တောင်ကြီးမြို့ မြင်းရုပ်လမ်းဆုံတွင် မီးပွိုင့်စမ်းသပ် တပ်ဆင်

 တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် မြင်းရုပ်လမ်း ဆုံတွင် စက်တင်ဘာ ၁၁ ရက်က စတင်ကာ မီးပွိုင့်စမ်းသပ်တပ် ဆင်နေကြောင်း တောင်ကြီးမြို့ နယ် စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင်း ယာဉ် ကြောယာဉ်လာများပြား ထူထပ် ပြီး မီးပွိုင့်မရှိသေးသည့် လမ်းဆုံ လမ်းခွများတွင် မီးပွိုင့်များ တပ်ဆင်ရန် စမ်းသပ်နေခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ဒုဦးစီး အရာရှိဦးဝေလှိုင်းက ပြောသည်။


‘‘မီးပွိုင့်တပ်ဖို့အတွက် မနေ့ က (စက်တင်ဘာ ၁၁ ရက်)စမ်း သပ်ပြီး တပ်ဆင်ကြည့်တာပါ။ ယာဉ်ကြော  ရှုပ်ထွေးတဲ့နေရာ သုံးခုမှာ မီးပွိုင့်တပ်ဆင်ဖို့ လုပ် ဆောင်နေတယ်’’ဟု ဦးဝေလှိုင်း က ပြောသည်။

 တောင်ကြီးမြို့တွင် မီးပွိုင့် အသစ်များတပ်ဆင်ရန် လျာထား သည့်နေရာသုံးခုရှိပြီး မြင်းရုပ် လမ်းဆုံ အရှေ့မြို့ပတ်လမ်းနှင့် ကလေးဆေးရုံ ထောင့်ကွေ့၊ တောင်ကြီးတက္ကသိုလ်နှင့် ကညန လမ်းဆုံနေရာတို့တွင် တပ်ဆင် မည်ဖြစ်သည်။

မီးပွိုင့်အသစ် တပ်ဆင်ခြင်း ကို တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာန၏ ၂၀၁၇-၁၈ ဘတ်ဂျက်ဖြင့် စက်တင်ဘာ တတိယပတ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဝေလှိုင်းက ပြောသည်။

  တောင်ကြီးမြို့အတွင်း အသုံးပြုနေသည့် မီးပွိုင့်ရှစ်ခုရှိ ပြီး ထပ်မံတပ်ဆင်မည့် မီးပွိုင့် သုံးခုတိုးလာပါက ၁၁ ခုရှိမည် ဖြစ်သည်။

More in Regional Section