မိုးဟေကိုနဲ့ သင်ဇာဝင့်ကျော်တို့ အဓိကခေါင်းဆောင်ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

ဓာတ်ပုံ−စိုင်းဇော်

 မိုးရုပ်ရှင်ထုတ်လုပ်ရေး ၏ ကိုးကားမြောက်ရုပ်ရှင် ‘သူ့နာမည်ရွှေရုပ်’ ဟုအမည်ရသည့် ရုပ်ရှင်ဇာတ်ကား  ကန်တော့ပွဲ ပေးအခမ်းအနားကို စက်တင် ဘာ ၁၁ ရက် နံနက်က ရွှေတိဂုံ စေတီတော်အောင်မြေ၌ ပြုလုပ် ခဲ့သည်။

အဆိုပါဇာတ်ကားသည် မင်းသမီး အသားပေးဇာတ်ဖြစ်ပြီး ရုပ် ရှင်ရိုက်ကူးမှုများကို လျှော့ချခဲ့ သော သရုပ်ဆောင်မိုးဟေကို ပြန်လည်သရုပ်ဆောင်သည့် ဇာတ် ကားဖြစ်ကြောင်း ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ပြောသည်။ ‘‘ပရိသတ်နဲ့ သူနဲ့ကြားမှာ ချပြလိုက်တဲ့ဟာလေးတွေကို ကောင်းစေချင်တယ်။ အဲဒါ ကြောင့် သူ့အတွက် ဇာတ်ရှာရ တာလည်း နည်းနည်းခက်တယ်။ ဇာတ်တွေက တော်တော်များများ ပေးခဲ့ပြီးပြီ။ ညီမလေးက တစ်နှစ် ကို ငါးကား၊ ၁၀ ကားလောက် ရိုက်ချင်တာ။ ဒါပေမဲ့ ဒီနှစ်မှာ တစ်ကားမှ မရိုက်ဖြစ်ဘူး။ အခုမှ တစ်ကားရိုက်ရမှာ သူကြိုက်တဲ့ ဇာတ်ရဖို့အတွက်ကို တော်တော် ခက်ပါတယ်။ ဒီဇာတ်လေးပေး လိုက်တဲ့အခါကျတော့ နည်းနည်း ဆန်းတယ်။ နောက်သူမလုပ်ဖူး သေးတဲ့ ကာရိုက်တာလေးလည်း ဖြစ်တယ်။ ကောင်းတယ်။ အဲဒါ ကြောင့် သူလည်း ရိုက်ဖြစ်သွား တာပါ’’ဟု မိုးဟေကို၏ မိုးရုပ်ရှင် ထုတ်လုပ်ရေးအတွက် စီစဉ်သူအ ဖြစ် လုပ်ကိုင်ပေးနေသော ဒါရိုက် တာစတီးလ်က ပြောသည်။

‘သူ့နာမည်ရွှေရုပ်’ ဇာတ် ကားသည် မိုးဟေကိုနှင့် သင်ဇာ ဝင့်ကျော်တို့နှစ်ဦးကို ခေါင်း ဆောင်တင်ရိုက်ကူးမည်ဖြစ်ပြီး ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ မင်းခ၊ ရဲရင့်ထူးအပါအဝင် အခြားသရုပ်ဆောင်များဖြင့် ရိုက်ကူးမည်ဖြစ်သည်။

‘‘ဒီကားက အိမ်ရာတွေဆိုပြီး အများကြီးပေါ်ထွက်လာတယ်။ အိမ်ရာတွေကို မှီခိုပြီး လုပ်ကိုင် စားသောက်နေတဲ့လူတွေထဲမှာ တကယ်ကောင်းတဲ့သူတွေရှိ သလို အဲဒီလူတွေကို အခြေပြုပြီး တော့မှ ဒုစရိုက်အမှုတွေ ပြုသွား ကြတဲ့သူတွေလည်းရှိတယ်။ အဲဒီ တော့ အိမ်ရာနဲ့ပဲ ဆိုင်သလားဆို တော့ မဟုတ်ဘူး။ ကျွန်တော်တို့ အခြေခံလူတန်းစားတွေနဲ့လည်း ဆိုင်တယ်။ ဘာကြောင့်ဆိုင်လဲဆို ရင် ကျွန်တော်တို့ အခြေခံလူတန်း စားကလည်း အိမ်ရာတွေမှာ ဒီလို ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲအထိ မကူးစက်လာ နိုင်ဘူးလို့ ပြောလို့မရဘူး။ အဲဒါ ကို ကျွန်တော်တို့က ကြိုတင်ကာ ကွယ်တဲ့အနေနဲ့ မက်ဆေ့ခ်ျပေး ချင်တာပါ’’ဟု ဒါရိုက်တာစတီးလ် က ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က တည်းက ဝါသနာပါသည့် စီးပွား ရေးဘက်ကို တိုးချဲ့လုပ်ကိုင်၍ ဇာတ်ကားရိုက်ကူးမှုများ လျှော့ချ ခဲ့သည့် မိုးဟေကိုသည် မကြာမီက ထွန်းဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးသည့် ‘တစ်ခါက ရန်ကုန်

မြို့ပြများ’ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီး သုံးလအကြာ၌ ယခုဇာတ်ကားကို ပြန်လည်ရိုက်ကူးခြင်းဖြစ်သည်။

Top News