နေရာကွက်မိုးကြီးနေ၍ မြစ်ရေပြန်တက်ကာ ရေဘေးသတိပေးချက် မိုးဇလ ထုတ်ပြန်

 မြန်မာနိုင်ငံအထက်ပိုင်း နှင့် အလယ်ပိုင်းဒေသများတွင် နေ ရာကွက်မိုးကြီးနေကာ မြစ်အချို့ရေပြန်တက်နေ၍ မိုးဇလက ရေ ဘေးသတိပေးချက် ထုတ်ပြန်ထား သည်။ 

အနောက်တောင်မုတ်သုံ လေသည် မြန်မာနိုင်ငံအထက် ပိုင်းဒေသများမှ ဆုတ်ခွာနေ၍ ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မန္တ လေးတိုင်းဒေသကြီး၊ နေပြည် တော်တို့တွင် နေရာကွက်မိုးကြီး နေသည်။ ထို့ကြောင့် မြစ်များတစ် ကျော့ပြန်ရေပြန်တက်လာပြီး စစ် တောင်းမြစ်သည် ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့တွင် စိုးရိမ်ရေ မှတ်အနီးသို့ မြင့်တက်လာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန် ထားသည်။ 

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ‘‘နေပြည်တော်နဲ့ အထက်ပိုင်းရော အလယ်ပိုင်း ဒေသတွေမှာပါ မိုး ကောင်းနေလို့ မြစ်ရေတွေ ပြန် တက်လာတယ်။ ဧရာဝတီမြစ်က တော့ စိုးရိမ်ရေမှတ်ကို ရောက် လာစရာမရှိပါဘူး။ စစ်တောင်း မြစ်ရေကတော့ သိသိသာသာ တက်လာလို့ ရေဘေးသတိပေး ချက်ထုတ်ထားပါတယ်’’ဟု ပြော သည်။ 

စက်တင်ဘာ ၉ ရက်တိုင်း တာချက်အရ စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့တွင် စိုးရိမ်ရေ မှတ်အောက် ပေဝက်ခန့်သို့ ရောက်ရှိနေသည်။ ၂၄ နာရီအ တွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် တောင်ငူမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေ နိမ့်ပိုင်းနေထိုင်သူများ ရေဘေးသ တိပြုရန် မိုးဇလက သတိပေးထား သည်။ 

လတ်တလောတွင် ရာသီဥတုအခြေအနေအရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊  မန္တလေးတိုင်းဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထား သည်။ 

Top News