လက်ဖက်ရည်ဆိုင်တွင် ရန်ဖြစ်ရာမှ တပ်မတော်သားတစ်ဦး သေဆုံး

တပ်မတော်အထည်ချုပ် စက်ရုံအနီးရှိ ညလုံးပေါက်ဖွင့် သည့် လက်ဖက်ရည်ဆိုင်တွင် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားရာမှ ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော် သားတစ်ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာ၌ ရှိသူများက ပြောသည်။

မင်္ဂလာဒုံမြို့နယ် ၀ါယာ လက်တပ်မတော်အထည်ချုပ် စက်ရုံအနီး လက်ဖက်ရည်ဆိုင် တွင် စက်တင်ဘာ ၉ ရက် နံနက် ၃ နာရီက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လက်ဖက်ရည်ဆိုင်ဘေးရှိ OK ဖက်ရှင်ဆိုင်ရှေ့၌ ဒုတပ်ကြပ်  သေဆုံးခဲ့ခြင်းဖြစ်သည်။

‘‘စစ်သားဘက်ကတော့ နှစ် ယောက်တည်း။ ဟိုဘက်က ငါး ယောက်၊ ခြောက်ယောက်လောက်ရှိမယ်။ လုပ်ပြီးပြေးသွား တာဆိုတော့ ဘယ်သူမှတော့ သေ သေချာချာမမြင်လိုက်ဘူး။ လော လောဆယ်တော့ သတင်းက အ မျိုးမျိုးထွက်နေတုန်းပဲ’’ဟု အခင်း  ဖြစ်ပွားသည့်နေရာသို့ သွား ရောက်ကူညီသူတစ်ဦးက ပြော သည်။

သေဆုံးသူ အသက် (၃၀) ခန့်အရွယ် တပ်မတော်သားသည်ဒုတပ်ကြပ်လွင်ကိုနိုင်ဖြစ်ပြီး  ဆေးဝါးသိုလှောင်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ၎င်းနှင့်အတူပါလာသည့် တပ်မတော်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစလုံးအရပ်ဝတ်ဖြင့်ဖြစ်ကြောင်း ကူညီသူက ဆက်လက်ရှင်းပြသည်။

‘‘သူတို့က ထမင်းကြော်စား ပြီး အပြန်လမ်းမှာ လူတစ်ယောက်ကို ၀ိုင်းထိုးနေတာတွေ့လို့ ၀င်တားကနေ သူ့ကို ဓားနဲ့ထိုးသတ်သွားတာ’’ဟု မြောက်ပိုင်းခရိုင် ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူတပ်မတော်သား ၏ ၀မ်းဗိုက်ဘက်ဘက်တွင် ဓားဒဏ်ရာတစ်ချက်၊ ဘက်ဘက် ပေါင်တွင် ဓားဒဏ်ရာတစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၎င်းနှင့်အတူပါလာသည့် တပ်မတော်သား၏ လက်တွင် ဓားဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော်ခုတင် ၁,၀၀၀ ဆေးရုံသို့ တင်ပို့ကုသထားသည်။ တပ်မတော်သားနှစ်ဦးကို အုပ်စုဖွဲ့ကာ ဓားဖြင့်ထိုးသူများကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းနေပြီး ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၂၅ နှင့် ပုဒ်မ ၁၁၄ တို့ဖြင့် အရေးယူထားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍   ရန်ကုန်တိုင်းစစ်ဌာနချုပ်သို့ မေး မြန်းရာ မသိရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။