နော်ပဲလှော်ဇာတ်ရုပ်ကို အားပေးလို့ ပျော်ရွှင်နေတဲ့ ယဉ်လတ်

 ကြိုးပမ်းနေဆဲ သရုပ် ဆောင်တစ်ဦးအနေဖြင့် သရာ စောထိ ဇာတ်ကားဖြင့် ပရိသတ် များ သတိပြုမှုပိုမိုရရှိရန် မျှော် လင့်ကြောင်း အက်ရှင်မင်းသမီး ယဉ်လတ်က ပြောသည်။

‘‘အရင်တုန်းက ကိုယ့်ကိုယ် ကိုယ် ဖိုက်တာတစ်ယောက်လို့ပဲ ကြမ်းကြမ်းရမ်းရမ်းတွေ့နေရ တာ။ ထစ်ခဲဆိုခုတ်မယ်၊ သတ် မယ် ဒီလိုပဲမြင်နေကြတာ။ ဒီဇာတ်ကား (သရာစောထိ)ကတော့ ကိုယ့်အတွက် ဇာတ်ကောင်အ သစ်ဖြစ်တယ်’’ဟု ၎င်းက ပြော သည်။

ယဉ်လတ်သည် ‘သရာစော ထိ’ ရုပ်ရှင်ဇာတ်ကားတွင် ပညာ သင်ကြားလိုသည့် ဆယ်ကျော် သက်အရွယ် တိုင်းရင်းသူ နော်ပဲ လှော်အဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။

ယင်းဇာတ်ကားအထူးပွဲကို စက်တင်ဘာ ၉ ရက်က ပြသရာ လာရောက်ကြည့်ရှုသည့် ရုပ်ရှင် လောကသားများနှင့် ပရိသတ် များက ယဉ်လတ်၏ သရုပ်ဆောင်မှု ကောင်းမွန်ကြောင်း မှတ်ချက် ပြုခဲ့သည်။

‘‘ကိုယ်က ပရိသတ်တွေ ကြားထဲမှာ ကြည့်တဲ့အခါကျ တော့ သူတို့အသံတွေလည်း ကြားရတယ်။ နောက်ကနေ ဟယ် ချစ် စရာလေးလို့ပြောရင် ကိုယ်က ရှေ့ကနေ ပျော်နေတာပေါ့’’ဟု ယဉ် လတ်က ပရိသတ်များနှင့်အတူ ရုပ်ရှင်ကြည့်ခဲ့သည့် ခံစားမှုကို ပြောသည်။

ယင်းဇာတ်ကားကို စက်တင် ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ပြု လုပ်မည့် မြန်မာ့ဒီမိုကရေစီ ရက် သတ္တပတ်ရုပ်ရှင်ပွဲတော်တွင် ပြသရန် ရိုက်ကူးထားပြီး ထွန်းထွန်း၊ ယုသန္တာတင်၊    ယဉ်လတ်နှင့် ကိုပြည့်တို့က အဓိကပါဝင်သရုပ် ဆောင်ထားသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ရွှေစင်ဦး၊ မျက်ခြယ် ထုတ်လုပ်ရေးတို့နှင့် စာချုပ်ချုပ်၍ ရိုက်ကူးနေပြီး အခြားထုတ်လုပ်ရေးများက ကမ်း လှမ်းလာပါက ရိုက်ကူးမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

ဖိုက်တင်ဇာတ်ကားအများစု ရိုက်ကူးသည့်အကြောင်းနှင့်ပတ် သက်၍ ထုတ်လုပ်ရေးများက ၎င်းနှင့် လိုက်ဖက်သည့် ဇာတ်လမ်း များကို စီစဉ်ရိုက်ကူးပေးသော ကြောင့်ဖြစ်ပြီး အခွင့်အရေးပေးပါ က အခြားဇာတ်ရုပ်များ ရိုက်ကူး လိုကြောင်း ယဉ်လတ်က ပြော သည်။

Top News