ရုပ်ရှင် အကြိုခံစားခြင်း

HOME AGAIN

ဒီနေ့တော့ ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတွေ သဘောကျတဲ့ ပရိသတ်တွေအတွက် အမေရိကန်အချစ်ဟာသဇာတ်လမ်း လေး အကြိုခံစားကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။


ခင်ပွန်းဖြစ်သူ အော်စတင်နဲ့ လမ်းခွဲပြီးနောက်မှာတော့အဲလစ်ကင်နီဟာ သမီးလေးနှစ်ယောက်ကို တစ်ကိုယ်တော်စောင့်ရှောက်ပြီး ဘ၀သစ်စဖို့ လော့စ်အန်ဂျလိစ်မှာရှိတဲ့ သူ့အဖေပိုင်အိမ်ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

စိတ်ညစ်စရာတွေနဲ့ အမြဲတမ်းစိတ်ဓာတ်ကျပြီး မပျော် မရွှင်ဖြစ်နေတဲ့ အဲလစ်ကို အိမ် ထောင်ကွဲပြီး လအနည်းငယ်ကြာ အပြီးမှာတော့ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်းတွေက အသက် (၄၀) ပြည့်မွေးနေ့ပွဲ စီစဉ်ပေးသလို  နောက်အိမ်ထောင်ပြုဖို့အတွက် လည်း အားပေးခဲ့ကြပါတယ်။

တစ်ရက်မှာတော့ အဲလစ် ဟာ ဘားတစ်ခုကိုသွားရင်း အသက် (၂၀) ကျော်အရွယ် ခပ်မိုက်မိုက်လူငယ်ခြေတက် ဒါရိုက်တာ လေးသုံးယောက်ဖြစ်တဲ့ ဟယ်ရီ၊ တက်ဒီ၊ ဂျော့ခ်ျတို့နဲ့ သိကျွမ်းခဲ့ပါ တယ်။

သူတို့ သုံးယောက်ဟာ ဟောလိဝုဒ်က အိမ်ခန်းကနေ မောင်းထုတ်ခံခဲ့ရတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘားကိုရောက်လာ ရင်း အဲလစ်နဲ့ ဆုံခဲ့ကြတာပါ။ မိတ်ဖြစ်ဆွေဖြစ်ပြောဆိုရင်း နေစရာ ရှာနေတဲ့ သူတို့ သုံးယောက်ကို အဲလစ်က သူ့အိမ်ကြီးမှာ ခေတ္တနေခွင့်ပြုခဲ့ပါတယ်။

ဒီလိုနဲ့ အဲလစ်အိမ်မှာ လိုက် နေရင်းနဲ့ လူငယ်လေးသုံးယောက်ထဲက တစ်ယောက်နဲ့ အဲလစ်တို့ချိတ်တိတ်တိတ်ဖြစ်ခဲ့ကြပါ တယ်။ 

အဲဒီအချိန်မှာပဲ အဲလစ်ရဲ့ခင် ပွန်းဟောင်း အော်စတင်ကလည်း ပြန်ပေါင်းထုပ်ရအောင်လို့ဆိုပြီး လော့စ်အန်ဂျ လိစ်ကအိမ် ကို ရုတ်တရက်ရောက်လာတဲ့အ ခါမှာတော့ အဲလစ်ရဲ့အချစ်ဇာတ် လမ်းက ဘာတွေဆက်ဖြစ်မလဲ၊ အဲလစ်တစ်ယောက် ခင်ပွန်းဟောင်းနဲ့ချစ်သူသစ် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ရယ်မော စရာလေးတွေနဲ့အတူ ဆက်လက် ခံစားကြည့်လိုက်ဦးနော်။

အချစ်၊ ခင်မင်ရင်းနှီးမှု၊ မိသားစုကြားက အကြောင်းအ ရာလေးကို ဇာတ်အိမ်ဖွဲ့ထားတဲ့ ဒီဇာတ်ကားမှာ အဓိက ဇာတ် ဆောင် အဲလစ်ကင်နီအဖြစ် မင်း သမီးရီဆီဝှစ်သာစပွန်းက သရုပ် ဆောင်ထားပြီး ကန်ဒစ္စဘာဂန်၊ မိုက်ကယ်ရှင်းန်၊ လိတ်ခ်ဘဲလ်၊ နတ်ဝုဖ်၊ ရိတ်ဒ်စကော့ စသူတွေ ပါဝင်ထားကြပါတယ်။

Top News