မုံရွာတွင် ပုဂ္ဂလိက လျှပ်စစ်တည်ဆောက်ရေး လုပ်ငန်းဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

မုံရွာမြို့တွင် ပုဂ္ဂလိက လျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းဝန် ထမ်းတစ်ဦး ဓာတ်လိုက်၍ ဓာတ် တိုင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။

မုံရွာမြို့ ဆူးလေကုန်းရပ် ကွက် ကျောက္ကာလမ်းဘေးရှိ သံ ဓာတ်တိုင်နေရာတွင် ကွန်ကရစ် ဓာတ်တိုင်လဲလှယ်တပ်ဆင်နေ သော ပုဂ္ဂလိက လျှပ်စစ်တည် ဆောက်ရေးလုပ်ငန်းမှ အသက် (၁၉) နှစ်အရွယ် အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၁၁ ရက် နေ့ လယ် ၁ နာရီခွဲခန့်က ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ဒုရဲမှူးကျင်စိန်က ပြောသည်။

ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် သံချောင်းကျေးရွာဇာတိဖြစ်သော အဆိုပါ အမျိုးသားသည် အခြား ၀န်ထမ်းများ ထမင်းစားနားချိန် တွင် ပြုတ်ကျနေသော ဓာတ်ကြိုး ကို ဓာတ်တိုင်အသစ်ပေါ်သို့ လိုင်းမိရန် ပြန်လည်ချိတ်ဆွဲစဉ် လျှပ်စစ်ဓာတ်အားဝင်လာပြီး ဓာတ်လိုက်ခံရခြင်းဖြစ်သည်။ ဓာတ်လိုက်ခံရ၍ ဓာတ်တိုင်ပေါ်မှ ပြုတ်ကျပြီး အောက်ဘက်ရှိ ရပ်ကွက်လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ရိုက်မိကာ မျက်နှာနှင့် လည်ပင်းတို့တွင် ဒဏ်ရာများရရှိပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။ သေဆုံးသူ  အမျိုးသားကို မုံရွာမြို့ ဒေ၀ဂတိလူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မုံရွာဆေးရုံကြီးသို့  ပို့ဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။