မုံရွာမြို့ စာရေးတံ မြသပိတ် ဆွမ်းလုံးပွဲတော်ကို ရှေးမူအတိုင်း မဲစနစ်ဖြင့် ကျင်းပမည်

(၁၂၃)ကြိမ်မြောက် မုံရွာ မြို့စာရေးတံမြသပိတ်ဆွမ်းလုံးပွဲ တော်ကြီးကို ပထမလယ်တီဆရာ တော်ကြီးလက်ထက်ကျင့်သုံးခဲ့ သော မဲနှိုက်လှူဒါန်းသည့်စနစ် ဖြင့် ရှေးမူအတိုင်းမဲစနစ်ဖြင့်ပြန် လည်ကျင်းပမည်ဖြစ်သည်။

ကွန်ပျူတာမဲစနစ်ဖြင့် ငါး နှစ်ဆက်တိုက် လှူဒါန်းပွဲများ ကျင်းပပြီး ယခုနှစ်တွင် ရှေးမူ မပျက်စာရေးတံမဲနှိုက်လောင်း လှူသောစနစ်ဖြင့် တော်သလင်း လပြည့်ကျော် ၁၀ ရက်(စက်တင် ဘာ ၁၅ ရက်)၌ ကျင်းပမည် ဖြစ်ကြောင်း ဆုတောင်းပြည့်စေ တီတော်မြတ်ကြီး ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်ဝင်းမြင့်က ပြောသည်။

‘‘ဂေါပက အဖွဲ့အစည်းအ ဝေးဆုံးဖြတ်ချက်နဲ့ ကွန်ပျူတာမဲ စနစ်အစားလယ်တီဆရာတော် ကြီးတို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ စာရေးတံမဲနှိုက် လောင်းလှူတဲ့စနစ်ကို ပြန်လည် အသုံးပြုပြီး ကျင်းပမှာပါ’’ ဟု ဦး တင်ဝင်းမြင့်က ပြောသည်။

မုံရွာမြို့ပေါ်ရပ်ကွက်ရှိဘုန်း ကြီးကျောင်းများမှ ၀ါဆိုသံဃာ တော်များဆွမ်းအခက်အခဲမရှိစေ ရန် လှူဒါန်းမည့်ဆွမ်းလုံးအလှူ ရှင်များသည် ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်၌ မဲနှိုက်၍ မဲကျ ရာ ကျောင်းတိုက်များသို့ လှူဒါန်း ခြင်းဖြစ်သည်။

မဲနှိုက်ပြီးနောက် မဲပေါက် သောကျောင်းတိုက်အသီးသီးသို့ လှူဖွယ်ပစ္စည်းများ ပို့ဆောင်လှူ ဒါန်းရာတွင် ဆွမ်းလုံးအသင်းအ ဖွဲ့များက အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ပျော်ပျော်ပါးပါး စည်ကားသိုက်မြိုက်စွာကျင်းပ လေ့ရှိသော ပွဲတော်ဖြစ်သည်။

ယခင်နှစ် (၁၂၂) ကြိမ် မြောက် စာရေးတံမြသပိတ်ဆွမ်း လုံးပွဲတော်ကြီးတွင် ဘုန်းကြီး ကျောင်း ၁၄၃ ကျောင်းကိုဆွမ်း လုံးအဖွဲ့ ၁၃၆ ဖွဲ့က လှူဒါန်းပြီး ယခုနှစ်၌ ဆွမ်းလုံးအဖွဲ့ ၂၄၀ ကျော်က လှူဒါန်းရန်စာရင်းပေး ထားသည်။

More in Regional Section