ဖေ့စ်ဘွတ်ခ်ကောလာဟလကြောင့် ပြည်နှင့် ရွှေတောင်ရှိ စာသင်ကျောင်းအချို့တွင် လူစုလူဝေးဖြစ်

ကောလာဟလများကြောင့် ပြည်မြို့ရှိ ရွှေတံခါးကျောင်းရှေ့တွင် စက်တင်ဘာ ၈ ရက်က လူစုလူဝေးဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

 ‘ပြည်မြို့ရွှေတံခါးစာသင် ကျောင်းသို့ လူမျိုးခြားများလာ ရောက်နှောင့်ယှက်’ ဟူသော ဖေ့စ်ဘွတ်ခ်ပေါ်မှ ကောလာဟလ ကြောင့် မိဘများက စိုးရိမ်ပြီး ကျောင်းဆင်းချိန်မတိုင်မီ ကျောင်း သားများကို လာခေါ်သဖြင့် ပြည်မြို့နှင့် ရွှေတောင်မြို့ရှိ စာသင်ကျောင်းအချို့တွင် ယမန်နေ့ နံနက်က လူစုလူဝေး ဖြစ်ပေါ်ခဲ့ သည်။

ပြည်မြို့ ရွှေတံခါး အထက (ခွဲ)တွင် အိန္ဒိယပန်းအလှပြင်နည်းပြသရန် လာရောက်သည့် ဟိန္ဒူ အမျိုးသားနှစ်ဦးကို ကျောင်းရှိ ဆရာမတစ်ဦးက ကျောင်းထဲပေး မဝင်ဘဲ ထိုအကြောင်းကို ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ဖော်ပြခဲ့သည်။


‘‘ပညာရေးဌာနမှ လူကြီးမင်းများသိရှိနိုင်ပါရန်။ ယနေ့ ၂၀၁၇ စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင် အောင်ထွန်း လက်မှတ်၊ ပြည်မြို့ နယ် ပညာရေးမှူး ရုံးတံဆိပ်ဖြင့် ကုလားအမျိုးသား နှစ်ယောက် ထခွဲ ရွှေတံခါးကျောင်းတွင်းသို့ ဝင်ခွင့်တောင်းပါသည်။ ကျောင်း အုပ်ကြီးအစည်းအဝေးတက်နေ သည့်အတွက် ကျောင်းမှာမရှိပါ။ ကျွန်မတို့ဆရာမများက ဝင်ခွင့်မ ပြုပါ။ လက်ထောက်ပညာရေးမှူး  ထိုသို့ လုပ်သင့်ပါသလား။ အကြီး အကဲများ ဖြေရှင်းပေးပါ။ ဖတ်ပြီး ရှယ်ပေးကြပါ’’ဟု ဆရာမက တင်ထားခြင်းဖြစ်သည်။

သို့သော် အဆိုပါကိစ္စကို ‘ပြည်မြို့ ရွှေတံခါးစာသင်ကျောင်း သို့ လူမျိုးခြားများ လာရောက် နှောင့်ယှက်’ဟူသော မူရင်းပို့စ်မှ အဖြစ်အပျက်နှင့် လွဲချော်သည့် ကောလာဟလ ရေးသားသူများ မှတစ်ဆင့် အချိန်တိုအတွင်း ကျယ်ပြန့်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့မှ ကျောင်းများအပြင် ရွှေတောင် မြို့အထိပါ ပျံ့နှံ့ခြင်းဖြစ်သည်။

 ကျောင်းသားမိဘများနှင့် ဒေသခံများစုဝေးရောက်ရှိလာသ ဖြင့် ကျောင်းရှေ့သို့ ရဲတပ်ဖွဲ့ဝင် များပါ ရောက်ရှိလာကာ အခြေ အနေကို တည်ငြိမ်အောင် ထိန်း သိမ်းနိုင်ခဲ့ပြီး ကျောင်းဆင်းချိန် မှသာ ကျောင်းသားများကို ပြန် လွှတ်ပေးခဲ့သည်။

 ‘‘ကျောင်းသားမိဘတွေက လည်း စိုးရိမ်ပြီး သားသမီးတွေကို ပြန်ခေါ်လိုကြပေမယ့် အားလုံး အေးဆေး တည်ငြိမ်သွားခဲ့ပါ တယ်’’ဟု ပြည်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော် က ပြောသည်။

