ယာဉ်ထိန်းရဲကိုဆဲသူ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထား

ယာဉ်ထိန်းရဲကို ဆဲသည့် ယာဉ်မောင်းကို ပုဒ်မသုံးခုဖြင့် အ မှုဖွင့်ထားပြီး ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေသည်။ 

မင်္ဂလာတောင်ညွန့်တွင် စက်တင်ဘာ ၄ ရက် နေ့လယ်က ယာဉ်မှုစစ်အဖွဲ့က ယာဉ်လမ်း ကြောင်း ပိတ်ဆို့နေသည့် နေရာ များရှိ ကားများကို လိုက်လံဖမ်း ဆီးရာမှ အဆိုပါယာဉ်မောင်းနှင့် အမှုစစ်ရဲအုပ်တို့ စတင်စကားများ ခဲ့ကြောင်း ဖမ်းဆီးမှုအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယာဉ်ထိန်းရဲအရာရှိကို ဆဲ ဆိုပြီးနောက် ပတ်ဝန်းကျင်ရှိလူ များနှင့် စကားများသည့် ယင်း ဗီဒီယိုဖိုင် စက်တင်ဘာ ၉ ရက် ညက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။

အဆိုပါဗီဒီယိုဖိုင်တွင် ကား ဖမ်းဆီးခံရသည့်နေရာ၌ ဖြူနီ ကျားမျဉ်းမရေးဆွဲဘဲ ဖမ်းဆီး  သည့် ယာဉ်ထိန်းရဲအရာရှိကို ဆဲ ဆိုပြီး အရက်နံ့နံသည်ဟုပြောကာ ဆဲဆိုပြီးနောက် ရပ်ကြည့်နေ သည့် ပြည်သူအချို့နှင့် စကားများ ပြီး တာဝန်ရှိသူများက ဝိုင်းဝန်း ထိန်းသိမ်းပေးခဲ့သည်။

ပြစ်မှုကျူးလွန်ခဲ့သူ ယူ စွတ်(ပ်) (ခ) ကျော်စိုးဝင်းကို ရာဇ သတ်ကြီးပုဒ်မ ၁၈၆  (ပြည်သူ့ဝန် ထမ်းတစ်ဦးကို အလုပ်ဝတ္တရား ဆောင်ရွက်စဉ် ဟန့်တားခြင်း)၊ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ညစ် ညမ်းသော ပြုလုပ်မှုများ)၊ ရာဇ သတ်ကြီးပုဒ်မ ၂၉၅-က (လူတ စားကိုးကွယ်သည့် ဘာသာကို စော်ကားခြင်း) ပုဒ်မများဖြင့် စက် တင်ဘာ ၉ ရက်က အမှုဖွင့်အရေး ယူထားသည်။

‘‘သူ့ကားတစ်စီးတည်းဖမ်း တာ တော့မဟုတ်ပါဘူး။ သူ့ကား ကို ဖမ်းတော့ ယာဉ်ထိန်းရဲအရာရှိ ကိုဆဲတယ်။ သူကလည်း ဗီဒီယို တွေ ပြန်ရိုက်တယ်။ တခြားဘေး က ကြည့်နေတဲ့ သူတွေကလည်း ရိုက် နေကြတယ်။ အရက်စော်နံ တယ်ပြောပြီး ဆဲရာကနေ ပတ်ဝန်း ကျင်က သူတွေနဲ့ စကားများကြ  တာပါ။ ပြဿနာတွေမဖြစ်ခဲ့ပါ ဘူး’’ ဟု အထက်ပါ အမျိုးသားက ပြောသည်။

စုပေါင်းဖမ်းဆီးရေးအဖွဲ့ တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူး၊ ရဲ၊ ယာဉ်ထိန်းရဲနှင့် စည်ပင်ရဲတပ်ဖွဲ့များ ပါဝင်ပြီး ယာဉ်လမ်းကြောင်း ပိတ်ဆို့သည့် နေရာများ၌ လိုက်လံလမ်း ကြောင်း ရှင်းခြင်းကြောင်း အ မှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

‘‘ကားဖမ်းတယ်ဆိုတော့ ပတ်ဝန်းကျင်က လူတွေကလည်း ဝိုင်းကြည့်နေတယ်။ သူကကားအ ဖမ်းခံရတော့ ဒေါသထွက်ပြီးဆဲ ဆိုရာကနေ ဖြစ်တာပါ။ ပတ်ဝန်း ကျင်က သူတွေကလည်း ခုလိုဆဲ ဆိုတဲ့အတွက် မကျေနပ်လို့ ပြန် ပြောရာကနေ ဖြစ်သွားတာပါ’’ ဟု ၎င်းကပြောသည်။ မင်္ဂလာတောင်ညွန့်ရဲစခန်း ကရာဇသက်ကြီးပုဒ်မ (၃)ခုဖြင့် စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့် အရေးယူထားသော်လည်း စက်တင်ဘာ ၁၀ ရက် ညနေအထိဖမ်းမိခြင်းမရှိသေးကြောင်း ရဲအရာရှိက ပြောသည်။

‘‘သူနေတဲ့နေရာနဲ့ ကားလိပ် စာနဲ့က တစ်နေရာစီဖြစ်နေတယ်။ သူတို့မိသားစုဝင်တွေကလည်း ရဲ စခန်းလာပို့ပေးမယ် ပြောထားပါ တယ်’’ ဟု ၎င်းကပြောသည်။