နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန် ပြည်တွင်းလေဆိပ်သုံးခုကို အဆင့်မြှင့်တင်မည်

 ပြည်တွင်းရှိ ဟဲဟိုး၊ မော်လမြိုင်နှင့်  ကော့သောင်းလေဆိပ်တို့ကို နိုင်ငံတကာမှ လေ ယာဉ်များ တိုက်ရိုက်ဆင်းသက် နိုင်မည့် လေဆိပ်များအဖြစ် အ ဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းညွှန်ကြား မှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတကာအဆင့်မဟုတ် သေးပေမယ့် Semi Internationalအဆင့်ထိ အဆင့်မြှင့်တင်မှုတွေ လုပ်သွားမယ်။ နိုင်ငံခြားကနေ လေယာဉ်တွေ တိုက်ရိုက်ဆင်း သက်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာလေဆိပ် အဆင့်ကိုတော့ နောက်တစ်ဆင့်မှာ ဆက်လုပ် သွားရမှာဖြစ်ပါတယ်’’ ဟု ပြည် တွင်းလေကြောင်းညွှန်ကြားမှုဦး စီးဌာန စံချိန်စံညွှန်းနှင့် ဘေးအန္တ ရာယ် ကင်းရှင်းရေးဌာနခွဲ ညွှန် ကြားရေးမှူး ဦးကျော်စိုးက ပြော သည်။

ယင်းလေဆိပ်သုံးခုရှိ လေ ယာဉ်ပြေးလမ်းနှင့် လေဆိပ်အ ဆောက်အအုံများကို အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့လေကြောင်းအဖွဲ့ ချုပ်မှ ပြဋ္ဌာန်းထားသည့်စံနှုန်းများ နှင့်အညီ အဆင့်မြှင့်တင်မည်ဖြစ် သည်။

‘‘နိုင်ငံတကာလေယာဉ်တွေ ဆင်းသက်မှာဖြစ်တဲ့အတွက် အ ဆင့်မြှင့်တင်မယ့်လေဆိပ်တွေမှာ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ် ရေးတို့ကိုလည်း ထားပေးသွား မယ်။ လေယာဉ်ပြေးလမ်းအလျား၊ အနံခံနိုင်ရည်အားပေါ် မူတည်ပြီး ဘယ်လေယာဉ်အမျိုးအစားတွေ ကို ဆင်းခွင့်ပြုမယ်ဆိုတာကိုတော့ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးကျော်စိုးက ပြောသည်။

အဆိုပါလေဆိပ်သုံးခုကို အ ဆင့်မြှင့်တင်ရာတွင် ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်း၍ PPP (Private - Public - Partnership) စနစ်ဖြင့် ပြုလုပ်မည်ဖြစ်ပြီး လက်ရှိ၌ စိတ်ဝင်စားကြောင်း တင်ဒါ EOI များ စတင်ခေါ်ယူနေသည်။ စိတ်ဝင်စားကြောင်း တင်ဒါလျှောက် လွှာများကို စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ ပြည်တွင်းလေကြောင်း ညွှန်ကြားမှုဦးစီးဌာနတွင် ရောင်းချပေးနေသည်ဟု ဦးကျော်စိုးက ပြောသည်။

‘‘PPP စနစ်နဲ့သွားမှာဖြစ်တဲ့ အတွက် စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေကို လာလျှောက်ဖို့အတွက် EOI ခေါ်ထားတယ်။ အဲဒါပြီးရင် တင်ဒါအတွက် ရွေးချယ်ပြီးတော့ ညှိနှိုင်းမှုတွေ လုပ်သွားမယ်။ Mar-keting Plan တွေ ဆွေးနွေးသွားမယ်။ ပြီးမှ MIC ကို တင်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ပြည်တွင်းလေကြောင်းညွှန် ကြားမှု ဦးစီးဌာနအနေဖြင့် ပြီးခဲ့ သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် က စစ်တွေ၊ သံတွဲနှင့် လားရှိုးလေဆိပ်တို့ကို တစ်နှစ်လျှင် ခရီးသည် တစ်သန်းအထိ ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။