အိန္ဒိယက ပဲဝယ်ရန် မသေချာတော့ကြောင်း သတင်းထွက်လာပြီးနောက် ပဲစင်းငုံနှင့်မတ်ပဲ ဈေးကျ

အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ ရောင်းချခွင့်ရရှိရန် မလွယ်ကူ ကြောင်း သတင်းများထွက်ပေါ် လာပြီးနောက် ပြည်တွင်းဈေး ကွက်၌ တစ်ရက်အတွင်းမတ် ပဲနှင့်ပဲစင်းငုံတစ်တန်လျှင် ကျပ် တစ်သောင်းခန့်ဈေးနှုန်းကျဆင်း ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေး မှူးဦးမင်းကိုဦးက ပြောသည်။


စက်တင်ဘာ ၈ ရက်နံနက် ပိုင်း ဘုရင့်နောင်ကုန်စည်ဒိုင်စ တင်ဖွင့်ချိန်တွင် မတ်ပဲတစ်တန် လျှင် ကျပ်ငါးသိန်းငါးသောင်းနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ်လေး သိန်း နှစ်သောင်းငါးထောင်ဈေး ဖွင့်သော်လည်း မွန်းလွဲပိုင်း ကုန် စည်ဒိုင်ပိတ်ချိန်၌ မတ်ပဲတစ်တန် လျှင်ကျပ်ငါးသိန်းလေးသောင်း နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် လေးသိန်းတစ်သောင်းငါးထောင် သို့ ကျဆင်းခဲ့ကြောင်း ၎င်းကဆို သည်။

‘‘အိန္ဒိယဘက်က အချိန်ပေး ရမယ်ဆိုတဲ့ သတင်းထွက်လာ တော့ ဈေးကကျလာတယ်’’ ဟု ဦးမင်းကိုဦးက ရှင်းပြသည်။

သို့သော် ဈေးကွက်ကို ကျား ကန်ပေးထားသည့် အစိုးရနှင့် ပုဂ္ဂ လိကရန်ပုံငွေကျပ် ၁၀၀ ဘီလီယံ ထည့်ဝင်၍ ဈေးနှုန်းသတ်မှတ်ဝယ် ယူမှုကြောင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသိန်းအောက်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်လေးသိန်း အောက်မကျနိုင်ကြောင်း ဘုရင့် နောင်ကုန်စည်ဒိုင်မှပဲကုန်သည် တစ်ဦးက ခန့်မှန်းပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်သည့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်၏ ခရီးစဉ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချ နိုင်ရန် မလွယ်ကူတော့၍ဆက် လက်ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးပြည်ထောင်စုဝန်ကြီးဒေါက် တာသန်းမြင့်က စက်တင်ဘာ ၇ ရက်တွင် မီဒီယာများအား ပြော သည်။

အိန္ဒိယနိုင်ငံ၌လည်း မြန်မာ နိုင်ငံမှ ပဲများဝယ်ယူပေးရန် အ ခက်အခဲရှိခြင်းကြောင့် အသစ် ထွက်ရှိလာသည့်ပဲများကို တောင် သူလယ်သမားများထံမှ အစိုးရက ၀ယ်ယူပေးရမည့်အခြေအနေ ဖြစ်နေကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောကြားသည်။

အိန္ဒိယအစိုးရသည် ဩဂုတ် ၅ ရက်ကစတင်ကာ နိုင်ငံအတွင်း သို့ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု တန်ချိန်ကန့်သတ်ချက်များ ထုတ် ပြန်ခဲ့သည်။ ထိုသို့ကန့်သတ်မှု ကြောင့် အိန္ဒိယနိုင်ငံသို့ပဲအဓိက တင်ပို့နေသော မြန်မာနိုင်ငံအ တွက် အကျိုးသက်ရောက်မှုအ ဖြစ် ပဲအရောင်းအ၀ယ်လျော့နည်း ပြီး ဈေးနှုန်းကျဆင်းခဲ့သည်။

အိန္ဒိယအစိုးရ၏ ပဲမျိုးစုံကုန် သွယ်မှုအပေါ် ကန့်သတ်ချက်များ ထုတ်ပြန်မှုကို စိုးရိမ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အ ကျိုးစီးပွားနှင့် ချစ်ခင်ရင်းနှီးသည့် နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှု၍ မြန်မာနိုင်ငံက တင်သွင်းကုန်များ အပေါ် ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန်  အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။