မာရာဝီမြို့တွင် စစ်သားများ ထိုးစစ်ဆင်နေစဉ် သူပုန်အချို့လက်နက်ချရန် အသင့်ရှိဟု ဖိလစ်ပိုင်စစ်တပ်ပြော

 ဖိလစ်ပိုင်နိုင်ငံ တောင် ပိုင်း မာရာဝီမြို့၏ ဒေသများကို သိမ်းပိုက်ထားသော အိုင်အက်စ် အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေး ကြွအချို့သည် သုံးလခွဲကြာတိုက် ခိုက်မှုများပြီးနောက် လက်နက် ချရန် ပြင်ဆင်နေကြောင်း သတင်းစကားပေးပို့ထားသည်ဟု စစ်တပ်က ပြောကြားသည်။

ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များက ယင်းမြို့တွင် ကျန်ရှိသော တိုက် ခိုက်ရေးသမား ၅၀ မှ ၆၀ ဦးအထိ ကို လက်နက်ချပြီး အနက်ရောင် ဝတ်စုံများ လဲလှယ်ကာ သတ်မှတ်နေရာသို့ လာရောက်ပါက အသက်ချမ်းသာပေးမည်ဟု အသံချဲ့စက်များသုံး၍ တိုက်တွန်းခဲ့ သည်။


လာမည့် ရက်ပိုင်းအတွင်း လက်နက်ချသူများ ရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးရိုမီယိုဘရောင်နာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒူတာတီက ဓားစာခံများ လွတ်မြောက်ရေး စစ်သွေးကြွများအား ယင်းမြို့မှ ထွက်ခွာခွင့်ပြုနိုင် ခြေကို စနေနေ့ကပယ်ချခဲ့သည်။

မာရာဝီမြို့ တိုက်ပွဲများအ တွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၇ ဦးသေဆုံးခဲ့ကာ စစ်သွေးကြွ ၆၅၅ဦးနှင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့သည်။

မာရာဝီမြို့၏ ဒေသအချို့ တွင် အရပ်သားများ ပြန်ရောက် လာသည်ကို တွေ့ရပြီး ဈေးဆိုင် များ၊ စာသင်ကျောင်းများ ဖွင့်နေပြီဖြစ်သော်လည်း မြို့အစိတ်အပိုင်း အများစု၌ လူကင်းမဲ့နေဆဲ ဖြစ်သည်။

စစ်သွေးကြွများ၏ တိုက် ခိုက်မှုများနှင့်အတူ ဒေသခံ လေး သိန်းခန့် ထွက်ပြေးသွားခဲ့သည်။

—Ref: Reuters

More in World News Section

Top News