဒေါ်ရွှေချမ်းမိသားစုကဲ့သို့ မောင်တောမြို့ပေါ်နှင့် ကျေးရွာ များမှ ဒေသခံတိုင်းရင်းသားနှစ် သောင်းကျော်သည် သြဂုတ် ၂၇ ရက်မှစတင်ကာ ဘေးလွတ်မည့် နေရာများသို့ ပြောင်းရွှေ့နေကြ သည်။ မောင်တောမြို့တွင် စုရပ် ကယ်ဆယ်ရေးစခန်းလေးခုကို ဖွင့်လှစ်ထားရပြီး မောင်တောနှင့် ဘူး သီးတောင်မြို့မှ တိမ်းရှောင်လာ သည့် မိသားစုဝင်များအတွက် စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပေးထားရ သည်။

ဒုက္ခသည်စန်းများတွင် နေ ထိုင်ခြင်းမရှိဘဲ ဆွေမျိုးနေအိမ် များသို့ သွားရောက်နေထိုင်သူများ လည်းရှိနေပြီး ယခုတစ်ကြိမ် အ ကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တောခရိုင်မှ တခြားဒေသ များသို့ ထွက်ပြေးတိမ်းရှောင်မှု သည် အများဆုံးဖြစ်ခဲ့သည်။

အသက်(၆၀)အရွယ် ဒေါ် ညိုဝင်းမှာလည်း အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ကလေး ငယ်ငါးဦးနှင့်အတူ နေရပ်စွန့်ခွာ ခဲ့ရသည့် မောင်တောဒေသခံတစ် ဦးဖြစ်သည်။ မောင်တောမြို့နယ် ရွက်ညှိတောင်ကျေးရွာတွင် နေ ထိုင်သော ၎င်းတို့မိသားစုမှာ အ ကြမ်းဖက်သမားများ အန္တရာယ် စိုးရိမ်၍ နေရပ်စွန့်ခွာကာ စစ်တွေ မြို့သို့ တိမ်းရှောင်ခဲ့ကြခြင်းဖြစ် သည်။

မောင်တောဒေသတွင် နယ် မြေမတည်ငြိမ်မှုများ၊ မှုခင်းများ မှာ ၂၀၁၆ အောက်တိုဘာနောက် ပိုင်းတွင် မကြာခဏဖြစ်ပွားနေမှု ကြောင့် အရေးကြုံလာပါက တိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ၎င်းက ဆို သည်။ ‘‘အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေက ခပ်စိပ်စိပ်ဖြစ်လာ တယ်။ အဲဒီလုပ်တွေဟာ ဆက်ရှိ နေမယ်ဆိုတာကိုကြိုသိနေတယ်။ဒါကြောင့် မောင်တောမြို့ပေါ်နဲ့ စစ်တွေမြို့မှာ ဖြစ်လာရင်ထွက်ပြေးလို့ရအောင် နေရာရှာထားရတာပေါ့’’ဟု ဒေါ်လှဝင်းက ဆိုသည်။

ထို့အပြင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို အစိုးရက ဥပဒေနှင့်အညီ သေချာစွာ ကိုင် တွယ်ပြီး မောင်တောဒေသရေ ရှည်တည်တံ့ရေးအတွက် စီမံချက် များချမှတ်ကာ မဆောင်ရွက်နိုင် ပါက ပြန်လည်သွားရောက်နေ ထိုင်ရန် ခက်ခဲနေဦးမည် ဖြစ် ကြောင်း ဒေါ်လှဝင်းက ပြောသည်။ဒေါ်လှဝင်းကဲ့သို့ ဆွေမျိုးအဆက် အသွယ်ရှိသူများမှာ မောင်တော ဒေသကို စွန့်ခွာ၍ အခြားရပ်ရွာ များတွင် ရွှေ့ပြောင်းနေထိုင်လုပ် ကိုင်နိုင်ကြသည်။ သို့သော် အ ဆက်အသွယ်မရှိသူနှင့် ငွေကြေး မတတ်နိုင်သူများမှာမူ နေရပ်ကို ယာယီစွန့်ခွာရသော်လည်း ၎င်း တို့၏ကျေးရွာများသို့ ပြန်လည် သွားရောက်နေထိုင်ရမည်ဖြစ် ကြောင်း ကိုင်းကြီးမြိုရွာမှ ဦးစံ ထွန်းက ဆိုသည်။

