အဂတိလိုက်စားမှုဖြင့် တရားစွဲခံရသော ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အပါအဝင် ငါးဦးအာမခံလျှောက်ထားမှု ပယ်ချခံရ

ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးပြုံးချိုနှင့်အဖွဲ့ကို စက်တင်ဘာ ၁၁ရက် ရုံးချိန်း၌ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

အဂတိလိုက်စားမှု ကြောင့် တရားစွဲဆိုခံရသည့် က ရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးပြုံးချိုအပါအဝင် ငါးဦး ကို စက်တင်ဘာ ၁၁ ရက် ရုံးချိန်း၌ အာမခံပေးရန် လျှောက်ထားရာ တွင် ရန်ကုန်တိုင်းတရားလွှတ်တော်တရားသူကြီးက ပယ်ချခဲ့သည်။

အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲ ဆိုခံရသူ ငါးဦးအနက် ဦးနေမျိုး ထွန်း၏ ရှေ့နေက အာမခံပေးရန်  ပြီးခဲ့သည့်ရုံးချိန်း၌ လျှောက်ထား မှုကို ရန်ကုန်တိုင်းတရား လွှတ် တော်တရားသူကြီးက စွဲဆိုခံရ သည့် ပုဒ်မသည် ထောင်ဒဏ် (၁၀) နှစ်ထိ ချမှတ်နိုငသည့် ပုဒ်မဖြစ်၍ အာမခံပယ်ချသည်ဟု အမိန့်ချခဲ့ သည်။

ယမန်နေ့က ရုံးထုတ်ရာတွင် အမှုကို တရားလိုအဖြစ် တိုင် ကြားသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန် ကြားရေးမှူး ဦးစိန်တင်ကို စတင် စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုနှင့်အဖွဲ့ ကို တရားစွဲဆိုရန် တိုင်ကြားစာရရှိ မှုကြောင့် ဥပဒေစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး တရားစွဲဆိုရန် ဆုံး ဖြတ်ချက်ချပြီးနောက် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့ကြောင်း ဦးစိန် တင်က ထွက်ဆိုသည်။

ထို့နောက် တရားလိုအဖြစ် တိုင်ကြားပေးရန် ကော်မရှင်၏ တာဝန်ပေးမှုကြောင့် တရားစွဲဆို ခြင်းဖြစ်ကြောင်း ဦးစိန်တင်က ထွက်ဆိုခဲ့သည်။

ယင်းအမှုတွင် တရားလိုပြ သက်သေ ၂၇ ဦး စစ်ဆေးရန် တင်သွင်းထားသည်။

‘‘ဒီနေ့က ဦးစိန်တင်ကို အဓိ ကစစ်ဆေးတာပေါ့။ အခုမှ ဒါအ မှုကြီးစစစ်တာ။ ဦးနေမျိုးထွန်းရဲ့ အာမခံကို လျှောက်တယ်။ ဥပဒေ ရုံးက ကန့်ကွက်တယ်။ အာမခံက မညီညွတ်ဘူးဆိုပြီး ပယ်ချတာ ပေါ့။ အာမခံကတော့ နောက်ရုံး ချိန်းတွေလည်း လျှောက်လို့ရတာ ပဲ။ ခိုင်လုံတဲ့အာမခံချက်ရှိမှသာ လျှင် အာမခံမပေးနိုင်တဲ့အမှုကို အာမခံပေးမှာ’’ ဟု တရားစွဲဆိုခံ ရသူ ငါးဦးအနက် ဦးမျိုးခိုင်နှင့် ဦးကျော်စိုးနိုင်တို့၏ အကျိုး ဆောင်ရှေ့နေ ရန်ကုန်ရှေ့နေများ အသင်း ဥက္ကဋ္ဌ တရားလွှတ်တော် ရှေ့နေ ဦးချစ်ကိုကိုက ပြော သည်။

စက်တင်ဘာ ၁၁ ရက် လေးကြိမ်မြောက်ရုံးချိန်းတွင် စွပ် စွဲခံရသူအားလုံးသည် နှာခေါင်း စည်းများတပ်ကာ တရားရုံးသို့ ရောက်ရှိလာပြီး ၎င်းတို့သည် ရုံး ချိန်းတိုင်း ထိုကဲ့သို့ နှာခေါင်းစည်း များတပ်ကာ လာရောက်ခြင်းဖြစ် သည်။ နောက်တစ်ကြိမ် ရုံးချိန်းကို လာမည့် စက်တင်ဘာ ၁၈ ရက်သို့ပြန်လည်ချိန်းဆိုထားသည်။

၎င်းတို့ကို ဗဟန်းမြို့နယ် တရားရုံးတွင် စတင်ရုံးတင်ရမန် ထုတ်ယူခဲ့သော်လည်း နောက်ပိုင်း၌ ရန်ကုန်တိုင်းတရားလွှတ် တော်ရုံးသို့ ပြောင်းလဲ၍ ရုံးထုတ် စစ်နေမှုနှင့်ပတ်သက်ပြီး ‘‘ဒါကစီ ရင်ပိုင်ခွင့်က ဒီမှာပဲရှိတယ်။ အဲဒါ ကြောင့် ဒီမှာလာစစ်ရတာ။ ဒါက ထောင်ဒဏ် ၁၀ နှစ်ထက် မနည်း ချလို့ရတဲ့ ပုဒ်မနဲ့ စွဲထားတဲ့အမှု ဖြစ်နေလို့ပေါ့။ ဒီမှာပဲ စီရင်ပိုင် ခွင့်ရှိတယ်လို့ လမ်းညွှန်လို့ ဒီမှာ လာစစ်တာပေါ့’’ ဟု တရားလွှတ် တော်ရှေ့နေ ဦးချစ်ကိုကိုက ပြော သည်။ ဦးပြုံးချိုအပါအဝင်ငါးဦးကို ရန်ကုန်မြို့ရှိ စက်မှုဝန်ကြီးဌာန ပိုင်မြေ အမည်ပေါက်ကိစ္စနှင့်ပတ် သက်ပြီး ရောင်းချသူမြေရှင်နှင့် ဝယ်ယူသူတို့ကို အဂတိလိုက်စား ပြီး နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကြောင့် အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ဥပ ဒေပုဒ်မ ၅၆/၆၃ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်းဖြစ်သည်။

ဦးပြုံးချိုသည် ရာထူးတာဝန် ကို အကြောင်းပြု၍ ကိုယ်ကျိုးစီး ပွားအတွက် အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပေါ်ပေါက်သ ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၆ ဖြင့် တရားစွဲ ဆိုခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ဇေယျ၊ စစ်ကိုင်း တိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုး ခိုင်၊ မြေရှင်၏ ကိုယ်စားလှယ်ဦး ကျော်စိုးနိုင်နှင့် အငြိမ်းစားဗိုလ် ကြီး နေမျိုးထွန်းတို့ကို ရာထူးအ လွဲသုံးစားလုပ်သည်ကို သိလျက် နှင့် လိုက်ပါကူညီကြောင်း စစ် ဆေးပေါ်ပေါက်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အပြင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်း တရား စွဲဆိုထားသည်။