ခင်ပွန်းနဲ့ သားသမီးတွေဘေးမှာမရှိဘဲ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

 မော်ဒယ်၊ ဖက်ရှင် ဒီဇိုင်နာ ဗစ်တိုးရီးယာားဘက်ခမ်း က ၎င်းအနေဖြင့် မိသားစုဝင်များ မရှိဘဲ အောင်မြင်သူတစ်ဦးဖြစ်မ လာနိုင်ကြောင်း ပြောကြားသည်။

အသက် (၄၃) နှစ်အရွယ် ဗစ်တိုးရီးယားသည် ခင်ပွန်းဖြစ်သူ ဘောလုံးအကျော်အမာ် ဒေးဗစ် ဘက်ခမ်း၊ သားများဖြစ်ကြသော ဘရွတ်ကလင်း၊ ရိုမီယို၊ ဆာ့ဇ်နှင့် အငယ်ဆုံးသမီး ဟာပါတို့နှင့်အ တူ ပြည့်စုံသော မိသားစုဘဝတစ် ခုကို ပိုင်ဆိုင်ထားသည်။

‘‘ကျွန်မရဲ့ ခင်ပွန်းနဲ့ သားသ မီးတွေသာ ဘေးမှာမရှိရင် ဒီလို အောင်မြင်တဲ့သူတစ်ယောက် ဖြစ် မလာနိုင်ပါဘူး။ ပြီးတော့ ကျွန်မကဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ် အောင်လုပ်တယ်။ ဒီဇိုင်းဆွဲတာပဲ ဖြစ်ဖြစ်၊ မိခင်တစ်ယောက်ပဲဖြစ် ဖြစ်၊ ဇနီးတစ်ယောက်ပဲဖြစ်ဖြစ် ကျွန်မအကောင်းဆုံးဖြစ်အောင် လုပ်တယ်’’ ဟု ဗစ်တိုးရီးယား ဘက်ခမ်းက ပြောကြားသည်။

ထို့အပြင် စက်တင်ဘာ ၁၀ ရက်က နယူးယောက်မြို့၌ ကျင်း ပသော ဗစ်တိုးရီးယားဘက်ခမ်း၏ ဖက်ရှင်ရှိုးပွဲသို့ ခင်ပွန်းဖြစ်သူဒေး ဗစ်ဘက်ခမ်းနှင့် သားကြီးဘရွတ် ကလင်းတို့က   ထိပ်ဆုံးတန်းမှ တက်ရောက်အားပေးခဲ့သည်။

—Ref:contactmusic

Top News