ရခိုင်ပြည်သူတွေအတွက် မွေးနေ့မှာ လှူဒါန်းတဲ့နေတိုး

(ဓာတ်ပုံ-စိုင်းဇော်)

သရုပ်ဆောင် နေတိုးက မွေးနေ့အလှူအဖြစ် အကြမ်းဖက် ခံရသော ရခိုင်ပြည်သူများနှင့် စစ် ဘေးရှောင် ဒုက္ခသည်များအတွက်ငွေကျပ် သိန်းတစ်ရာကျော်လှူ ဒါန်းခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် ကျ ရောက်သော (၃၆) နှစ်ပြည့် မွေး နေ့၌ အလိုတော်ပြည့်ကျောင်း တိုက်တွင် မွေးနေ့အမှတ်တရအ ဖြစ် ဆရာတော်များအား နေ့ဆွမ်း ကပ်ခဲ့သည်။

‘‘ကျွန်တော် Rose Rider ရိုက်နေတဲ့အတွက်ကြောင့် ရခိုင် အကြမ်းဖက်မှုတွေဖြစ်တော့ ချက်ချင်းလှူချင်ပေမယ့် မလှူခဲ့ရဘူး။ ရန်ကုန်ပြန်ရောက်နေတဲ့အချိန် မွေးနေ့နဲ့တိုက်ဆိုင်တော့ တစ်ခါ တည်း ဘုန်းဘုန်းကျောင်းမှာပဲလှူ လိုက်တာပါ’’ ဟု သရုပ်ဆောင် နေတိုးက ပြောသည်။

အလှူငွေကျပ်သိန်းတစ်ရာ ကျော် (ကျပ် ၁၁,၃၃၀,၀၀၀) တွင်ထာဝရနှင်းဆီ ဖောင်ဒေးရှင်းအ နေဖြင့် သိန်းငါးဆယ်ပါဝင်သလို အခြားသော အနုပညာရှင်များနှင့် ၎င်းလှူဒါန်းသည့် အလှူငွေများ စုပေါင်းကာ အလိုတော်ပြည့် ကျောင်းမှတစ်ဆင့် ရခိုင်ပြည်သူ ပြည်သားများအတွက် လှူဒါန်း ခြင်းဖြစ်သည်။

‘‘မွေးနေ့ဖြတ်သန်းမှုက We Love တွေ မနက်ကဘုရားသွား ပေးတယ်။ ပြီးတော့ ၇ နာရီခွဲ လောက် အိမ်ကိုလာပြီး Surprise လာလုပ်တယ်။ ကိတ်ခွဲတယ်။ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ ညဘက်မှာလည်း အိမ်မှာ ပဲ မိသားစုနဲ့ ကိတ်ခွဲဖြစ်မယ်ထင် တယ်။ ပွဲတော့မလုပ်ဖြစ်ဘူး။ သူ ငယ်ချင်းတွေကလည်း လူမစုံဘူး။ မန္တလေးသွားပြီး လူစုံတော့မှပဲ မွေးနေ့အတွက် လုပ်တော့မယ်’’ ဟု နေတိုးကပြောသည်။

အသက်တစ်နှစ်ကြီးလာ သဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ် နေပြီး အသစ်အသစ်သော ခံယူ ချက်များအပြင် မွေးနေ့လှူဒါန်းမှု အပေါ် ပီတိဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘စိတ်ထဲမှာ အဓိကက မွေး နေ့လှူဒါန်းရတဲ့ အလှူအတန်းအ တွက်ကို ကြည်နူးမိတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တစ် ခုမှာတော့ ဒါရခိုင်တိုင်းရင်းသား ဆိုတာ ကိုယ့်ညီအစ်ကို မောင်နှမ တွေပဲဆိုတော့ အကုန်လုံးပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာရှိကြတဲ့ တိုင်းရင်းသားတွေ အားလုံးက ညီ အစ်ကို မောင်နှမတွေပဲဆိုတော့ အကုန်လုံးက သွေးချင်းတွေဖြစ်ပါ တယ်။ကိုယ့်သွေးချင်းတွေထဲက နေ ဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက် မှုတွေ ကြုံတွေ့ရတဲ့အတွက်၊ ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့နေရ တဲ့အတွက် အမြန်ဆုံး လွတ် မြောက်စေချင်တဲ့စိတ်က အပြည့် အဝရှိတယ်။ အမြဲတမ်းလည်း မနက်ဘုရားရှိခိုးတိုင်းလည်း ဆု တောင်းဖြစ်နေတယ်။ ဖြစ်ပေါ်လာ တဲ့ အဖြစ်အပျက်တွေကိုလည်း ဒီ လိုပဲ ကျွန်တော့်အနေနဲ့ မျက်ခြည် မပြတ် စောင့်ကြည့်ပေးနေတယ်။ အမြန်ဆုံး ဒီဒုက္ခကနေ လွတ် မြောက်ပါစေလို့လည်း ဆုတောင်းပေးနေတယ်။ လိုအပ်တဲ့ ထောက် ပံ့မှုမျိုးကိုလည်း လုပ်သွားဖို့ ရည် ရွယ်ချက်ရှိပါတယ်’’ ဟု နေတိုးက ပြောသည်။

မွေးနေ့တွင် ရိုက်ကူးရေး လက်မခံထားသလို စက်တင်ဘာ ၁၁ ရက်၌ Rose Rider  ဇာတ်ကားကို ရန်ကုန်၌ နှစ်ရက်ရိုက်ကူးရန်ရှိပြီး မန္တလေး၊ ပုဂံနှင့် ကျိုက်ထီးရိုးစေတီတော်တို့တွင် ဆက်လက်ရိုက်ကူးရန် ရှိကြောင်း ၎င်းက ဆိုသည်။

Top News