ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦး မွေးနေ့ပွဲကျင်းပ

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ (၇၄)နှစ် ပြည့် မွေးနေ့ပွဲအခမ်းအနားကို ရန်ကုန်မြို့    ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင် တွင် လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ မိသားစုဝင်များနှင့်အတူ ကျင်းပခဲ့သည်။

ဦးခွန်ထွန်းဦးကို ၁၉၄၃ စက် တင်ဘာ ၁၁ ရက်တွင် ရှမ်းပြည်နယ် သိန်းနီမြို့၌ မွေးဖွားခဲ့သည်။ မွေးနေ့ရှင် ဦးခွန်ထွန်းဦး၏ဖခင် စဝ်ကြာဇုံသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏အစ်ကိုဖြစ်ပြီး ရှမ်းစော်ဘွားအနွယ်ဝင် တစ်ဦးလည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)ပါတီပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဦးခွန်ထွန်းဦး၏နိုင်ငံရေးစိတ်ဓာတ် နှင့် နိုင်ငံရေးလုပ်ဆောင်ချက်များ ကို မွေးနေ့အမှတ်တရဂုဏ်ပြုစ ကားဆိုသည်။

‘‘သူ၏အသက်(၇၄)နှစ်တိုင် အောင် ၁၉၄၇ က ပေးထားတဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစိတ် ဓာတ် အဲဒါတွေကို မမေ့မလျော့ ဘဲ ဒီနေ့အထိ ကျွန်တော်တို့ကို ဦး ဆောင်ပြီး၊ နှလုံးရည်အားဖြင့် တိုက်ပွဲဝင်နိုင်အောင် ဆက်လက် ကြိုးပမ်းပြီး ဦးဆောင်နေတာက တော့ အသိအမှတ်ပြုစရာပါ။ ဒါ အမှတ်ရစရာ အကောင်းဆုံးလို့ ကျွန်တော်မှတ်ယူပါတယ်’’ဟု ဦးစိုင်းလိတ်က ဂုဏ်ပြုစကားဆို သည်။

ဦးခွန်ထွန်းဦးသည် ၁၉၈၈ က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ သော ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်ပါတီတွင် အထွေ ထွေအတွင်းရေးမှူး တာဝန်ယူခဲ့ ပြီး ၁၉၈၉ တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၉၀ ရွေး ကောက်ပွဲတွင် ပါတီကို ဦးဆောင် ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ရာ တစ်နိုင်ငံလုံးတွင် နေရာ အများဆုံးအနိုင်ရရှိခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီး လျှင် ဒုတိယနေရာအများဆုံးအ နိုင်ရရှိခဲ့သည်။

ဦးခွန်ထွန်းဦးသည် မြန်မာ့ဒီ မိုကရေစီအရေးလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မဟာမိတ်အဖြစ် ကာလရှည် လက်တွဲခဲ့သူဖြစ်သည်။ ဦးခွန် ထွန်းဦးသည် နိုင်ငံရေးလုပ် ဆောင်မှုများကြောင့် အင်းစိန် ထောင်၊ ပူတာအိုထောင်၊ မန္တလေး အိုးဘိုထောင်၊ တောင်ငူထောင်တို့ ၌ အကျဉ်းကျခံရကာ ၂၀၁၂ တွင် နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်လာပြီး ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။

Top News