ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ၁၀ ရက်ကြာ ကျင်းပမည်

 ရွှေဘိုမြို့ မော်ဓောမြင်သာ မြို့ထောင့်စေတီတော် (၂၀၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကို စည်ကားသိုက်မြိုက်စွာ ကျင်း ပမည် ဖြစ်ကြောင်း အဆိုပါ စေတီ တော်ဂေါပကအဖွဲ့ အတွင်းရေး မှူးဦးသန်းလွင်ကပြောသည်။

မော်ဓောမြင်သာ မြို့ထောင့် စေတီတော် ဘုရားပွဲကို စက်တင် ဘာ ၁၂ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဘုရားပွဲတော်တွင် ဈေးဆိုင် ၁,၇၀၀ ကျော်နှင့် ဆပ်ကပ်၊ ဇာတ်ပွဲများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ဖျော်ဖြေပွဲများ၊ မြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲများ ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း ဦးသန်းလွင်ကပြောသည်။


‘‘စောစောပိုင်းတုန်းက ရာသီ တုပ်ကွေးရောဂါကြောင့် ဘုရားပွဲ က မဖြစ်မှာလိုလို၊ ဖြစ်မှာလိုလိုနဲ့ ဖြစ်နေတာ။ အရင်နှစ်တွေတုန်း က ဒီအချိန်ဆိုရင် ဈေးဆိုင်ခန်း တွေက မကုန်သေးဘူး။ အနည်း ဆုံး ဆိုင်ခန်း ၁၀၀ ဝန်းကျင် လောက် ကျန်နေတတ်တာ။ ဒီနှစ် တော့ ဈေးဆိုင်ခန်း ၁,၇၀၀ ကျော် ရှိတာ အားလုံးကုန်သွားပြီ’’ ဟု ဦးသန်းလွင်ကပြောသည်။

 ‘‘ရာသီတုပ်ကွေးရောဂါကြောင့် ဘုရားပွဲတွေ ကျင်းပခွင့်မရဘူးဆိုတဲ့ အချိန်တုန်းက ပွဲ ဈေးသည်တွေ စားဝတ်နေရေးအ တော် ဒုက္ခရောက်ခဲ့တယ်။ ရွှေဘို မြို့ထောင့်စေတီဘုရားပွဲက ပွဲဈေးသည်တွေ အဓိကဈေးရောင်း ကောင်းတဲ့ ဘုရားပွဲတစ်ခုပါ။ ဘုရားပွဲကျင်းပခွင့်ရတယ်ဆိုတော့ ပွဲဈေးသမားတွေအတွက် အဆင်ပြေသွားတာပေါ့’’ ဟု ဒေသခံပွဲဈေးရောင်းချသူတစ်ဦးက ပြောသည်။

မြို့ထောင့်စေတီတော် ဗုဒ္ဓ ပူဇနိယ ပွဲတော်အတွင်း ဇာတ်ရုံပွဲ များအဖြစ် အောင်ကျော်ဆန်းနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊ အဖွဲ့၊ ဟန်ဇာမိုးဝင်းနှင့် ရုပ်ရှင်သရုပ် ဆောင်များအဖွဲ့၊ ဈာန်ဟိန်း(စိန်မ ဟာသဘင်) နှင့် ရုပ်ရှင်သရုပ် ဆောင်များ၊ ဆပ်ကပ်အဖွဲ့၊ကြည့် ချင်ပွဲများအဖြစ် မန္တလေးမြို့ ချစ် ညီကိုဇာတ်အဖွဲ့၊ အောင်ဆန်း ဝင်းဇာတ်အဖွဲ့၊ တက္ကသိုလ်နှင်း ခိုင်ဇာတ်အဖွဲ့တို့က ဖျော်ဖြေ မည်ဖြစ်သည်။

More in Regional Section