ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌ အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

ယုံကြည်မှုတည်ဆောက်ရေးနှင့် မူးယစ်တိုက်ဖျက်ရေး အဓိကပါဝင်
ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌတို့ ယမန်နေ့တွေ့ဆုံပွဲတွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

 နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS /SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံ၍ ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် ယုံကြည်မှုတည် ဆောက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌတို့သည် စက်တင် ဘာ ၁၁ ရက်က နေပြည်တော်၌ တစ်နာရီခန့် ဆွေးနွေးပြီး အစိုးရ သစ်လက်ထက်တွင် ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွးမှုဖြစ် သည်။


အဆိုပါတွေ့ဆုံမှုတွင် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို အခြေခံ၍ ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်၌ နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး၊ တိုင်းရင်းသား နယ်မြေဒေသများ ဖွံ့ဖြိုးတိုးတက် ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သ တင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည့် အချိန်တို တောင်းသော်လည်း ယုံကြည်မှု တည်ဆောက်ရေး အားရကျေနပ် မှု ရှိသည်ဟု RCSS ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်း မိဏ်းက ပြောသည်။

‘‘အဓိကအားဖြင့်တော့ အတူတကွ ငြိမ်းချမ်းရေးဖော်ဆောင် မယ့် ပါတနာတွေဖြစ်တယ်။ ဒါ ကြောင့်မို့လို့ ကျွန်တော်တို့ကြား ထဲမှာ နားမလည်မှုတွေကို နား လည်မှုရလာအောင်၊ တင်းမာမှု တွေကို ပြေလျော့သွားအောင်၊ ပြန်လည်တွေ့ဆုံခြင်းအားဖြင့် ယုံ ကြည်မှုတွေကို ပြန်လည်တည် ဆောက်နိုင်အောင် လာရောက် တွေ့ဆုံတယ်။ ဒါကြောင့်လည်း နားလည်မှုတွေရခဲ့တယ်’’ ဟု ၎င်း ကဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက် ရေး ဆောင်ရွက်ရာတွင် မည်ကဲ့ သို့ ပူးပေါင်းဆောင်ရွက်မည်ဆို သည်ကို အသေးစိတ်ဆွေးနွေးရ မည်ဟု ဒုဗိုလ်မှူးကြီးစိုင်းမိဏ်းကပြောသည်။

ထို့အပြင် RCSS ဥက္ကဋ္ဌနှင့် အဖွဲ့သည် နေ့လယ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် အစိုး ရနှင့် RCSS တို့အကြား ၂၀၁၂ က သဘောတူ လက်မှတ်ရေးထိုးခဲ့ သည့် ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး သဘော တူစာချုပ်ပါ အချက်များအနက် နှစ်ဖက်နားလည်မှုနှင့် အယူအဆ ကွဲလွဲမှုအပေါ် အသေးစိတ်အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း၊ NCA အတိုင်းဆက်လက် အတူတကွ လျှောက်လှမ်းရေးတို့ကို ဆွေးနွေး ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်သည်။

‘‘တပ်မတော်နဲ့ ကျွန်တော်တို့ တပ်တွေကြားမှာ တင်းမာမှုတွေ ကို ပြန်လည်နားလည်မှုရအောင်၊ နယ်မြေ မရှင်းလင်းတာတွေကို ကျွန်တော်တို့ ဘယ်လိုဆက်ပြီး တော့ ဆွေးနွေးကြရမလဲ။ တင်းမာမှုတွေကို ဘယ်လိုဖြေလျှော့ကြ မလဲ။ အဓိကအားဖြင့် ကျွန် တော် တို့တပ်တွေ တိုက်ပွဲဖြစ်ခြင်းအား ဖြင့် ပြည်သူလူထုကို ထိခိုက်မယ်။ ဒါကြောင့်မို့လို့ ထိခိုက်မှုမဖြစ် အောင် ကြိုးစားသွားကြဖို့ဆိုတဲ့ အမြင်သဘောထားတွေ ရှိပါ တယ်’’ဟု ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း ကပြောသည်။

တပ်မတော်နှင့် RCSS တို့ သည် NCA လက်မှတ်ထိုးပြီး နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု ယ ခင်ထက်လျှော့ချနိုင်ခဲ့သည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြော ကြားသော်လည်း ၂ နှစ်အတွင်း ထိတွေ့တိုက်ပွဲ ၂၀ ကျော် ဖြစ်ပွားခဲ့သည်။

 ‘‘ကျွန်တော်တို့ဘက်က လည်း နှစ်ဖက်တင်းမာမှုတွေ လျှော့ချဖို့၊ တပ်မတော်ကလည်း အာမခံတဲ့အကြောင်း၊ ကျွန်တော် တို့အနေနဲ့ကလည်း ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ ဝိုင်းဝန်းပြီးတော့ ကူညီသွားကြ မယ့် အကြောင်းတွေကို ဆွေးနွေး ခဲ့ကြပါတယ်’’ဟု ဒုဗိုလ်မှူးကြီး စိုင်းမိဏ်ကဆိုသည်။

RCSS ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်နှင့် ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်း ဇော်တို့ ပါဝင်သည့် အစိုးရတာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် သည်။

RCSS ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ လာရောက်၍ နိုင်ငံ ရေးပါတီများ၊ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထား သည်။

RCSS သည် ထိုင်းနယ်စပ် လွယ်တိုင်းလျန်ဒေသတွင် ဗဟို ဌာနချုပ်တည်ရှိပြီး အစိုးရနှင့် အ ပစ်အခတ်ရပ်စဲထားပြီး အပြင် NCA ကိုလည်း လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ဖြစ်သည်။