ပေါင်းတည်တွင် သားမယားပြုကျင့်မှုဖြင့် ကျောင်းအုပ်ဆရာကို အမှုဖွင့်

ပဲခူးတိုင်း ပေါင်းတည်မြို့ တွင် ကျောင်းသူတစ်ဦးကို သား မယားပြုကျင့်မှုဖြင့် မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးအား အမှုဖွင့် အရေးယူထားကြောင်း ပေါင်းတည်မြို့မရဲစခန်းမှူး ဒုရဲ မှူးမြင့်ဝင်းက ပြောသည်။

အဆိုပါ ကျောင်းအုပ်ဆရာ သည် နေအိမ်တွင် ခေါ်ယူကျွေး မွေးစောင့်ရှောက်ထားသည့် (၁၅)နှစ်အရွယ် နဝမတန်းကျောင်းသူ တစ်ဦးကို သားမယားပြုကျင့်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်က  အမှုဖွင့်အရေးယူခံထားရကြောင်း ဒုရဲမှူးမြင့်ဝင်းက ပြောသည်။

‘‘အသက် (၁၈)နှစ်မပြည့် သေးတဲ့ ကျောင်းသူကို အဓမ္မပြု ကျင့်ခဲ့တယ်လို့ ကျောင်းသူရဲ့ မိခင်က တိုင်ကြားတဲ့ ကျောင်းအုပ်ဆရာကို စခန်းမှာ ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါကျောင်းအုပ်ဆရာ သည် (၄၉)နှစ်အရွယ်ရှိပြီး ပေါင်းတည်မြို့နယ် အဂ္ဂရာပြည့်ကျေး ရွာအုပ်စုရှိ အမှတ် (၃) အခြေခံ ပညာ မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ကျောင်းအုပ်ဆရာသည် ၎င်း၏နေအိမ်၌ ကျောင်းသူကို ၂၀၁၆ ဇွန်လ၊ စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် သုံးကြိမ်၊ ယခုနှစ် ဇွန်လတွင်တစ်ကြိမ် သားမယားပြုကျင့်ခဲ့သည်ဟု မိခင်က တိုင်ကြားခဲ့ကြောင်း ဒုရဲမှူးမြင့်ဝင်းက ပြော ကြားသည်။

‘‘ကျောင်းအုပ်ဆရာရဲ့ အဂ္ဂ ရာပြည့် မူလတန်းကျောင်းမှာ ကျောင်းသူလေးက မူလတန်း ပညာသင်ဖူးတယ်။ အဲဒီနောက် မြို့ပေါ်အထက်တန်းကျောင်းကို တက်ရတဲ့အခါ ကျောင်းအုပ် ဆရာက မြို့ပေါ်မှာရှိတဲ့သူ့ရဲ့အိမ် မှာခေါ်ထားပြီး ကျောင်းထားကျွေး မွေးစောင့်ရှောက်ထားတယ်လို့ သိရတယ်။ ဒီနှစ် ဇူလိုင်အတွင်း က ကျောင်းသူလေးက ရွာမှာရှိတဲ့ သူ့ရဲ့ နေအိမ်ကို ပြန်ရောက်လာ တယ်။ ကျောင်းအုပ်ဆရာရဲ့ နေ အိမ်ကို ပြန်မသွားချင်တော့ဘူး ပြောတဲ့အခါ မိခင်က မေးမြန်းလို့ သိရပြီး တိုင်ကြားတာလို့ သိရ တယ်’’ဟု ပေါင်းတည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးထွန်းထွန်းဦးက ပြော သည်။

ပညာရေးဌာန၏ညွှန်ကြား ချက်အရ ကျောင်းအုပ်ဆရာအား ရဲစခန်းက ဖမ်းဆီးအရေးယူခဲ့သည့်နေ့ကစတင်ပြီး တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။