အသက်မပြည့်သောရည်းစားကို ခိုးပြေးသူ ထောင်ဒဏ် ၁၃ နှစ်ကျ

အသက်မပြည့်သေး သော ရည်းစားကို ခိုးပြေးသည့် လူငယ်တစ်ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသည်။

အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်း သင်းသည့် (၂၀) အရွယ်ဟိန်း ပြည့်ဖြိုးဆိုသူကို လူခိုးမှုပုဒ်မ ၃၆၃ အရအလုပ်နှင့်ထောင်ဒဏ် သုံး နှစ်၊ သားမယား ပြုကျင့်မှုပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ကို သီးခြားစီ ကျခံစေရန် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားသူ ကြီးက စက်တင်ဘာ ၈ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ဒဂုံ (တောင်) မြို့နယ် (၇၁) ရပ်ကွက်၌ နေထိုင် သည့် အသက် (၄၄) နှစ်အရွယ် အမျိုးသမီးသည် နေအိမ်တွင် ရှိနေစဉ် ၎င်း၏သမီး အိပ်ရာအ တွင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့သည်။

ထို့နောက် သမီးကို ဒဂုံ (တောင်) မြို့နယ် (၇၀) ရပ်ကွက် အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် ပြန်လည်တွေ့ရှိသဖြင့် မေးမြန်း ရာ ၎င်းနှင့်ချစ်ကြိုက်နေသည့် ဟိန်းပြည့်ဖြိုးနှင့် တွေ့ဆုံကာထိုမှ တစ်ဆင့် ဝါးခယ်မမြို့နယ် ရှိကျေး ရွာတစ်ရွာသို့ ခေါ်ဆောင်သွား ကြောင်း ဒဂုံ (တောင်) မြို့မရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

ထို့နောက် ဟိန်းပြည့်ဖြိုး သည် သူငယ်ချင်း နေအိမ်၌ နှစ်ရက်တည်းခိုနေထိုင်စဉ် သားမယားအဖြစ်ပြုကျင့်ကြောင်း သိရှိသဖြင့်  အသက်မပြည့်သူ မိန်းကလေးကို ခိုးယူပေါင်းသင်းသော ဟိန်းပြည့်ဖြိုးကို မိန်းကလေး၏ မိခင်ကအမှု ဖွင့်တိုင်ကြားခဲ့သည်။