အိန္ဒိယပန်းအလှပြင်နည်းပြ အမျိုးသားနှစ်ဦးသည် ကျောင်းက ဝင်ခွင့်မပြုသဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း၊ ၎င်းတို့နှစ်ဦးတွင် ပြည်မြို့နယ် ဒုတိယပညာရေးမှူး ၏ ခွင့်ပြုချက်စာရွက်ဖြင့် လာ ရောက်သည်ကို တွေ့ရပြီး ယင်း ကိစ္စနှင့်ပတ်သက်၍ စုံစမ်းရှာဖွေ နေကြောင်း ပြည်မြို့နယ်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘သူတို့နှစ်ယောက် ကျောင်း ထဲကို ဝင်ခွင့်တောင်းတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန် ရှိသူတွေကို ဖုန်းဆက်ပေမယ့် မ ကိုင်ဘူး။ ကျောင်းထဲဝင်လိုသူတွေ က လူမျိုးခြားတွေဖြစ်နေတယ်။ ကျွန်မတို့ကျောင်းမှာ လုံခြုံရေး တွေမရှိသလို ခြံစည်းရိုးကအစ လုံခြုံတာမရှိဘူး’’ဟု ရွှေတံခါး အထက(ခွဲ)ကျောင်းမှ အလယ် တန်းပြကျောင်းဆရာမတစ်ဦးက ပြောသည်။

အိန္ဒိယပန်းအလှပြင်နည်းပြ သူများသည် ၂၀၁၅ ကလည်းလာ ရောက်ဖူးပြီး ၂၀၁၆ တွင် မလာတော့ကြောင်း၊ ကျောင်းများကို  လိုက်ပြသည့်အခါ ဝင်ခွင့်တောင်းသဖြင့် ခွင့်ပြုပေးခဲ့ကြောင်း ပြည် မြို့နယ် ဒုတိယပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၇ ရက်ကတည်းက မြို့ပေါ် အထက(၁)၊ အလက(၂)၊ ရွှေကူ ကျောင်းစသည့် ကျောင်းလေးခု တွင် နည်းပြပေးပြီး ပြဿနာမဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

‘‘ရွှေတံခါး အထကခွဲကျမှ ကျောင်းအုပ်ဆရာမကြီးလည်း မရှိချိန် ကျန်နေတဲ့ ဆရာမတွေနဲ့ တွေ့ပြီး ဖြစ်သွားတာပါ။ ကျောင်း အုပ်ဆရာမကြီးတွေဆီ ကြိုတင် ပြောပါတယ်။ ဆရာမကြီးက အ စည်းအဝေးလုပ်နေတော့ ကျောင်းက ဆရာမတွေ ဖုန်းဆက်တဲ့အချိန် ဖုန်းမကိုင်တာမှာ ဖြစ်သွားတာ’’ဟု ဦးအောင်နိုင်ထွန်းက ရှင်းပြသည်။

သို့သော် ကောလာဟလဖြန့် သူများကြောင့် ကျောင်းသားမိဘ များ စိုးရိမ်ပူပန်ခဲ့သည်။

‘‘ကျောင်းတွေကို ပန်းစည်း နဲ့ ဓားတွေနဲ့ ကုလားတွေ ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေ ကြောင့် မိဘတွေက စိုးရိမ်ပြီး ပြန် ခေါ်ချင်ကြပေမယ့် ကျောင်းတွေ က တံခါးဖွင့်မပေးဘဲ ပြန်မလွှတ် ကြပါဘူး။ သတင်းပြန့်တာ မြန် တော့ စာသင်ကျောင်းနှစ်ခုမှာ ကလေးတွေကို ပြန်ခေါ်လိုတဲ့ ကျောင်းသားမိဘတွေ လူစုလူဝေး ဖြစ်သွားတယ်’’ဟု ပြည်မြို့ အထက(၅)မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

 အဆိုပါ ကောလာဟလ သည် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပျံ့နှံ့ ခဲ့ရာ ပြည်မြို့နှင့်နီးစပ်သည့် ရွှေ တောင်မြို့ပေါ်ရှိ စာသင်ကျောင်း သုံးခုတွင်လည်း သြဂုတ် နံနက် ၁၁ နာရီခန့်၌ ကျောင်းသားမိဘ များက ကျောင်းသား၊ ကျောင်းသူ များကို ပြန်လည်ခေါ်ယူခဲ့ကြောင်း ရွှေတောင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး တင်မျိုးဝင်းက ပြောသည်။

 ‘‘ကောလာဟလဆိုတာကို လည်း မီးသတ်ကားလော်စပီကာ နဲ့ မြို့တွင်းလှည့်လည်ကြေညာ ပေးခဲ့ပါတယ်’’ဟု ၎င်းက ဆိုသည်။ ထမင်းစားကျောင်းဆင်းချိန် နီး၍ ကျောင်းသားများကို မိဘများ ထံ ပြန်ထည့်ပေးပြီး နေ့လယ် ကျောင်းတက်ချိန်တွင် အေးဆေး စွာ ပြန်လည် ကျောင်းတက်နေ ကြောင်း ဒုရဲမှူးတင်မျိုးဝင်းက ပြောသည်။