‘‘ရှိသမျှ ယာစပါးခင်း၊ နေ အိမ်၊ ကျွဲနွားတွေကို စွန့်လာရ တယ်။ ဘယ်အချိန်မှာ ဘာဆက် ဖြစ်လာမယ်ဆိုတာ အကြမ်းဖက် သမားတွေနဲ့ အစိုးရက လွဲပြီး ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ လည်း ပြန်တော့ပြန်ရမှာပဲ’’ဟု ဘူးသီးတောင်ကယ်ဆယ်ရေး စခန်းတွင် တိမ်းရှောင်နေရသည့် ဦးစံထွန်းက ရိုးရှင်းစွာပြောသည်။ သူလည်း အကြမ်းဖက်တိုက် ခိုက်မှုများကြောင့် ပိုင်ဆိုင်သမျှ စွန့်ထားကာ ယာယီစခန်းတွင် ခို လှုံနေရခြင်းဖြစ်သည်။

မောင်တောမြို့နယ်တွင် ပြီး ခဲ့သည့် ၂၀၁၂ က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း မြို့ပေါ်ရပ် ကွက်နှစ်ခုနှင့် ကျေးရွာ ၁၀ ရွာ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအချို့လည်း သတ်ဖြတ်ခံခဲ့ရ သည်။ ထိုအချိန်က မောင်တော မြို့ပေါ်တွင် နေထိုင်သူများသည် မိမိနေအိမ်များ၌သာ နေထိုင်ခဲ့ကြ ပြီး မီးရှို့ခံရသည့် ကျေးရွာများမှ မိသားစုဝင်များသည်သာ ဒုက္ခ သည်များဖြစ်ခဲ့သည်။

ထိုအချိန်က ဒေသတည်ငြိမ် အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး အ တွက် အစိုးရက ခြောက်လကျော် အချိန်ယူခဲ့ရပြီး ပုံမှန်လုပ်ကိုင် စားသောက်ရန်အတွက် ၂ နှစ်ခန့် အချိန်ယူခဲ့ရသည်။ ယင်းအချိန်က မောင်တောခရိုင်မှ အခြားဒေသများသို့ ထွက်ခွာသွားသည့်မိသား စုအချို့မှာ နောက်ပိုင်းတွင် ပြန် လည်လာရောက်နေထိုင်ခြင်းမရှိ သည်ကို တွေ့ရကြောင်း မောင် တောဒေသခံ ဦးအောင်ကျော် ညွန့်က ပြောသည်။

၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောနယ်ခြားစောင့်ရဲ ဌာနချုပ်နှင့် ငါးခူရ၊ ကိုးတန် ကောက်ရဲစခန်းများကို အကာလ် မူလ်မူဂျာဟီဒင်န်အဖွဲ့က အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည်။ ထို စဉ်က ကျေးရွာအချို့မှ လူဦးရေ ထောင်နှင့်ချီ၍ မြို့ပေါ်သို့ ထွက် ပြေးလာခဲ့သော်လည်း ယခုဖြစ်စဉ်လောက် စိုးရိမ်ကြောက်လန့်မှု မရှိခဲ့ကြောင်း ဒေသခံအများစုက ဆိုသည်။

ယခုနှစ်အကြမ်းဖက်တိုက် ခိုက်မှုသည် ယခင်ဖြစ်စဉ်များကဲ့ သို့ တုတ်၊ ဓားများဖြင့် မဟုတ် တော့ဘဲ သေနတ်၊ လက်လုပ်မိုင်း များဖြင့် တိုက်ခိုက်လာမှုကြောင့် ကျေးလက်ဒေသခံများသာမက မြို့ပေါ်ရပ်ကွက်မှ ဒေသခံများပါ ကြောက်လန့်ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

ဒေသခံများ၏စိုးရိမ်မှုဒီရေ သည် ယခုတစ်ကြိမ်တွင် အမြင့် ဆုံးဖြစ်ခဲ့ပြီး အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အားရကျေနပ်မှု မရှိသည့်အတွက် ထွက်ပြေးတိမ်း ရှောင်သူ များပြားရခြင်း ဖြစ် ကြောင်း မောင်တောမြို့မမြောက် ရပ်ကွက်နေ ဒေါ်ညိုညိုသန်းက ပြောသည်။

‘‘အရင်ဖြစ်တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းတယ်။ အခုတော့ နယ်မြေရှင်းတာမတွေ့ ရဘူး။ ဘင်္ဂါလီရွာတွေက သေ နတ်တွေ ခဏခဏပစ်ဖောက်နေ တယ်။ အနားမှာ ရဲစခန်းရှိတယ်။ ဘာမှ လုပ်မပေးဘူး။ ဒီလိုပုံစံမျိုး နဲ့ ဆက်နေလို့ မဖြစ်တော့ဘူးဆို ပြီး ထွက်လာခဲ့တာပဲ’’ဟု ဒေါ်ညို ညိုသန်းက ဆိုသည်။

