ခေါင်းဆောင် ပြန်လည်ရွေးချယ်မည့် ABSDF ညီလာခံ ကျင်းပမည်

ABSDF ဗဟိုကော်မတီအစည်းအဝေးက်ု စက်တင်ဘာ ၉ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ − Maung Oo(FB))

 ခေါင်းဆောင်ပိုင်း ပြန် လည်ရွေးချယ်မည့် ညီလာခံကျင်း ပနိုင်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟိုကော်မတီ အစည်းအဝေး  ကျင်းပနေ ကြောင်း ABSDF ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်းယော အောင်က ပြောသည်။


ABSDF ၏ ဗဟိုကော်မတီ စုံညီအစည်းအဝေးကို စက်တင် ဘာ ၈ ရက်စ၍ ထိုင်းနိုင်ငံ မဲ ဆောက်မြို့၌ ကျင်းပနေပြီး လေး ရက် ကျင်းပမည်ဖြစ်ကြောင်းနှင့် ညီလာခံကျင်းပမည့်ရက် သတ် မှတ်မည်ဖြစ်ကြောင်း ၎င်းကဆို သည်။

ABSDF ညီလာခံကို သုံးနှစ် တစ်ကြိမ် ကျင်းပရန် သတ်မှတ် ထားပြီး (၁၀)ကြိမ်မြောက် ညီလာခံကို ၂၀၁၄ မတ်လတွင် ကျင်းပခဲ့သည်။ သတ်မှတ်ချက်အရABSDFညီလာခံကို ၂၀၁၇ မတ်လတွင် ပြုလုပ်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ သုံးလနှစ်ကြိမ် ခြောက်လပဲရွှေ့ ခွင့်ရှိမယ်။ ခြောက်လရွှေ့ထားပြီး ဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ တစ်ခုခုဆုံးဖြတ်ပြီး လုပ်ရမှာဖြစ် ပါတယ်။ ထပ်ရွှေ့မှာမဟုတ် တော့ဘူး။ ရက်သတ်မှတ်ဖို့ ဆုံး ဖြတ်ရမှာ’’ဟု ဆလိုင်းယော အောင်က ပြောသည်။

ယခင် ကျင်းပသည့် ABSDF ညီလာခံသို့ ကချင်၊ ကရင်၊ ကရင်နီနှင့် မွန် စသည့် ဒေသအသီးသီးမှ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ရှစ်ဆယ်ဦးခန့်ရှိကြောင်း ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောသည်။

‘‘စခန်းအသီးသီးက၊ ဒေသ အသီးသီးက တက်လာတဲ့ ညီလာ ခံကိုယ်စားလှယ်၊ တပ်ရင်းတပ်ဖွဲ့ အသီးသီးက တက်လာတဲ့ညီလာ ခံကိုယ်စားလှယ်တွေကနေပြီး တော့ ကျွန်တော်တို့ ဦးဆောင်မှု အသစ်ကို ရွေးချယ်ပါတယ်။ ဗဟို ဦးဆောင်ကော်မတီ ရွေးချယ် တယ်။ ဗဟိုကော်မတီ ရွေးချယ် တယ်။ အဲဒီကမှတစ်ဆင့် အဖွဲ့ အစည်းကို ဦးဆောင်သွားမယ့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အထွေထွေအ တွင်းရေးမှူး၊ အတွင်းရေးမှူး စ သည်အားဖြင့် ရွေးချယ်ပါတယ် ဗျ’’ဟု ၎င်းက ဆိုသည်။

ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်ရာတွင် လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်ခြင်းဖြစ် ကြောင်း ဆလိုင်းယောအောင်က ပြောသည်။ လက်ရှိ၌ ABSDF တွင် ဗဟိုကော်မတီ ၁၈ ဦး၊ ဗဟိုဦးဆောင်ကော်မတီ ၁၁ ဦးတို့ရှိ ကြောင်း ၎င်းက ဆိုသည်။ ABSDF ၏ လက်ရှိဥက္ကဋ္ဌသည်  ဦးသံခဲဖြစ် သည်။

၁၉၈၈ ဒီမိုကရေစီအရေး တော်ပုံကာလ လှုပ်ရှားမှုတွင် ပါ ၀င်သည့် ကျောင်းသားလူငယ်များ သည် အာဏာရှင်စနစ်ကိုလက် နက်ကိုင်၍ တော်လှန်ရန်ရည်ရွယ် ကာ နယ်စပ်ရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ အကူအညီ ဖြင့် ABSDF ကို ၁၉၈၈ နိုဝင်ဘာတွင် ဖွဲ့စည်းခဲ့သည်။

ABSDF သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် NCA တွင်ပါဝင်လက်မှတ်ထိုးထားပြီး အစိုးရနှင့်အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့အစည်းဖြစ်သည်။