သို့သော် လူမျိုးခြားများလာ ရောက်နှောင့်ယှက်သည်ဟူသော အဆိုပါ ကောလာဟလကို သ တင်းအမှားဖြစ်ကြောင်း အဖြစ်မှန်ကို ပြန်လည်ရှင်းပြသည့် ပို့စ်များ ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြသူ များလည်းရှိသည်။

‘‘ရွှေတောင်မြို့က ကျဉ်း တော့ ပိုဆိုးတယ်။ သက်ဆိုင်ရာ ပို့စ်တင်သူက အစ မျှဝေသူတွေက ပါ သတင်းအမှန်ကို အချိန်မီ ပြန် လည်တင်ပေးဖို့ လိုအပ်သလို အာ ဏာပိုင်တွေအနေနဲ့လည်း ပွင့် လင်းမြင်သာစွာ ပြည်သူတွေ အသိစိတ်ထဲအထိ ရောက်ရှိအောင် ဖြေရှင်းပြောဆိုပေးဖို့ လိုပါတယ်’’ဟု ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား ကြီးကျောင်းတိုက် ဆရာတော် ဦးဝဏ္ဏသီရိက မိန့်ကြားသည်။

ပြည်သူများ၏စိုးရိမ်ကြောင့် ကြမှုများကို အခွင့်ကောင်းယူ၍ သွေးထိုး လှုံ့ဆော်မည့်သူများကို အချိန်မီဟန့်တားနိုင်ရေး တရား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စက်တင်ဘာ ၆ ရက်တွင် ညွှန်ကြားထားသည်။

ယုံကြည်မှုအစွန်းရောက်သူ များက ဆူပူမှုဖြစ်ရန် ပြုလုပ်နိုင် သည့်အန္တရာယ်ရှိနေချိန်တွင် လုံ ခြုံရေးအဖွဲ့အစည်းများက ဥပဒေ နှင့်အညီ ထိရောက်စွာ ဟန့်တား ပေးရန် လိုအပ်ကြောင်း နိုင်ငံ တော်သမ္မတက ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သည် ARSA အစွန်းရောက် အ ကြမ်းဖက်သမားများ၏ အကြမ်း ဖက်တိုက်ခိုက်မှုသတင်းနှင့် မလို လားအပ်သော ပဋိပက္ခများမဖြစ် ပေါ်စေရေးဆိုင်ရာ သတင်းထုတ် ပြန်ချက်ကို စက်တင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခြင်းကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိရှိကာ မလိုလားအပ်သည်များ ဖြစ်လာ မည်ကို ကာကွယ်နိုင်မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတက တစ်ဖက်တွင်လည်း ပြည်သူများအကြား စိုးရိမ်ပူပန်မှု များ မဖြစ်စေရန် နိုင်ငံတော်ရှိ ထိပ်ပိုင်းပုဂ္ဂိုလ်များက လုံခြုံရေး အခြေအနေများ အားလုံးဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်သည်များကို ပြည်သူများအား အသိပေးရန် လိုအပ်ကြောင်း ညွှန်ကြားသည်။

 သတင်းထုတ်ပြန်မှု၏ နောက်ဆုံးအချက်တွင် နိုင်ငံတော် တည်ငြိမ်ရေးအတွက် လုံခြုံရေး သတိရှိရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့သည် အဓိကအကျဆုံး လုပ်ငန်းများဖြစ်၍ ပြည်သူများ အားလုံးက တရားဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရအား ကူညီပံ့ပိုးပေးရန် အသိပေးတိုက် တွန်းထားသည်။

အစိုးရက ယင်းကဲ့သို့ ထုတ် ပြန်သည့်နေ့တွင် ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတစ်ဆင့် ‘ဂျီဟတ်ကို ရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထား လဲ’ ခေါင်းစဉ်ဖြင့် စာရှည်တစ် စောင်ကို ပြည်သူအချင်းချင်း ပြန်မျှဝေပေးရန် ဖြန့်ချိသည့်စာများ ပေါ်ထွက်ခဲ့သည်။

မည်သူ့ထံမှ စတင်ဖြန့်ချိ သည်ကို မသိရှိသော်လည်း နိုင်ငံ အတွင်းရှိ ဗုဒ္ဓဘာသာနှင့် မွတ်စ လင်ဘာသာဝင်များအကြား အဓိ ကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် စက်တင်ဘာ ၆ ရက်ညနေ တွင် ဖြန့်ဝေခဲ့ကြောင်း လေ့လာသူများ သုံးသပ်ထားပြီး ပြည်သူများက နားမယောင်ဘဲ သတိပြု ကြရန် ၎င်းတို့က အကြံပြုသည်။

More in News Section

Top News