 လုံခြုံရေး တပ်ဖွဲ့ဝင်များ သည်လည်း ဘင်္ဂါလီကျေးရွာများ ကို နယ်မြေရှင်းရာတွင် လက်လုပ်မိုင်းအန္တရာယ် စိုးရိမ်ရသဖြင့်  သတိကြီးစွာထား၍ ဆောင်ရွက်ရကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ က ပြောသည်။

မောင်တောနယ်စပ်ဒေသ တွင် လက်လုပ်မိုင်းအန္တရာယ်ရှိနေ သည်မှာ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း မကြာခဏဖြစ်ပွားခဲ့သည့်လက် လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များက ဖော်ပြနေသည်။ သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက် လုပ်မိုင်းအန္တရာယ်ကာကွယ်ရေး အတွက် အစီအမံများ ချမှတ် ဆောင်ရွက်ခဲ့သည်ကို မတွေ့ရပေ။ သြဂုတ် ၃ ရက်က ကိုင်းကြီး (မြို့)ရွာမှ မြိုတိုင်းရင်းသားရှစ်ဦး အစုလိုက်အပြုံလိုက်အသတ်ခံရ ပြီးနောက် နယ်ခြားစောင့်ရဲကွပ် ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ဘင်္ဂါလီများသည် လက်လုပ် မိုင်းကို စမ်းသပ်လုပ်ကိုင်နေပြီး အောင်မြင်လာသည့် တစ်နေ့တွင် အကြမ်းဖက်လုပ်ရပ်များ ဆက် လုပ်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။

သို့သော်လည်း အကြမ်းဖက် အဖွဲ့ကို ကြောက်လန့်နေရသူ ဘင်္ဂါလီအများစုက လုံခြုံရေးတာ ဝန်ရှိသူများနှင့် ပူးပေါင်းရန် အ ကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီး ဌာန ဆိုင်ရာများနှင့် အဆက်အသွယ် ရှိသူ ဘင်္ဂါလီအုပ်ချုပ်ရေးမှူးများ မကြာခဏ သတ်ဖြတ်ခံခဲ့ရသည်။

ယင်းသို့ သတ်ဖြတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလိုသူများပင် မပူးပေါင်းရဲတော့သည့် အခြေအနေဖြစ်လာသည်။

ယင်းသို့ ဒေသနေ ဘင်္ဂါလီ များ၏ ပူးပေါင်းပါဝင်မှုအားနည်း ခြင်းကြောင့် အကြမ်းဖက်သမား များ၏တိုက်ခိုက်မှုများကို ကြိုတင် မကာကွယ်နိုင်ဘဲ အမြဲတိုက်ခိုက် ခံနေရကြောင်း ဒေသခံအများစုက သုံးသပ်ကြသည်။

လက်ရှိ မောင်တောနယ် စပ်ဒေသမှ အခြားမြို့နယ်များသို့ တိမ်းရှောင်နေသူများသည် ၎င်း တို့၏နေရပ်တွင် ပြန်လည်နေထိုင် ရန် လုံခြုံရေးအာမခံချက် အပြည့်အဝပေးမှသာ နေထိုင်မည်ဟု ဆိုသည်။

ဒေါ်ရွှေချမ်းတစ်ယောက် တော့ အသက်(၄)နှစ်အရွယ် သားငယ်လေးနှင့်အတူ ဘူးသီးတောင် မြို့ သင်္ဘောဆိပ်ကမ်းရှိ ခုံတန်း တွင် ထိုင်နေသည်။ စစ်တွေက ထွက်ခွာလာမည့် အောင်တံခွန် သင်္ဘောကို စောင့်မျှော်နေခြင်း ဖြစ်ပြီး ကျောက်တော်နယ်ဘက် သို့ သွားရောက် နေထိုင်စား သောက်ရန် စီစဉ်ထားသည်။

ဒေါ်ရွှေချမ်းသည် အေးချမ်း တော့မည်ဟု အထင်ဖြင့် မောင် တောနယ်စပ်သို့ ဝင်ရောက်ခိုလှုံ ခဲ့သော်လည်း လေးနှစ်ပင်မပြည့် သေးသည့်အချိန်တွင် သုံးကြိမ် ထွက်ပြေးခဲ့ရပြီဖြစ်သည်။

‘‘ထွက်ပြေးရင်းနဲ့ အသက် ရှင်နေရတဲ့ဘဝ ဖြစ်နေပါတယ်’’ ဟု ဒေါ်ရွှေချမ်းက ငေးငိုင်ရင်း ပြောပါသည်။ ။

Top News