ရုပ်ရှင်ရုံ ၁၀၀ စီမံချက်၏ သတ္တမမြောက် ရုပ်ရှင်ရုံကို ရွှေဘိုမြို့တွင် ဖွင့်လှစ်

 တစ်နိုင်ငံလုံးတွင် တည် ဆောက်မည့် ရုပ်ရှင်ရုံ ၁၀၀ စီမံ ချက်အရ သတ္တမမြောက်ရုပ်ရှင်ရုံ ကို ရွှေဘိုမြို့၌ စက်တင်ဘာ ၁၂ ရက်က ဖွင့်လှစ်ခဲ့သည်။

မြန်မာအနုပညာရှင် ၂၀ ကျော် ပါဝင်သောအဖွဲ့နှင့် ပြင် သစ်နိုင်ငံ Paradiso ကုမ္ပဏီတို့ ပူးပေါင်း၍ ရုပ်ရှင်ရုံ ၁၀၀ စီမံ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး သတ္တမမြောက် ရုပ်ရှင်ရုံကို ရွှေဘိုမြို့ အမှတ် (၁၀)ရပ်ကွက် ရန်ကြီးအောင်လမ်း၊ သက်ကယ်တန်းချောင်းအရှေ့ ဘက်ရှိ Paradiso ရုပ်ရှင်ရုံတွင် ကျင်းပခဲ့သည်။


‘‘တစ်နိုင်ငံလုံးမှာ ခုနစ်ရုံ မြောက် ရုပ်ရှင်ရုံပါ။ စစ်ကိုင်း တိုင်းအနေနဲ့ မုံရွာပြီးရင် ဒုတိယ မြောက်ရုပ်ရှင်ရုံပါ။ စစ်ကိုင်းတိုင်း ထဲမှာ ကလေးမြို့ထပ်ဖွင့်မယ်။ ဘိုကလေးမှာ ဒီလကုန်ဖွင့်မယ်။ မတ္တရာ၊ မအူပင်၊ ရမည်းသင်း စတဲ့မြို့တွေမှာ ထပ်ပြီးဖွင့်ဖို့ စီစဉ် နေပါတယ်’’ဟု Paradiso ရုပ်ရှင်  ကုမ္ပဏီလီမိတက်မှ ဦးရဲနိုင်စိုးက ပြောသည်။

ရွှေဘိုမြို့ ရုပ်ရှင်ရုံတွင် အပတ်စဉ် တနင်္လာမှ သောကြာနေ့ အထိ တစ်ရက်သုံးကြိမ်နှင့် စနေ၊တနင်္ဂနွေနေ့များတွင် တစ်ရက်လေးကြိမ် ပြသမည်ဖြစ်သည်။ ရုပ်ရှင်ရုံဝင်ခများအဖြစ် ငွေကျပ် ၁,၂၀၀ မှ ကျပ် ၅,၄၀၀ အထိ သတ်မှတ်ထားပြီး တစ်ပွဲလျှင် ရုပ်ရှင် ကြည့် ပရိသတ် ၃၂၀ ဦးခန့် ကြည့်ရှုနိုင်ကြောင်း ယင်းရုပ်ရှင်ရုံတာဝန် ခံ ဦးနိုင်ထွန်းဝင်းက ပြောသည်။

ရွှေဘိုမြို့ Paradiso ရုံဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အနု ပညာရှင်များ တက်ရောက်ခဲ့ကြ သည်။

ရွှေဘိုမြို့တွင် လွန်ခဲ့သော (၁၅)နှစ်ခန့်က ဘုရင့်၊ မင်းသီဟနှင့် ဝင်းရုပ်ရှင်ရုံတို့ရှိခဲ့ရာ လက်ရှိ တွင် ဝင်းတစ်ရုံသာ ကျန်ရှိတော့ပြီး ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နေသဖြင့် ရုပ်ရှင်ပြသနိုင်ခြင်းမရှိ ကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။

More in Regional Section