ပုစွန်ထောပတ် ကြက်သွန်ဖြူကင်

ဒီတစ်ခါတော့ အိမ်သားတွေကို ပုစွန်တုပ်ကင် လုပ်ကျွေးရအောင်လို့ ဖော်ပြလိုက်ပါတယ်။

n ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ပုစွန်တုပ်များကို အောက်လက်များညှပ်၍ ရေစင်အောင်ဆေးပါ။

၂။ ပြီးနောက် အမြီးပိုင်းမှစ၍ ကတ်ကြေးဖြင့် ထက်ခြမ်းခွဲညှပ်ကာ ခေါင်းပိုင်းမှ အမည်း ရောင် အိတ်လေးကို ထုတ်ပေးပါ။

၃။ ကြက်သွန်ဖြူနှင့် နံနံပင်ကို နုပ်နုပ်စဉ်း၍ ထောက်ပတ်၊ ဆားအနည်းငယ်ဖြင့် နှံ့အောင် ရောမွှေထားပါ။

၎။ ထိုအနှစ်များကို ပုစွန်တုပ်ခြမ်းများပေါ်သို့ အနှံ့သုတ်လိမ်းပေးပါ။

၅။ ထို့နောက် မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ကင်ပေးပါ။

၆။ ပုစွန်ခေါင်းတွင်းမှ အဆီများခဲလာလျှင် မီးပိတ်၍သံပရာရည် အနည်းငယ်စီညှစ်ကာ မိမိနှစ်သက်ရာဆော့စ်၊ အာလူးချောင်းကြော် တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

n ပါဝင်ပစ္စည်းများ

ပုစွန်တုပ် (ကြီး)ငါးကောင်

ထောပတ် (သို့) မာဂျရင်း စာပွဲတင်ဇွန်းတစ်ဇွန်းခွဲ

ကြက်သွန်ဖြူ၁၀ မြွှာ

နံနံပင်အနည်းငယ်

သံပရာသီး တစ်လုံး

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

Top News